မိဘများဆင်းရဲလွန်းသဖြင့် ကော်ဖီသောက် ကြီးလာခဲ့ရသည့် အင်ဒိုကလေးငယ်

နွားနို့၊ နို့မှုန့်ဖိုးမတတ်နိုင်တဲ့ မိဘနှစ်ပါးကြောင့် ဘဝသက်တမ်းတဝက်လောက်ကို ကော်ဖီသောက်ရင်း ကြီးပြင်းခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံက ၁၄ လအရွယ်ကလေးငယ်တဦးရဲ့ အဖြစ်ဟာ အရှေ့အာရှဒေသတခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။
အသက် ၁၄ လအရွယ်ဟာဒီဂျာ ဟူရာလို့ခေါ်တဲ့ ကလေးလေးဟာ လူငယ်မိဘနှစ်ပါးနဲ့ အင်ဒိုနီးရှားရဲ့ အနောက်ဆူလာဝေဆီပြည်နယ် တွန်ရိုလီမာ ရွာမှာနေထိုင်ပါတယ်။
သူ့ဖခင်ဟာ အုန်းခြံတွေမှာ လုပ်တဲ့နေ့စား အလုပ်သမားတဦးဖြစ်ပြီးတနေ့ကို ယူပီး ၂၀၀၀၀ (၁ ဒသမ ၄ ဒေါ်လာ) သာဝင်ငွေရှိပါတယ်။
ဒီဝင်ငွေဟာ သူတို့မိသားစု စားလောက်ရုံသာရှိပြီးတော့ ဟာဒီဂျာလေးအတွက် နို့မှုန့်၊ နွားနို့ဝယ်ပေးနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒါ့ကြောင့် ဟာဒီဂျာလေးဟာ သူ့သက်တမ်းရဲ့ တဝက်လောက်ကို ကော်ဖီတွေသောက်ပြီး ကြီးပြင်းခဲ့ရတာပဲဖြစ်ပါတယ်။
OC သတင်းအရ ဟာဒီဂျာလေးဟာ ကော်ဖီချည်းတနေ့ကို တလီတာခွဲနီးပါးသောက်ပြီး နောက်ပိုင်းမှာတော့ ကော်ဖီစွဲသလိုပါ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်ဟာ တွားသွားအရွယ်ကလေးငယ်တွေအတွက် မသင့်တော်ပေမယ့် သူတို့မှာ ရွေးချယ်စရာမရှိတော့လို့ ဈေးပေါတဲ့ကော်ဖီကိုပဲ နွားနို့၊ နို့မှုန့်အစား တိုက်ကျွေးရတာလို့လည်း သူ့မိဘတွေက ဝန်ခံပါတယ်။
ဒါပေမယ့် ကာလရှည်ကော်ဖီကို သောက်ခဲ့ပေမယ့် ဟာဒီဂျာလေးဟာ ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးမှုရှိခဲ့ပြီး ကြီးမားတဲ့ရောဂါအခြေအနေ တစုံတရာရှိမနေတာပဲ ဖြစ်ပါတယ်။
ဟာဒီဂျာလေးအတွက်လည်း အာဏာပိုင်တွေကဘက်က တစုံတရာ ထောက်ပံ့ပေးတာမျိုး မရှိဘူးလို့လည်း သူ့မိဘတွေက ပြောပါတယ်။
ဒီသတင်းဟာ အာရှဒေသတခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး ဒီသတင်းထွက်ပေါ်လာခဲ့ပြီး တဲ့နောက်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက နို့မှုန့်နဲ့ မုန့်တွေကို သူ့အတွက် လာရောက်ထောက်ပံ့ပေးခဲ့ပါတယ်။
ဒါ့အပြင် သူမကို နောက်ထပ်ကော်ဖီတွေ ထပ်မတိုက်ဖို့နဲ့ ကော်ဖီမှာပါဝင်တဲ့ ကဖင်းနဲ့ သကြားဓာတ်ဟာ ကလေးငယ်တွေကို ကြီးမားတဲ့ထိခိုက်မှုဖြစ်စေတယ်လို့ သတိပေးခဲ့ကြောင်းလည်း သိရပါတယ်။
