A d v e r t i s e m e n t With Us

အာဆင်နယ် နောက်ခံလူ ဘယ်လာရင်နှင့် တီယာနေး ဒဏ်ရာမှ ပြန်သက်သာ

အာဆင်နယ်အသင်းရဲ့ နောက်ခံကစားသမားတွေဖြစ်တဲ့ ဘယ်လာရင်နဲ့ တီယာနေးတို့ဟာ ဒဏ်ရာက ပြန်လည်သက်သာလာခဲ့ပြီးတော့ လူငယ်ပွဲစဉ်တွေမှာ ပြန်လည်ပါဝင်ကစားနေပါတယ်။  ဝုဗ်အသင်းကို ၂ ဂိုးစီသရေကျခဲ့တဲ့ အာဆင်နယ် ယူ ၂၃ ပွဲစဉ်မှာ ဘယ်လာရင်နဲ့တီ ယာနေးနှစ်ဦးစလုံး ပါဝင်ကစားခဲ့ပြီး ကြံ့ခိုင်မှုပြည့်ဝနေတဲ့ပုံစံကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ ဘယ်လာရင်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက ချဲလ်ဆီးနဲ့ပွဲမှာ ‌ခြေချင်းဝတ်ဒဏ်ရာရပြီး အနားယူခဲ့ရသလို စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ကစားသမား တီယာနေးဟာ ဆဲလ်တစ်အသင်းနဲ့ မေလကတည်းက တင်ပါးဆုံဒဏ်ရာ ရရှိခဲ့သူဖြစ်ပါတယ်။  သူတို့နှစ်ဦးရဲ့ ဒဏ်ရာကပြန်လည်သက်သာလာတဲ့ သတင်းကောင်းကြောင့် ခံစစ်ပြဿနာ မကြာခဏတက်လေ့ရှိတဲ့ အာဆင်နယ်အသင်းအတွက်လည်း အဖြေတခုဖြစ်လာပါတယ်။  ဘယ်လာရင်ဟာ အာဆင်နယ်အသင်းရဲ့ အားထားရတဲ့ ညာနောက်ခံလူတဦးဖြစ်ပြီး တိုက်စစ်ထိလိုက်ပါနိုင်သူဖြစ်သလို တီယာနေးရဲ့ ‌ခြေစွမ်းကို ဘယ်သူမှအတိအကျ မြင်တွေ့ရခြင်း မရှိသေးပေမယ့် ဆဲလ်တစ်အသင်းမှာတုန်းက ‌ခြေစွမ်းကြောင့် အားထားရတဲ့ ကစားသမားဖြစ်လာဖို့ ရှိနေပါတယ်။ ==================== အာဆင္နယ္ ေနာက္ခံလူ ဘယ္လာရင္ႏွင့္ တီယာေနး ဒဏ္ရာမွ ျပန္သက္သာ DVB အာဆင္နယ္အသင္းရဲ႕ ေနာက္ခံကစားသမားေတြျဖစ္တဲ့ ဘယ္လာရင္နဲ႔ တီယာေနးတို႔ဟာ ဒဏ္ရာက ျပန္လည္သက္သာလာခဲ့ၿပီးေတာ့ လူငယ္ပြဲစဥ္ေတြမွာ ျပန္လည္ပါဝင္ကစားေနပါတယ္။ ဝုဗ္အသင္းကို ၂ ဂိုးစီသေရက်ခဲ့တဲ့ အာဆင္နယ္ ယူ ၂၃ ပြဲစဥ္မွာ ဘယ္လာရင္နဲ႔တီ ယာေနးႏွစ္ဦးစလုံး ပါဝင္ကစားခဲ့ၿပီး ႀကံ့ခိုင္မႈျပည့္ဝေနတဲ့ပုံစံကိုလည္းျမင္ေတြ႕ခဲ့ရပါတယ္။ ဘယ္လာရင္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလကတည္းက ခ်ဲလ္ဆီးနဲ႔ပြဲမွာ ‌ေျခခ်င္းဝတ္ဒဏ္ရာရၿပီး အနားယူခဲ့ရသလို စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တဲ့ ကစားသမား တီယာေနးဟာ ဆဲလ္တစ္အသင္းနဲ႔ ေမလကတည္းက တင္ပါးဆုံဒဏ္ရာ ရရွိခဲ့သူျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ ဒဏ္ရာကျပန္လည္သက္သာလာတဲ့ သတင္းေကာင္းေၾကာင့္ ခံစစ္ျပႆနာ မၾကာခဏတက္ေလ့ရွိတဲ့ အာဆင္နယ္အသင္းအတြက္လည္း အေျဖတခုျဖစ္လာပါတယ္။ ဘယ္လာရင္ဟာ အာဆင္နယ္အသင္းရဲ႕ အားထားရတဲ့ ညာေနာက္ခံလူတဦးျဖစ္ၿပီး တိုက္စစ္ထိလိုက္ပါႏိုင္သူျဖစ္သလို တီယာေနးရဲ႕ ‌ေျခစြမ္းကို ဘယ္သူမွအတိအက် ျမင္ေတြ႕ရျခင္း မရွိေသးေပမယ့္ ဆဲလ္တစ္အသင္းမွာတုန္းက ‌ေျခစြမ္းေၾကာင့္ အားထားရတဲ့ ကစားသမားျဖစ္လာဖို႔ ရွိေနပါတယ္။  

A d v e r t i s e m e n t With Us

More News
Up