A d v e r t i s e m e n t With Us

မအူပင်မြို့နယ်တွင် စက်လှေ ၂ စီး တိုက်မိသဖြင့် ၁ ဦးသေဆုံး

ဧရာဝတီတိုင်း မအူပင်မြို့နယ်မှာ စက်လှေ ၂ စီး တိုက်မိမှုကြောင့် ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့ ၉ နာရီခွဲအချိန်က မအူပင်မြို့နယ်၊ ပလောင်ကျေးရွာ ချောင်းကူးဝါးတံတားအောက်မှာ လင်းလင်းနိုင် မောင်းနှင်လာတဲ့ အလျား ၁၉ ပေ၊ ဗျက် ၃ ပေ၊ ရေစူး ၁ ပေခွဲခန့် ဖိုက်ဘာစက်လှေနဲ့ မျက်နှာချင်းဆိုင်မှ ဦးလှသိန်း (၄၉-နှစ်) မောင်းနှင်ပြီး ဇနီးနဲ့သမီးဖြစ်သူတို့ လိုက်ပါလာတဲ့ ဖိုက်ဘာစက်လှေတို့ တိုက်မိခဲ့တာပါ။ ဦးလှသိန်းဟာ ဝဲ/ယာချိုစောင်း၊ ဖူးရောင်ပေါက်ပြဲဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး လင်းလင်းနိုင်ကတော့ ‌နောက်စေ့ဖူးရောင်ညိုမဲဒဏ်ရာ (စိုးရိမ်ရ)  ရရှိခဲ့လို့ မအူပင် ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။ ဦးလှသိန်းနဲ့ လင်းလင်းနိုင်တို့အား မအူပင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၈၀ (ပေါ့လျော့မှုကြောင့် လူသေမှု၊ ရေယာဉ်အားအရမ်းဦးစီးမောင်းနှင်မှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version မအူပင္ၿမိဳ႕နယ္တြင္ စက္ေလွ ၂ စီး တိုက္မိသျဖင့္ ၁ ဦးေသဆုံး ဧရာ၀တီတိုင္း မအူပင္ၿမိဳ႕နယ္မွာ စက္ေလွ ၂ စီး တိုက္မိမႈေၾကာင့္ ၁ ဦး ေသဆုံး၊ ၁ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပပါတယ္။ စက္တင္ဘာ ၂၀ ရက္ေန႔ ၉ နာရီခြဲအခ်ိန္က မအူပင္ၿမိဳ႕နယ္၊ ပေလာင္ေက်း႐ြာ ေခ်ာင္းကူးဝါးတံတားေအာက္မွာ လင္းလင္းႏိုင္ ေမာင္းႏွင္လာတဲ့ အလ်ား ၁၉ ေပ၊ ဗ်က္ ၃ ေပ၊ ေရစူး ၁ ေပခြဲခန႔္ ဖိုက္ဘာစက္ေလွနဲ႔ မ်က္ႏွာခ်င္းဆိုင္မွ ဦးလွသိန္း (၄၉) ႏွစ္ေမာင္းႏွင္ၿပီး ဇနီးနဲ႔သမီးျဖစ္သူတို႔ လိုက္ပါလာတဲ့ ဖိုက္ဘာစက္ေလွတို႔ တိုက္မိခဲ့တာပါ။ ဦးလွသိန္းဟာ ဝဲ/ယာခ်ိဳေစာင္း၊ ဖူးေရာင္ေပါက္ၿပဲဒဏ္ရာေတြနဲ႔ အခင္းျဖစ္ေနရာမွာ ေသဆုံးခဲ့ၿပီး လင္းလင္းႏိုင္ကေတာ့ ‌ေနာက္ေစ့ဖူးေရာင္ညိဳမဲဒဏ္ရာ (စိုးရိမ္ရ)  ရရွိခဲ့လို႔ မအူပင္ ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ကုသထားတယ္လို႔ ဆိုပါတယ္။ ဦးလွသိန္းနဲ႔ လင္းလင္းႏိုင္တို႔အား မအူပင္ၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/ ၂၈၀ (ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ၊ ေရယာဥ္အားအရမ္းဦးစီးေမာင္းႏွင္မႈ) နဲ႔ အမႈဖြင့္စစ္ေဆးေနတယ္လို႔ သိရပါတယ္။

A d v e r t i s e m e n t With Us

More News
Up