တန်းတက် ဂရန်နာဒါအသင်း ချန်ပီယံဘာစီလိုနာကို ၂ ဂိုးပြတ်နိုင် (ရုပ်သံဟိုက်လိုက်)

1.4K
မနေ့ညက ကစားတဲ့ စပိန်လာလီဂါပွဲစဉ်မှာ တန်းတက် ဂရန်နာဒါအသင်းက အိမ်ကွင်းမှာ လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းကို ၂ ဂိုး ပြတ်နဲ့ အနိုင်ရရှိသွားပါတယ်။
ပွဲစစချင်း ၂ မိနစ်မှာ အိမ်ရှင် ဂရန်နာဒါအသင်းဟာ အဖွင့်ဂိုးရရှိခဲ့ပါတယ်။ ပွဲစဉ်တလျှောက် ဘာစီလိုနာအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်း နဲ့ တဖက်သတ်ဖိကစားနိုင်ပေမဲ့ ဂိုးပေါက်ကန်သွင်းခွင့်မရ ဖြစ်ခဲ့ရတာပါ။
ဒုတိယပိုင်း ၆၆ မိနစ်မှာ ဘာစီလိုနာ ကွင်းလယ်လူ ဘီးဒယ် ရဲ့ လက်ထိဘောကြောင့် အိမ်ရှင် အသင်းဟာ ဒုတိယဂိုးကို ထပ်မံရရှိခဲ့ပါတယ်။
ချယ်ပီယံ ဘာစီလိုနာဟာ ပွဲစဉ်အားလုံးမှာ အဝေးကွင်း ၇ ပွဲ ဆက်တိုက်နိုင်ပွဲ မရဖြစ်နေတာပါ။ လာလီဂါမှာ ၅ ပွဲ ကစားထားပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။
ဒီရာသီမှာ တန်းပြန်တက်လာတဲ့ အိမ်ရှင် ဂရန်နာဒါအသင်းဟာ ၅ ပွဲ ကစားပြီးချိန်မှာ လာလီဂါ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာရပ်တည်နေတာပါ။
=====================
တန္းတက္ ဂရန္နာဒါအသင္း ခ်န္ပီယံဘာစီလိုနာကို ၂ ဂိုးျပတ္ႏိုင္ (႐ုပ္သံဟိုက္လိုက္)
DVB
မေန႔ညက ကစားတဲ့ စပိန္လာလီဂါပြဲစဥ္မွာ တန္းတက္ ဂရန္နာဒါအသင္းက အိမ္ကြင္းမွာ လက္ရွိခ်န္ပီယံ ဘာစီလိုနာအသင္းကို ၂ ဂိုး ျပတ္နဲ႔ အႏိုင္ရရွိသြားပါတယ္။
ပြဲစစခ်င္း ၂ မိနစ္မွာ အိမ္ရွင္ ဂရန္နာဒါအသင္းဟာ အဖြင့္ဂိုးရရွိခဲ့ပါတယ္။ ပြဲစဥ္တေလွ်ာက္ ဘာစီလိုနာအသင္းဟာ ေဘာလုံးပိုင္ဆိုင္မႈ ၇၄ ရာခိုင္ႏႈန္း နဲ႔ တဖက္သတ္ဖိကစားႏိုင္ေပမဲ့ ဂိုးေပါက္ကန္သြင္းခြင့္မရ ျဖစ္ခဲ့ရတာပါ။
ဒုတိယပိုင္း ၆၆ မိနစ္မွာ ဘာစီလိုနာ ကြင္းလယ္လူ ဘီးဒယ္ ရဲ႕ လက္ထိေဘာေၾကာင့္ အိမ္ရွင္ အသင္းဟာ ဒုတိယဂိုးကို ထပ္မံရရွိခဲ့ပါတယ္။
ခ်ယ္ပီယံ ဘာစီလိုနာဟာ ပြဲစဥ္အားလုံးမွာ အေဝးကြင္း ၇ ပြဲ ဆက္တိုက္ႏိုင္ပြဲ မရျဖစ္ေနတာပါ။ လာလီဂါမွာ ၅ ပြဲ ကစားထားၿပီး အဆင့္ ၇ ေနရာမွာ ရပ္တည္ေနပါတယ္။
ဒီရာသီမွာ တန္းျပန္တက္လာတဲ့ အိမ္ရွင္ ဂရန္နာဒါအသင္းဟာ ၅ ပြဲ ကစားၿပီးခ်ိန္မွာ လာလီဂါ အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာရပ္တည္ေနတာပါ။