လက်စတာအသင်းက စပါးကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ (ရုပ်သံဟိုက်လိုက်)

964
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီးယားလိဂ် ၆ ပွဲ မြောက်ပွဲစဉ်မှာ လက်စတာအသင်းဟာ အိမ်ကွင်းမှာ စပါးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး ၃ မှတ် ရယူလိုက်ပါတယ်။
ဒီပွဲမှာ ဧည့်သည် စပါးအသင်းက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ်အသာစီးယူ ကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းခွင့်မှာတော့ လက်စတာအသင်းက အခွင့်အရေး ပိုမိုရရှိခဲ့ပါတယ်။
ပွဲကစားချိန် ၂၉ မိနစ်မှာတော့ စပါးအသင်းက ဟယ်ရီကိန်းရဲ့ သွင်းဂိုးနဲ့ ပထမပိုင်းကို ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်း ၆၉ မိနစ်မှာ လက်စတာအသင်းအတွက် ချေပဂိုးကို ရီကာဒိုက သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီး ၈၅ မိနစ်မှာတော့ လက်စတာအသင်းအတွက် အနိုင်ဂိုးကို မက်ဒီဆန်က သွင်းယူပေးခဲ့လို့ အိမ်ကွင်းမှာ ၃ မှတ် ရယူလိုက်တာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ လက်စတာအသင်းက ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၃ အထိ တက်လှမ်းသွားနိုင်ခဲ့ပြီး စပါးအသင်းကတော့ ရမှတ် ၈ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ် တခြားပွဲစဉ်တခုမှတော့ မန်စီးတီးအသင်းက ဝက်ဖို့ဒ်ကို ၈ ဂိုးပြတ် အနိုင်ရရှိသွားပါတယ်။
~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
လက္စတာအသင္းက စပါးကို ၂ ဂိုး ၁ ဂိုးျဖင့္ အႏိုင္ရရွိ (႐ုပ္သံဟိုက္လိုက္)
မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီမီးယားလိဂ္ ၆ ပြဲ ေျမာက္ပြဲစဥ္မွာ လက္စတာအသင္းဟာ အိမ္ကြင္းမွာ စပါးအသင္းကို ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရရွိၿပီး ၃ မွတ္ ရယူလိုက္ပါတယ္။
ဒီပြဲမွာ ဧည့္သည္ စပါးအသင္းက ေဘာလုံးပိုင္ဆိုင္မႈ အနည္းငယ္အသာစီးယူ ကစားႏိုင္ခဲ့ေပမယ့္ ဂိုးေပါက္ကန္သြင္းခြင့္မွာေတာ့ လက္စတာအသင္းက အခြင့္အေရး ပိုမိုရရွိခဲ့ပါတယ္။
ပြဲကစားခ်ိန္ ၂၉ မိနစ္မွာေတာ့ စပါးအသင္းက ဟယ္ရီကိန္းရဲ႕ သြင္းဂိုးနဲ႔ ပထမပိုင္းကို ဦးေဆာင္ခဲ့ပါတယ္။
ဒုတိယပိုင္း ၆၉ မိနစ္မွာ လက္စတာအသင္းအတြက္ ေခ်ပဂိုးကို ရီကာဒိုက သြင္းယူေပးခဲ့ပါတယ္။ ပြဲၿပီးခါနီး ၈၅ မိနစ္မွာေတာ့ လက္စတာအသင္းအတြက္ အႏိုင္ဂိုးကို မက္ဒီဆန္က သြင္းယူေပးခဲ့လို႔ အိမ္ကြင္းမွာ ၃ မွတ္ ရယူလိုက္တာပါ။
ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာေတာ့ လက္စတာအသင္းက ရမွတ္ ၁၁ မွတ္နဲ႔ အဆင့္ ၃ အထိ တက္လွမ္းသြားႏိုင္ခဲ့ၿပီး စပါးအသင္းကေတာ့ ရမွတ္ ၈ မွတ္နဲ႔ အဆင့္ ၅ မွာ ရပ္တည္ေနပါတယ္။
ပရီးမီးယားလိဂ္ တျခားပြဲစဥ္တခုမွေတာ့ မန္စီးတီးအသင္းက ဝက္ဖို႔ဒ္ကို ၈ ဂိုးျပတ္ အႏိုင္ရရွိသြားပါတယ္။