Home
မြန်မာသတင်း
ရေးမြို့တွင် ၃ ပတ်ကြာ ပျောက်ဆုံးနေသည့် မိန်းကလေးငယ် အလောင်းတွေ့ရှိ
DVB
·
September 21, 2019
မွန်ပြည်နယ် ရေးမြို့နယ်မှာ အစင်ကျေးရွာအုပ်စု ဓမင်းဆိပ်ကျေးရွာက ၃ ပတ်လောက်ကြာ ပျောက်ဆုံးနေတဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်အလောင်းကို စက်တင်ဘာ ၂၀ ရက် ညက ပြန်လည်တွေ့ရှိခဲ့ပြီး မျိုးနိုင်ဆိုသူအား ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။ သောင်ပြင်ကျေးရွာကမ်းနားမှာ သဲတွေဖုံးအုပ်နေတဲ့ မိန်းကလေးငယ်ရဲ့အလောင်းကို ရွာသားတဦးက တွေ့မြင်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ သက်သေတွေက သွားရောက်စစ်ဆေးရာမှ ယာဘက်လည်ပင်း ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်နား အောက်ပေါက်ပြဲဒဏ်ရာ ၁ ချက်နဲ့ သေဆုံးခြင်းဖြစ်တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဖြစ်စဉ်မှာ မျိုးနိုင်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်ညနေပိုင်းက အစင်ချောင်းဝကျေးရွာရှိ ဥယျာဉ်ခြံအတွင်း လှန်ထားတဲ့နွားတွေ သိမ်းဆည်းဖို့ အုပ်ထိန်းသူတွေရဲ့ ခွင့်ပြုချက်နဲ့ မိန်းကလေးငယ်အား ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။ ဒီနောက် ဥယျာဉ်ခြံအတွင်း ရည်စားစကားပြောတာကို မိန်းကလေးငယ်က ကြောက်လန့်ထွက်ပြေးရာကနေ လဲကျပြီး ကျောက်ခဲနဲ့ဆောက်မိ သတိလစ်သွားတာကြောင့် ရေးမြစ်အတွင်း မျောချခဲ့တယ်လို့ မျိုးနိုင်က ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။ ရေးမြို့မရဲစခန်းက မျိုးနိုင်ကို လူသတ်မှု ရာဇာသတ်ကြီးဥပဒေပုဒ်မ-၃၀၂ နဲ့ ဖမ်းဆီး အရေးယူထားပြီး အသေးစိတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။ နေမျိုးထွဋ်(ရေး) ==================== ေရးၿမိဳ႕တြင္ ၃ ပတ္ၾကာ ေပ်ာက္ဆုံးေနသည့္ မိန္းကေလးငယ္ အေလာင္းေတြ႕ရွိ DVB မြန္ျပည္နယ္ ေရးၿမိဳ႕နယ္မွာ အစင္ေက်း႐ြာအုပ္စု ဓမင္းဆိပ္ေက်း႐ြာက ၃ ပတ္ေလာက္ၾကာ ေပ်ာက္ဆုံးေနတဲ့ အသက္ ၁၄ ႏွစ္အ႐ြယ္ မိန္းကေလးငယ္အေလာင္းကို စက္တင္ဘာ ၂၀ ရက္ ညက ျပန္လည္ေတြ႕ရွိခဲ့ၿပီး မ်ိဳးႏိုင္ဆိုသူအား ဖမ္းဆီးစစ္ေဆးေနတယ္လို႔ ရဲအရာရွိတဦးက ေျပာပါတယ္။ ေသာင္ျပင္ေက်း႐ြာကမ္းနားမွာ သဲေတြဖုံးအုပ္ေနတဲ့ မိန္းကေလးငယ္ရဲ႕အေလာင္းကို ႐ြာသားတဦးက ေတြ႕ျမင္ခဲ့တာျဖစ္ၿပီး ရဲတပ္ဖြဲ႕နဲ႔ သက္ေသေတြက သြားေရာက္စစ္ေဆးရာမွ ယာဘက္လည္ပင္း ျပတ္ရွဒဏ္ရာ ၁ ခ်က္၊ ဝဲဘက္နား ေအာက္ေပါက္ၿပဲဒဏ္ရာ ၁ ခ်က္နဲ႔ ေသဆုံးျခင္းျဖစ္တယ္လို႔ ရဲမွတ္တမ္းမွာ ေဖာ္ျပထားပါတယ္။ ျဖစ္စဥ္မွာ မ်ိဳးႏိုင္ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္ ၃၀ ရက္ညေနပိုင္းက အစင္ေခ်ာင္းဝေက်း႐ြာရွိ ဥယ်ာဥ္ၿခံအတြင္း လွန္ထားတဲ့ႏြားေတြ သိမ္းဆည္းဖို႔ အုပ္ထိန္းသူေတြရဲ႕ ခြင့္ျပဳခ်က္နဲ႔ မိန္းကေလးငယ္အား ေခၚေဆာင္သြားတာလို႔ ဆိုပါတယ္။ ဒီေနာက္ ဥယ်ာဥ္ၿခံအတြင္း ရည္စားစကားေျပာတာကို မိန္းကေလးငယ္က ေၾကာက္လန႔္ထြက္ေျပးရာကေန လဲက်ၿပီး ေက်ာက္ခဲနဲ႔ေဆာက္မိ သတိလစ္သြားတာေၾကာင့္ ေရးျမစ္အတြင္း ေမ်ာခ်ခဲ့တယ္လို႔ မ်ိဳးႏိုင္က ထြက္ဆိုခဲ့ေၾကာင္း သိရပါတယ္။ ေရးၿမိဳ႕မရဲစခန္းက မ်ိဳးႏိုင္ကို လူသတ္မႈ ရာဇာသတ္ႀကီးဥပေဒပုဒ္မ-၃၀၂ နဲ႔ ဖမ္းဆီး အေရးယူထားၿပီး အေသးစိတ္စစ္ေဆးေနတယ္လို႔ သိရပါတယ္။ ေနမ်ိဳးထြဋ္(ေရး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024