အာတီတာကို မန်စီးတီး၏ အနာဂတ်နည်းပြအဖြစ် မြင်တွေ့လိုဟု ဂွါဒီယိုလာ ပြော

မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြ ဂွါဒီယိုလာက အနာဂတ်အတွက် အသင်းရဲ့ နည်းပြအဖြစ် အာတီတာကို မြင်တွေ့လိုတယ်လို့ ပြောကြားလိုက်ပါတယ်။ ဂွါဒီယိုလာဟာ အာတီတာရဲ့ နည်းပြပိုင်းဆိုင်ရာ စွမ်းရည်တွေကို သဘောကျသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက လက်ထောက်နည်းပြရာထူးကို တိုးမြှင့်ပေးခဲ့ပါတယ်။ အာတီတာဟာ ထူးချွန်တဲ့ နည်းပြတဦးဖြစ်သလို ကစားသမားတိုင်းကိုလည်း သေချာကိုင်တွယ်နိုင်တဲ့ စီမံခန့်ခွဲမှုကောင်းတဲ့ နည်းပြဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မယ့်သူ ဖြစ်တယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။ အာတီတာဟာ အဲဗာတန်နဲ့ အာဆင်နယ်တို့မှာ ကစားခဲ့ပြီး မကြာသေးတဲ့ နှစ်ပိုင်းလောက်ကမှ နည်းပြအဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အာစင်ဝင်းဂါး အနားယူချိန်မှာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်တာကြောင့် မန်စီးတီးအသင်းမှာပဲ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version အာတီတာကို မန္စီးတီး၏ အနာဂတ္နည္းျပအျဖစ္ ျမင္ေတြ႕လိုဟု ဂြါဒီယိုလာ ေျပာ မန္ခ်က္စတာစီးတီးအသင္းရဲ႕ နည္းျပ ဂြါဒီယိုလာက အနာဂတ္အတြက္ အသင္းရဲ႕ နည္းျပအျဖစ္ အာတီတာကို ျမင္ေတြ႕လိုတယ္လို႔ ေျပာၾကားလိုက္ပါတယ္။ ဂြါဒီယိုလာဟာ အာတီတာရဲ႕ နည္းျပပိုင္းဆိုင္ရာ စြမ္းရည္ေတြကို သေဘာက်သူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက လက္ေထာက္နည္းျပရာထူးကို တိုးျမႇင့္ေပးခဲ့ပါတယ္။ အာတီတာဟာ ထူးခြၽန္တဲ့ နည္းျပတဦးျဖစ္သလို ကစားသမားတိုင္းကိုလည္း ေသခ်ာကိုင္တြယ္ႏ္ုင္တဲ့ စီမံခန႔္ခြဲမႈေကာင္းတဲ့ နည္းျပျဖစ္ၿပီး ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေအာင္ျမင္မယ့္သူ ျဖစ္တယ္လို႔ ဂြါဒီယိုလာက ဆိုပါတယ္။ အာတီတာဟာ အဲဗာတန္နဲ႔ အာဆင္နယ္တို႔မွာ ကစားခဲ့ၿပီး မၾကာေသးတဲ့ ႏွစ္ပိုင္းေလာက္ကမွ နည္းျပအျဖစ္ ေျပာင္းလဲလုပ္ကိုင္ခဲ့တာ ျဖစ္ပါတယ္။ သူ႔ကို အာစင္ဝင္းဂါး အနားယူခ်ိန္မွာ အာဆင္နယ္အသင္းက ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ မေအာင္ျမင္တာေၾကာင့္ မန္စီးတီးအသင္းမွာပဲ ဆက္လက္လုပ္ကိုင္ခဲ့ပါတယ္။

More News
Up