A d v e r t i s e m e n t With Us

ဂျူပင်တပ်စ်တွင် ပထမဆုံးပွဲထွက်ခွင့်ရခဲ့သည့် ရမ်ဆေး ဂိုးသွင်းယူ

အာဆင်နယ်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ဂျူဗင်တပ်စ်အသင်းမှာ ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရရှိခဲ့တဲ့ အာရွန်ရမ်ဆေးဟာ စီရီးအေ ပထမဆုံးသွင်း ဂိုး ၁ ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။  ဗီရိုနာအသင်းနဲ့ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ ရမ်ဆေးက ချေပဂိုးအဖြစ် ၃၁ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက ဒုတိယပိုင်း ၄၉ မိနစ်မှာ ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။  ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ အပတ်က ဖီအိုရင်တီးနားအသင်းကို မထင်မှတ်ပဲ သရေကျခဲ့လို့ အမှတ်ပေးဇယား‌မှာ ဦးဆောင်ခွင့် လွဲချော်ခဲ့ရပြီး အခုတပတ် မီလန်ဒါဘီ‌ တွေ့ဆုံနေချိန်မှာ အခွင့်ကောင်းယူဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။  တဖက်မီလန်ဒါဘီမှာ အင်တာမီလန်အသင်းကပဲ အနိုင်ရရှိသွားတာကြောင့် အမှတ်ပေးဇယားမှာ ဂျူဗင်တပ်စ်အသင်းကို  ၂ မှတ်ဖြတ် ‌ဦးဆောင်ထားပါတယ်။ ==================== ဂ်ဴပင္တပ္စ္တြင္ ပထမဆုံးပြဲထြက္ခြင့္ရခဲ့သည့္ ရမ္ေဆး ဂိုးသြင္းယူ DVB အာဆင္နယ္အသင္းကေန ထြက္ခြာခဲ့ၿပီးေနာက္ပိုင္း ဂ်ဴဗင္တပ္စ္အသင္းမွာ ပထမဆုံးအႀကိမ္ ပြဲထြက္ကစားခြင့္ရရွိခဲ့တဲ့ အာ႐ြန္ရမ္ေဆးဟာ စီရီးေအ ပထမဆုံးသြင္း ဂိုး ၁ ဂိုး ရယူေပးႏိုင္ခဲ့ပါတယ္။ ဗီ႐ိုနာအသင္းနဲ႔ကစားခဲ့တဲ့ အဲဒီပြဲစဥ္မွာ ရမ္ေဆးက ေခ်ပဂိုးအျဖစ္ ၃၁ မိနစ္မွာ သြင္းယူေပးခဲ့တာျဖစ္ၿပီး ေရာ္နယ္ဒိုက ဒုတိယပိုင္း ၄၉ မိနစ္မွာ ဒုတိယဂိုး သြင္းယူေပးခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ၿပီးခဲ့တဲ့ အပတ္က ဖီအိုရင္တီးနားအသင္းကို မထင္မွတ္ပဲ သေရက်ခဲ့လို႔ အမွတ္ေပးဇယား‌မွာ ဦးေဆာင္ခြင့္ လြဲေခ်ာ္ခဲ့ရၿပီး အခုတပတ္ မီလန္ဒါဘီ‌ ေတြ႕ဆုံေနခ်ိန္မွာ အခြင့္ေကာင္းယူဖို႔ ႀကိဳးပမ္းခဲ့ၾကတာျဖစ္ပါတယ္။ တဖက္မီလန္ဒါဘီမွာ အင္တာမီလန္အသင္းကပဲ အႏိုင္ရရွိသြားတာေၾကာင့္ အမွတ္ေပးဇယားမွာ ဂ်ဴဗင္တပ္စ္အသင္းကို  ၂ မွတ္ျဖတ္ ‌ဦးေဆာင္ထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up