မက္ကဆီကိုတွင် မီးတောင်ပေါက်ကွဲ၊ ပေ ၃၉၀၀ ကျော်အမြင့်ထိ ပြာများမှုတ်ထုတ် (ရုပ်သံ)

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းက  ကြီးမားတဲ့ ပိုပါကတ်တီပဲလ်တဲလ်မီးတောင်ဟာ စက်တင်ဘာ ၂၁ ရက် အစောပိုင်းမှာ ပေါက်ကွဲခဲ့တာကြောင့်  ချော်ရည်တွေနဲ့ မီးခိုးပြာတွေ လွင့်စင် ထွက်လာခဲ့ပါတယ်။  ဒေသစံတော်ချိန် မနက် ၅ နာရီကျော်လောက်မှာ မီးတောင်ပေါက်ဝကနေ အမြင့်ပေ ၃၉၀၀ ကျော်အထိ ပြာတွေမှုတ်ထုတ်နေတဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။  ပိုပါကတ်တီပဲလ်တဲလ် မီးတောင်ဟာ အမြင့်ပေ ၁၇၈၀၀ ကျော်မြင့်ပြီး မက္ကဆီကိုရဲ့ ဒုတိယအမြင့်ဆုံး မီးတောင်ပါ။ ဒါ့အပြင် မြောက်အမေရိကဒေသမှာ ပဉ္စမမြောက် အမြင့်ဆုံး မီးတောင်လည်း ဖြစ်ပါတယ်။ =========================== မကၠဆီကိုတြင္ မီးေတာင္ေပါက္ကြဲ၊ ေပ ၃၉၀၀ ေက်ာ္အျမင့္ထိ ျပာမ်ားမႈတ္ထုတ္ (႐ုပ္သံ) DVB မကၠဆီကိုႏိုင္ငံ အလယ္ပိုင္းက  ႀကီးမားတဲ့ ပိုပါကတ္တီပဲလ္တဲလ္မီးေတာင္ဟာ စက္တင္ဘာ ၂၁ ရက္ အေစာပိုင္းမွာ ေပါက္ကြဲခဲ့တာေၾကာင့္  ေခ်ာ္ရည္ေတြနဲ႔ မီးခိုးျပာေတြ လြင့္စင္ ထြက္လာခဲ့ပါတယ္။ ေဒသစံေတာ္ခ်ိန္ မနက္ ၅ နာရီေက်ာ္ေလာက္မွာ မီးေတာင္ေပါက္ဝကေန အျမင့္ေပ ၃၉၀၀ ေက်ာ္အထိ ျပာေတြမႈတ္ထုတ္ေနတဲ့ မွတ္တမ္း႐ုပ္သံဖိုင္ကို ႐ိုက္တာသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ ပိုပါကတ္တီပဲလ္တဲလ္ မီးေတာင္ဟာ အျမင့္ေပ ၁၇၈၀၀ ေက်ာ္ျမင့္ၿပီး မကၠဆီကိုရဲ႕ ဒုတိယအျမင့္ဆုံး မီးေတာင္ပါ။ ဒါ့အျပင္ ေျမာက္အေမရိကေဒသမွာ ပၪၥမေျမာက္ အျမင့္ဆုံး မီးေတာင္လည္း ျဖစ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up