ဂျာမနီတွင် သူနာပြုမလုံလောက်၊ နိုင်ငံခြားမှ ခေါ်ယူရန် စီစဉ်နေ

885
ဂျာမနီမှာ သက်ကြီးရွယ်အို အရေအတွက် များပြားလာနေတဲ့အတွက် ငယ်ရွယ်တဲ့ သူနာပြုတွေ လိုနေတယ်လို့ မက္ကဆီကို ရောက်ရှိနေတဲ့ ဂျာမန်ကျန်းမာရေးဝန်ကြီးက စက်တင်ဘာ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။
ဂျာမန် နိုင်ငံခြားရေးဝန်ကြီး ယန်ရှပန်းက ဂျာမနီမှာ သက်ကြီးရွယ်အို အရေအတွက် များနေပြီး အဲဒီအတွက် အရည်အသွေးပြည့်ဝတဲ့ ကျွမ်းကျင်သူနာပြုတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။ အဲဒီလိုအပ်တဲ့ အရေအတွက်က ဂျာမနီမှာ မလုံလောက်တာကြောင့် နိုင်ငံရပ်ခြားကနေ ခေါ်ယူဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။
ဒါကြောင့်မို့ ဂျာမနီဟာ ကိုဆိုဗို၊ ဖိလစ်ပိုင်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး မက္ကဆီကို နိုင်ငံနဲ့လည်း စတင်ပူးပေါင်းလိုတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
မက္ကဆီကိုမှာ လုပ်ငန်းကျွမ်းကျင်ပြီး အလုပ်ရှာနေတဲ့ သူနာပြုအများအပြားရှိနေပြီး ဂျာမနီအနေနဲ့ သူတို့ကို အခွင့်အလမ်းသစ်ရှာဖွေဖို့ အလုပ်အကိုင်တွေ ပေးလိုတယ်လို့ ဂျာမန်ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
အီးယူမှာ သက်ကြီးအရေအတွက် များပြားလာတာကြောင့် ဒေသရဲ့ ကျန်းမာရေး ဝန်ဆောင်မှုအပေါ် ဆိုးဆိုးရွားရွား ဖိအားဖြစ်စေပြီး နိုင်ငံရပ်ခြားကနေ ကျန်းမာရေးဝန်ထမ်းတွေ ခေါ်ယူနေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
================
ဂ်ာမနီတြင္ သူနာျပဳမလုံေလာက္၊ ႏိုင္ငံျခားမွ ေခၚယူရန္ စီစဥ္ေန
DVB
ဂ်ာမနီမွာ သက္ႀကီး႐ြယ္အို အေရအတြက္ မ်ားျပားလာေနတဲ့အတြက္ ငယ္႐ြယ္တဲ့ သူနာျပဳေတြ လိုေနတယ္လို႔ မကၠဆီကို ေရာက္ရွိေနတဲ့ ဂ်ာမန္က်န္းမာေရးဝန္ႀကီးက စက္တင္ဘာ ၂၀ ရက္မွာ ေျပာလိုက္ပါတယ္။
ဂ်ာမန္ ႏိုင္ငံျခားေရးဝန္ႀကီး ယန္ရွပန္းက ဂ်ာမနီမွာ သက္ႀကီး႐ြယ္အို အေရအတြက္ မ်ားေနၿပီး အဲဒီအတြက္ အရည္အေသြးျပည့္ဝတဲ့ ကြၽမ္းက်င္သူနာျပဳေတြ လိုအပ္ေနတယ္လို႔ ေျပာပါတယ္။ အဲဒီလိုအပ္တဲ့ အေရအတြက္က ဂ်ာမနီမွာ မလုံေလာက္တာေၾကာင့္ ႏိုင္ငံရပ္ျခားကေန ေခၚယူဖို႔ လိုအပ္တယ္လို႔ သူက ဆိုပါတယ္။
ဒါေၾကာင့္မို႔ ဂ်ာမနီဟာ ကိုဆိုဗို၊ ဖိလစ္ပိုင္တို႔နဲ႔ ပူးေပါင္းေဆာင္႐ြက္ေနၿပီး မကၠဆီကို ႏိုင္ငံနဲ႔လည္း စတင္ပူးေပါင္းလိုတယ္လို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။
မကၠဆီကိုမွာ လုပ္ငန္းကြၽမ္းက်င္ၿပီး အလုပ္ရွာေနတဲ့ သူနာျပဳအမ်ားအျပားရွိေနၿပီး ဂ်ာမနီအေနနဲ႔ သူတို႔ကို အခြင့္အလမ္းသစ္ရွာေဖြဖို႔ အလုပ္အကိုင္ေတြ ေပးလိုတယ္လို႔ ဂ်ာမန္က်န္းမာေရးဝန္ႀကီးက ေျပာပါတယ္။
အီးယူမွာ သက္ႀကီးအေရအတြက္ မ်ားျပားလာတာေၾကာင့္ ေဒသရဲ႕ က်န္းမာေရး ဝန္ေဆာင္မႈအေပၚ ဆိုးဆိုး႐ြား႐ြား ဖိအားျဖစ္ေစၿပီး ႏိုင္ငံရပ္ျခားကေန က်န္းမာေရးဝန္ထမ္းေတြ ေခၚယူေနရတယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။