မန်စီးတီးက ဝက်ဖို့ဒ်အသင်းကို ၈ ဂိုးပြတ်အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မန်စီးတီးအသင်းက ဝက်ဖို့ဒ်အသင်းကို ၈ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ပွဲစစချင်း ၁ မိနစ်မှာတင် ဧည့်သည်အသင်းက ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက် မန်စီးတီးရဲ့ တိုက်စစ်ကို မထိန်းချုပ်နိုင်တော့ဘဲ ပထမပိုင်း ၁၈ မိနစ်အတွင်းမှာ ၅ ဂိုးနဲ့ ဒုတိယပိုင်းမှာ ၃ ဂိုး ပေးခဲ့ရပြီး ဂိုးပြတ် ရှုံးနိမ့်ခဲ့တာပါ။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကိုတော့ ဒေးဗစ်ဆေးဗားလ်၊ အဂူရို၊ မာရက်ဇ်၊ နီကိုလတ်စ်၊ ဒီဘရိုင်းတို့က ၁ ဂိုးစီနဲ့ ဗာနန်ဒို ဆေးဗားလ်က ၃ ဂိုး သွင်းယူခဲ့တာပါ။ မန်စီးတီးအသင်းဟ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယား အဆင့် ၂ မှာ ဆက်လက် ရပ်တည်နေပြီး ဝက်ဖို့ဒ်အသင်းကတော့ တန်းဆင်းဇုန် အောက်ဆုံးမှာ ရပ်တည်နေပါတယ်။ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် တခြားပွဲစဉ်တခုမှာတော့ စပါးအသင်းက လက်စတာအသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version မန္စီးတီးက ဝက္ဖို႔ဒ္အသင္းကို ၈ ဂိုးျပတ္အႏိုင္ရ (႐ုပ္သံဟိုက္လိုက္) မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာေတာ့ မန္စီးတီးအသင္းက ဝက္ဖို႔ဒ္အသင္းကို ၈ ဂိုးျပတ္ အႏိုင္ရရွိခဲ့ပါတယ္။ မန္စီးတီးအသင္း အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး ပြဲစစခ်င္း ၁ မိနစ္မွာတင္ ဧည့္သည္အသင္းက ဦးေဆာင္ဂိုးေပးခဲ့ရၿပီးေနာက္ မန္စီးတီးရဲ႕ တိုက္စစ္ကို မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ ပထမပိုင္း ၁၈ မိနစ္အတြင္းမွာ ၅ ဂိုးနဲ႔ ဒုတိယပိုင္းမွာ ၃ ဂိုး ေပးခဲ့ရၿပီး ဂိုးျပတ္ ရႈံးနိမ့္ခဲ့တာပါ။ မန္စီးတီးအတြက္ အႏိုင္ဂိုးေတြကိုေတာ့ ေဒးဗစ္ေဆးဗားလ္၊ အဂူ႐ို၊ မာရက္ဇ္၊ နီကိုလတ္စ္၊ ဒီဘ႐ိုင္းတို႔က ၁ ဂိုးစီနဲ႔ ဗာနန္ဒို ေဆးဗားလ္က ၃ ဂိုး သြင္းယူခဲ့တာပါ။ မန္စီးတီးအသင္းဟ ဒီပြဲအႏိုင္ေၾကာင့္ အမွတ္ေပးဇယား အဆင့္ ၂ မွာ ဆက္လက္ ရပ္တည္ေနၿပီး ဝက္ဖို႔ဒ္အသင္းကေတာ့ တန္းဆင္းဇုန္ ေအာက္ဆုံးမွာ ရပ္တည္ေနပါတယ္။ မေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ တျခားပြဲစဥ္တခုမွာေတာ့ စပါးအသင္းက လက္စတာအသင္းကို ၂-၁ ဂိုးနဲ႔ ရႈံးနိမ့္သြားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up