Ref: OC
======================
မိဘမ်ားဆင္းရဲလြန္းသျဖင့္ ေကာ္ဖီေသာက္ ႀကီးလာခဲ့ရသည့္ အင္ဒိုကေလးငယ္
DVB
ႏြားႏို႔၊ ႏို႔မႈန႔္ဖိုးမတတ္ႏိုင္တဲ့ မိဘႏွစ္ပါးေၾကာင့္ ဘဝသက္တမ္းတဝက္ေလာက္ကို ေကာ္ဖီေသာက္ရင္း ႀကီးျပင္းခဲ့ရတဲ့ အင္ဒိုနီးရွားႏိုင္ငံက ၁၄ လအ႐ြယ္ကေလးငယ္တဦးရဲ႕ အျဖစ္ဟာ အေရွ႕အာရွေဒသတခုလုံးကို တုန္လႈပ္သြားေစခဲ့တယ္လို႔ စက္တင္ဘာ ၁၉ ရက္ေန႔ OC သတင္းမွာ ေဖာ္ျပပါတယ္။
အသက္ ၁၄ လအ႐ြယ္ဟာဒီဂ်ာ ဟူရာလို႔ေခၚတဲ့ ကေလးေလးဟာ လူငယ္မိဘႏွစ္ပါးနဲ႔ အင္ဒိုနီးရွားရဲ႕ အေနာက္ဆူလာေဝဆီျပည္နယ္ တြန္႐ိုလီမာ ႐ြာမွာေနထိုင္ပါတယ္။
သူ႔ဖခင္ဟာ အုန္းၿခံေတြမွာ လုပ္တဲ့ေန႔စား အလုပ္သမားတဦးျဖစ္ၿပီးတေန႔ကို ယူပီး ၂၀၀၀၀ (၁ ဒသမ ၄ ေဒၚလာ) သာဝင္ေငြရွိပါတယ္။
ဒီဝင္ေငြဟာ သူတို႔မိသားစု စားေလာက္႐ုံသာရွိၿပီးေတာ့ ဟာဒီဂ်ာေလးအတြက္ ႏို႔မႈန႔္၊ ႏြားႏို႔ဝယ္ေပးႏိုင္ဖို႔ ခက္ခဲခဲ့ပါတယ္။ ဒါ့ေၾကာင့္ ဟာဒီဂ်ာေလးဟာ သူ႔သက္တမ္းရဲ႕ တဝက္ေလာက္ကို ေကာ္ဖီေတြေသာက္ၿပီး ႀကီးျပင္းခဲ့ရတာပဲျဖစ္ပါတယ္။
OC သတင္းအရ ဟာဒီဂ်ာေလးဟာ ေကာ္ဖီခ်ည္းတေန႔ကို တလီတာခြဲနီးပါးေသာက္ၿပီး ေနာက္ပိုင္းမွာေတာ့ ေကာ္ဖီစြဲသလိုပါ ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။
ေကာ္ဖီမွာပါတဲ့ ကဖင္းဓာတ္ဟာ တြားသြားအ႐ြယ္ကေလးငယ္ေတြအတြက္ မသင့္ေတာ္ေပမယ့္ သူတို႔မွာ ေ႐ြးခ်ယ္စရာမရွိေတာ့လို႔ ေဈးေပါတဲ့ေကာ္ဖီကိုပဲ ႏြားႏို႔၊ ႏို႔မႈန႔္အစား တိုက္ေကြၽးရတာလို႔လည္း သူ႔မိဘေတြက ဝန္ခံပါတယ္။
ဒါေပမယ့္ ကာလရွည္ေကာ္ဖီကို ေသာက္ခဲ့ေပမယ့္ ဟာဒီဂ်ာေလးဟာ ပုံမွန္အတိုင္း ႀကီးထြားဖြံ႕ၿဖိဳးမႈရွိခဲ့ၿပီး ႀကီးမားတဲ့ေရာဂါအေျခအေန တစုံတရာရွိမေနတာပဲ ျဖစ္ပါတယ္။
ဟာဒီဂ်ာေလးအတြက္လည္း အာဏာပိုင္ေတြကဘက္က တစုံတရာ ေထာက္ပံ့ေပးတာမ်ိဳး မရွိဘူးလို႔လည္း သူ႔မိဘေတြက ေျပာပါတယ္။
ဒီသတင္းဟာ အာရွေဒသတခုလုံးကို တုန္လႈပ္သြားေစခဲ့ၿပီး ဒီသတင္းထြက္ေပၚလာခဲ့ၿပီး တဲ့ေနာက္မွာ သက္ဆိုင္ရာ တာဝန္ရွိသူေတြက ႏို႔မႈန္႔နဲ႔ မုန႔္ေတြကို သူ႔အတြက္ လာေရာက္ေထာက္ပံ့ေပးခဲ့ပါတယ္။
ဒါ့အျပင္ သူမကို ေနာက္ထပ္ေကာ္ဖီေတြ ထပ္မတိုက္ဖို႔နဲ႔ ေကာ္ဖီမွာပါဝင္တဲ့ ကဖင္းနဲ႔ သၾကားဓာတ္ဟာ ကေလးငယ္ေတြကို ႀကီးမားတဲ့ထိခိုက္မႈျဖစ္ေစတယ္လို႔ သတိေပးခဲ့ေၾကာင္းလည္း သိရပါတယ္။
Ref: OC