ဟောင်ကောင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲ

ဟောင်ကောင် New Territories ဒေသမှာ စက်တင်ဘာ ၂၁ ရက်က လူထောင်ချီ စုဝေးဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲခဲ့ပါတယ်။
မူလက ပန်းခြံတခုကနေ ဒေသအစိုးရရုံးရှိရာ ချီတက်ဖို့ စီစဉ်ထားပေမယ့်လည်း အဓိကရုဏ်း နှိမ်နှင်းရေး ရဲတွေက လမ်းတဝက်မှာ ကြားဖြတ်ဟန့်တားခဲ့ပါတယ်။
ဆန္ဒပြသူတချို့က အနီးဝန်းကျင် ဘူတာရုံတခုကို ဖျက်ဆီးခဲ့သလို ရဲတပ်ဖွဲ့က သူတို့ကို မျက်ရည်ယို ဓာတ်ငွေ့သုံး လက်တုံ့ပြန်ခဲ့ပြီး လိုက်လံဖမ်းဆီးခဲ့ပါတယ်။
အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေဟာ ဟောင်ကောင်အရေးမှာ တရုတ်အစိုးရ စွက်ဖက်မှုကို မကျေနပ်ကြပါဘူး။
တရုတ်ပြည်မကြီးထံ ပြန်လွှဲပြောင်းခဲ့တဲ့ ဟောင်ကောင်ကို တရုတ်အစိုးရက တနိုင်ငံ စနစ်နှစ်မျိုးနဲ့ အုပ်ချုပ်နေတာပါ။
အဲဒီစနစ်နဲ့ ဟောင်ကောင်သားတွေရတဲ့ လွတ်လပ်မှုမျိုးကို ပြည်မကြီးကလူတွေ မရကြပါဘူး။
တနေ့တည်းမှာပဲ တရုတ်ပြည်မကြီး ထောက်ခံသူတွေက အစိုးရဆန့်ကျင်ရေး ပိုစတာတွေကို ဆုတ်ဖြဲပစ်ခဲ့ပါတယ်။
သူတို့က နံရံတွေမှာ ကပ်ထားတဲ့ အစိုးရဆန့်ကျင်ရေး ပိုစတာနဲ့ အမေရိကန်အလံတွေကို ဖယ်ရှားခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
===================
ေဟာင္ေကာင္ ဆႏၵျပသူမ်ားကို ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဓာတ္ေငြ႕သုံး လူစုခြဲ
DVB
ေဟာင္ေကာင္ New Territories ေဒသမွာ စက္တင္ဘာ ၂၁ ရက္က လူေထာင္ခ်ီ စုေဝးဆႏၵျပခဲ့ၾကၿပီး ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဓာတ္ေငြ႕သုံး လူစုခြဲခဲ့ပါတယ္။
မူလက ပန္းၿခံတခုကေန ေဒသအစိုးရ႐ုံးရွိရာ ခ်ီတက္ဖို႔ စီစဥ္ထားေပမယ့္လည္း အဓိက႐ုဏ္း ႏွိမ္ႏွင္းေရး ရဲေတြက လမ္းတဝက္မွာ ၾကားျဖတ္ဟန႔္တားခဲ့ပါတယ္။
ဆႏၵျပသူတခ်ိဳ႕က အနီးဝန္းက်င္ ဘူတာ႐ုံတခုကို ဖ်က္ဆီးခဲ့သလို ရဲတပ္ဖြဲ႕က သူတို႔ကို မ်က္ရည္ယို ဓာတ္ေငြ႕သုံး လက္တုံ႔ျပန္ခဲ့ၿပီး လိုက္လံဖမ္းဆီးခဲ့ပါတယ္။
အစိုးရ ဆန႔္က်င္ ဆႏၵျပသူေတြဟာ ေဟာင္ေကာင္အေရးမွာ တ႐ုတ္အစိုးရ စြက္ဖက္မႈကို မေက်နပ္ၾကပါဘူး။
တ႐ုတ္ျပည္မႀကီးထံ ျပန္လႊဲေျပာင္းခဲ့တဲ့ ေဟာင္ေကာင္ကို တ႐ုတ္အစိုးရက တႏိုင္ငံ စနစ္ႏွစ္မ်ိဳးနဲ႔ အုပ္ခ်ဳပ္ေနတာပါ။
အဲဒီစနစ္နဲ႔ ေဟာင္ေကာင္သားေတြရတဲ့ လြတ္လပ္မႈမ်ိဳးကို ျပည္မႀကီးကလူေတြ မရၾကပါဘူး။
တေန႔တည္းမွာပဲ တ႐ုတ္ျပည္မႀကီး ေထာက္ခံသူေတြက အစိုးရဆန႔္က်င္ေရး ပိုစတာေတြကို ဆုတ္ၿဖဲပစ္ခဲ့ပါတယ္။
သူတို႔က နံရံေတြမွာ ကပ္ထားတဲ့ အစိုးရဆန႔္က်င္ေရး ပိုစတာနဲ႔ အေမရိကန္အလံေတြကို ဖယ္ရွားခဲ့ၾကတယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။