Home
မြန်မာသတင်း
နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးနေဟု  ဒုသမ္မတပြော
DVB
·
September 22, 2019
မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်းသစ်က တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနေတယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။ စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းက တရုတ်နိုင်ငံ နန်နင်းအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာ ကျင်းပတဲ့ ၁၆ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနဲ့ ၁၆ ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းမှာ ပြောခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်ဟာ ပိုလွတ်လပ်ပွင့်လင်းပြီး ရင်းနှီးမြှုပ်နှံသူအားလုံးနဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီး အကာအကွယ်ပေးသွားမယ်လို့ ဆိုပါတယ်။ ဒုတိယသမ္မတ ဦးမြင့်ဆွေက မိမိတို့ဒေသဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော် ကာလတလျှောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်တာကို မကြုံစဖူး ခံစားရရှိနေပြီး အာဆီယံနဲ့ အာရှဒေသတွင်းမှာ အခုလို အလျင်အမြန် ဖွံ့ဖြိုးတိုးတက်တာတွေကြောင့် အရင်က ဖြစ်နိုင်မယ်လို့ မစဉ်းစားခဲ့ဖူးတဲ့ ကုန်သွယ်မှု ဆက်ဆံရေး အစီအစဉ်သစ်တွေနဲ့ နည်းပညာ ဖန်တီးမှုအသစ်တွေကို ပေါ်ထွန်းစေခဲ့တဲ့အပြင် ပြည်သူတွေ၊ ကုန်စည်တွေ၊ ဝန်ဆောင်မှုတွေ၊ အရင်းအနှီးတွေနဲ့ အကြံဉာဏ်တွေ ကူးလူးသွားလာ ဆက်နွှယ်တာတွေကိုလည်း ဖြစ်ပေါ်စေခဲ့တယ်လို့ ပြောပါတယ်။ အခုလို အပြုသဘောဆောင်တဲ့ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းသွားဖို့လိုသလို ရည်မှန်းချက်ဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ်မှာ နှစ်ဖက်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁ ထရီလီယံ (သန်းထောင်ပေါင်း တသန်း)နဲ့ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၅၀ ပြည့်မီစေဖို့ ၂ ဆတိုး ကြိုးပမ်းရမယ်လို့လည်း ပြောပါတယ်။ ကမ္ဘာ့စီးပွားရေး ချိန်ခွင်လျှာဟာ ကမ္ဘာ့အရှေ့ပိုင်းဒေသတွေဆီကို ရွေ့လျားနေတဲ့ ကာလမှာ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ အရေးပါတဲ့နေရာမှာ ရှိနေပြီး သင့်တင့်မျှတတဲ့ လုပ်အားခနဲ့ သင်ယူတတ်မြောက်လွယ်တဲ့ လုပ်သားအင်အားစုအများကြီး ပိုင်ဆိုင်ထားတာကြောင့် ဒီအခွင့်အလမ်းကောင်းတွေကို အမိအရဆုပ်ကိုင်ဖို့ အကောင်းဆုံးအချိန် ဖြစ်တယ်လို့လည်း ဒုသမ္မတက ပြောပါတယ်။ ပြီးတော့ မြန်မာအနေနဲ့ တရုတ်နဲ့ နှစ်နိုင်ငံ၊ ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာအောက်မှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့လည်း မျှော်လင့်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကို တရုတ်နဲ့ အတူတူဆောင်ရွက်နေပြီး စီးပွားရေးအရ အကျိုးဖြစ်ထွန်းနေတယ်လို့လည်း ဆိုပါတယ်။ အခု တရုတ်-အာဆီယံကုန်စည်ပြပွဲမှာ နှစ်လိုဖွယ်ရာမြို့အဖြစ် မကွေးမြို့ကို ရွေးချယ်ပြီး မြန်မာအမျိုးသားပြခန်းဆောင်ကို ခင်းကျင်းပြသထားပါတယ်။ ပြီးတော့ မြန်မာကုန်စည်ပြခန်းဆောင်မှာ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းတွေ၊ သစ်တောထွက်ကုန်ပစ္စည်းတွေ၊ ကျောက်မျက်ရတနာပစ္စည်းတွေနဲ့ စားသောက်ကုန်ပစ္စည်းတွေကို ပြသထားသလို မြန်မာ့ပို့ကုန် မြှင့်တင်ရေးဆွေးနွေးပွဲကိုလည်း ကျင်းပမှာ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~ Zawgyi_version ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ အခြင့္အလမ္းသစ္မ်ား ဖန္တီးေပးေနဟု  ဒုသမၼတေျပာ ျမန္မာႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈ အခင္းအက်င္းသစ္က တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္ေတြ အပါအဝင္ ေဒသတြင္းနဲ႔ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံသူေတြအတြက္ အခြင့္အလမ္းသစ္ေတြ ဖန္တီးေပးေနတယ္လို႔ ဒုသမၼတ ဦးျမင့္ေဆြက ေျပာပါတယ္။ စက္တင္ဘာ ၂၁ ရက္ မနက္ပိုင္းက တ႐ုတ္ႏိုင္ငံ နန္နင္းအျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းဗဟိုဌာနမွာ က်င္းပတဲ့ ၁၆ ႀကိမ္ေျမာက္ တ႐ုတ္-အာဆီယံကုန္စည္ျပပြဲနဲ႔ ၁၆ ႀကိမ္ေျမာက္ တ႐ုတ္-အာဆီယံ စီးပြားေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ ထိပ္သီးအစည္းအေဝး ဖြင့္ပြဲအခမ္းအနား မိန႔္ခြန္းမွာ ေျပာခဲ့တာပါ။ ျမန္မာႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒအသစ္ဟာ ပိုလြတ္လပ္ပြင့္လင္းၿပီး ရင္းႏွီးျမႇဳပ္ႏွံသူအားလုံးနဲ႔ သူတို႔ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ပိုၿပီး အကာအကြယ္ေပးသြားမယ္လို႔ ဆိုပါတယ္။ ဒုတိယသမၼတ ဦးျမင့္ေဆြက မိမိတို႔ေဒသဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၄၀ ေက်ာ္ ကာလတေလွ်ာက္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္တာကို မႀကဳံစဖူး ခံစားရရွိေနၿပီး အာဆီယံနဲ႔ အာရွေဒသတြင္းမွာ အခုလို အလ်င္အျမန္ ဖြံ႕ၿဖိဳးတိုးတက္တာေတြေၾကာင့္ အရင္က ျဖစ္ႏိုင္မယ္လို႔ မစဥ္းစားခဲ့ဖူးတဲ့ ကုန္သြယ္မႈ ဆက္ဆံေရး အစီအစဥ္သစ္ေတြနဲ႔ နည္းပညာ ဖန္တီးမႈအသစ္ေတြကို ေပၚထြန္းေစခဲ့တဲ့အျပင္ ျပည္သူေတြ၊ ကုန္စည္ေတြ၊ ဝန္ေဆာင္မႈေတြ၊ အရင္းအႏွီးေတြနဲ႔ အႀကံဉာဏ္ေတြ ကူးလူးသြားလာ ဆက္ႏႊယ္တာေတြကိုလည္း ျဖစ္ေပၚေစခဲ့တယ္လို႔ ေျပာပါတယ္။ အခုလို အျပဳသေဘာေဆာင္တဲ့ အရွိန္အဟုန္ကို ဆက္လက္ထိန္းသိမ္းသြားဖို႔လိုသလို ရည္မွန္းခ်က္ျဖစ္တဲ့ ၂၀၂၀ ျပည့္ႏွစ္မွာ ႏွစ္ဖက္ကုန္သြယ္မႈ အေမရိကန္ေဒၚလာ ၁ ထရီလီယံ (သန္းေထာင္ေပါင္း တသန္း)နဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ဘီလီယံ ၁၅၀ ျပည့္မီေစဖို႔ ၂ ဆတိုး ႀကိဳးပမ္းရမယ္လို႔လည္း ေျပာပါတယ္။ ကမာၻ႔စီးပြားေရး ခ်ိန္ခြင္လွ်ာဟာ ကမာၻ႔အေရွ႕ပိုင္းေဒသေတြဆီကို ေ႐ြ႕လ်ားေနတဲ့ ကာလမွာ ျမန္မာႏိုင္ငံဟာ ပထဝီအေနအထားအရ အေရးပါတဲ့ေနရာမွာ ရွိေနၿပီး သင့္တင့္မွ်တတဲ့ လုပ္အားခနဲ႔ သင္ယူတတ္ေျမာက္လြယ္တဲ့ လုပ္သားအင္အားစုအမ်ားႀကီး ပိုင္ဆိုင္ထားတာေၾကာင့္ ဒီအခြင့္အလမ္းေကာင္းေတြကို အမိအရဆုပ္ကိုင္ဖို႔ အေကာင္းဆုံးအခ်ိန္ ျဖစ္တယ္လို႔လည္း ဒုသမၼတက ေျပာပါတယ္။ ၿပီးေတာ့ ျမန္မာအေနနဲ႔ တ႐ုတ္နဲ႔ ႏွစ္ႏိုင္ငံ၊ ေဒသတြင္းနဲ႔ ႏိုင္ငံတကာမ်က္ႏွာစာေအာက္မွာ ဆက္လက္ပူးေပါင္းေဆာင္႐ြက္သြားဖို႔လည္း ေမွ်ာ္လင့္တယ္လို႔ ဆိုပါတယ္။ ျမန္မာႏိုင္ငံဟာ ျမန္မာ-တ႐ုတ္ စီးပြားေရးစႀကႍ၊ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ နယ္စပ္စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈဇုန္၊ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းနဲ႔ အထူးစီးပြားေရးဇုန္၊ မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္ေရး အစီအစဥ္ေတြကို တ႐ုတ္နဲ႔ အတူတူေဆာင္႐ြက္ေနၿပီး စီးပြားေရးအရ အက်ိဳးျဖစ္ထြန္းေနတယ္လို႔လည္း ဆိုပါတယ္။ အခု တ႐ုတ္-အာဆီယံကုန္စည္ျပပြဲမွာ ႏွစ္လိုဖြယ္ရာၿမိဳ႕အျဖစ္ မေကြးၿမိဳ႕ကို ေ႐ြးခ်ယ္ၿပီး ျမန္မာအမ်ိဳးသားျပခန္းေဆာင္ကို ခင္းက်င္းျပသထားပါတယ္။ ၿပီးေတာ့ ျမန္မာကုန္စည္ျပခန္းေဆာင္မွာ ျမန္မာ့လယ္ယာထြက္ကုန္ပစၥည္းေတြ၊ သစ္ေတာထြက္ကုန္ပစၥည္းေတြ၊ ေက်ာက္မ်က္ရတနာပစၥည္းေတြနဲ႔ စားေသာက္ကုန္ပစၥည္းေတြကို ျပသထားသလို ျမန္မာ့ပို႔ကုန္ ျမႇင့္တင္ေရးေဆြးေႏြးပြဲကိုလည္း က်င္းပမွာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024