ဧရာဝတီမြစ်အတွင်း တွန်းသင်္ဘောပေါ် မီးလောင်မှု ဖြစ်ပွား
DVB
·
September 22, 2019
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ဧရာဝတီမြစ်အတွင်းရှိ စက်ကွင်း ဂုန်လျှော်ဆိပ်ကမ်းရှိ တွန်းသင်္ဘောပေါ်မှာ မနေ့ညနေ ၅ နာရီက မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မီးလောင်မှု ဖြစ်ပွားရာနေကို မြန်အောင်မြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၉ တို့နဲ့ သွားရောက်ပြီး အပေါ့စားမီးသတ်စက်နဲ့ မီးငြှိမ်းသတ်ခဲ့လို့ ည ၆ နာရီ မိနစ် ၄၀ မှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။
~~~~~~~~~~~~
Zawgyi_version