A d v e r t i s e m e n t With Us

အမေရိကန်တွင် ဘတ်စ်ကားတစီးတိမ်းမှောက်သဖြင့် ၄ ဦးသေ၊ ၂၆ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ ယူတားပြည်နယ်မှာ  စက်တင်ဘာလ ၂၀ ရက်နေ့က တရုတ်ကမ္ဘာလှည့်ခရီးသွားတွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီး လမ်းချော်  တိမ်းမှောက်ခဲ့တာကြောင့် ၄ ယောက် သေဆုံးပြီး ၂၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။  အဲဒီဘတ်စ်ကားဟာ ဘရိုက်စ်ကင်ညွန်အမျိုးသား ဥယျာဉ်အနီး   ပြည်နယ်အဝေးပြေးလမ်းမ အမှတ် ၁၂ ပေါ် မှာ တိမ်းမှောက်ပြီး ဒဏ်ရာရသူတွေထဲက ၅ ယောက် အခြေအနေ စိုးရိမ်ရပါတယ်။  ဘတ်စ်ကား တိမ်းမှောက်တာဟာ ရာသီဥတုနဲ့ ဆိုင်ပုံမရဘူးလို့  ပြည်နယ်အဝေးပြေးကင်းလှည့်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။  ကားဒရိုင်ဘာ အပါအဝင် အယောက် ၃၀ လိုက်ပါလာတဲ့  ဘတ်စ်ကားဟာ လမ်းမထက် ရုတ်တရက်ကွေ့သွားပြီး ဘေးကာတန်းကို တိုက်ကာ လိမ့်သွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  ဘတ်စ်ကားပေါ် လိုက်ပါသူ ခရီးသည် ၂၉ ယောက်စလုံးဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ပြီး  ကားဒရိုင်ဘာကတော့ တရုတ်-အမေရိကန် ဖြစ်ပါတယ်။   ကားဒရိုက်ဘာ  အသက်ရှင်ခဲ့ပေမယ့်  သူ့အခြေအနေကို ချက်ချင်း မသိရသေးပါဘူး။  ဝါရှင်တန်ရှိ တရုတ်သံရုံးကတော့ ကားမှောက်ရာနေရာကို သံအမှုထမ်းတွေ စေလွှတ်ပြီး ကူညီဆောင်ရွာက်ပေးနေတယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ============ အေမရိကန္တြင္ ဘတ္စ္ကားတစီးတိမ္းေမွာက္သျဖင့္ ၄ ဦးေသ၊ ၂၆ ဦး ဒဏ္ရာရ DVB အေမရိကန္ႏိုင္ငံ ယူတားျပည္နယ္မွာ  စက္တင္ဘာလ ၂၀ ရက္ေန႔က တ႐ုတ္ကမာၻလွည့္ခရီးသြားေတြ တင္ေဆာင္လာတဲ့ ဘတ္စ္ကားတစီး လမ္းေခ်ာ္  တိမ္းေမွာက္ခဲ့တာေၾကာင့္ ၄ ေယာက္ ေသဆုံးၿပီး ၂၆ ေယာက္ ဒဏ္ရာရခဲ့ပါတယ္။ အဲဒီဘတ္စ္ကားဟာ ဘ႐ိုက္စ္ကင္ၫြန္အမ်ိဳးသား ဥယ်ာဥ္အနီး   ျပည္နယ္အေဝးေျပးလမ္းမ အမွတ္ ၁၂ ေပၚ မွာ တိမ္းေမွာက္ၿပီး ဒဏ္ရာရသူေတြထဲက ၅ ေယာက္ အေျခအေန စိုးရိမ္ရပါတယ္။ ဘတ္စ္ကား တိမ္းေမွာက္တာဟာ ရာသီဥတုနဲ႔ ဆိုင္ပုံမရဘူးလို႔  ျပည္နယ္အေဝးေျပးကင္းလွည့္အဖြဲ႕ တာဝန္ရွိသူက ေျပာပါတယ္။ ကားဒ႐ိုင္ဘာ အပါအဝင္ အေယာက္ ၃၀ လိုက္ပါလာတဲ့  ဘတ္စ္ကားဟာ လမ္းမထက္ ႐ုတ္တရက္ေကြ႕သြားၿပီး ေဘးကာတန္းကို တိုက္ကာ လိမ့္သြားခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ ဘတ္စ္ကားေပၚ လိုက္ပါသူ ခရီးသည္ ၂၉ ေယာက္စလုံးဟာ တ႐ုတ္ႏိုင္ငံသားေတြ ျဖစ္ၿပီး  ကားဒ႐ိုင္ဘာကေတာ့ တ႐ုတ္-အေမရိကန္ ျဖစ္ပါတယ္။ ကားဒ႐ိုက္ဘာ  အသက္ရွင္ခဲ့ေပမယ့္  သူ႔အေျခအေနကို ခ်က္ခ်င္း မသိရေသးပါဘူး။  ဝါရွင္တန္ရွိ တ႐ုတ္သံ႐ုံးကေတာ့ ကားေမွာက္ရာေနရာကို သံအမႈထမ္းေတြ ေစလႊတ္ၿပီး ကူညီေဆာင္႐ြာက္ေပးေနတယ္လို႔ တြစ္တာမွာ ေရးသားခဲ့ပါတယ္။

A d v e r t i s e m e n t With Us

More News
Up