Home
မြန်မာသတင်း
မအူပင်မြို့နယ်တွင် စက်လှေ ၂ စီး တိုက်မိသဖြင့် ၁ ဦးသေဆုံး
DVB
·
September 21, 2019
ဧရာဝတီတိုင်း မအူပင်မြို့နယ်မှာ စက်လှေ ၂ စီး တိုက်မိမှုကြောင့် ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့ ၉ နာရီခွဲအချိန်က မအူပင်မြို့နယ်၊ ပလောင်ကျေးရွာ ချောင်းကူးဝါးတံတားအောက်မှာ လင်းလင်းနိုင် မောင်းနှင်လာတဲ့ အလျား ၁၉ ပေ၊ ဗျက် ၃ ပေ၊ ရေစူး ၁ ပေခွဲခန့် ဖိုက်ဘာစက်လှေနဲ့ မျက်နှာချင်းဆိုင်မှ ဦးလှသိန်း (၄၉-နှစ်) မောင်းနှင်ပြီး ဇနီးနဲ့သမီးဖြစ်သူတို့ လိုက်ပါလာတဲ့ ဖိုက်ဘာစက်လှေတို့ တိုက်မိခဲ့တာပါ။ ဦးလှသိန်းဟာ ဝဲ/ယာချိုစောင်း၊ ဖူးရောင်ပေါက်ပြဲဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး လင်းလင်းနိုင်ကတော့ ‌နောက်စေ့ဖူးရောင်ညိုမဲဒဏ်ရာ (စိုးရိမ်ရ)  ရရှိခဲ့လို့ မအူပင် ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။ ဦးလှသိန်းနဲ့ လင်းလင်းနိုင်တို့အား မအူပင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၈၀ (ပေါ့လျော့မှုကြောင့် လူသေမှု၊ ရေယာဉ်အားအရမ်းဦးစီးမောင်းနှင်မှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version မအူပင္ၿမိဳ႕နယ္တြင္ စက္ေလွ ၂ စီး တိုက္မိသျဖင့္ ၁ ဦးေသဆုံး ဧရာ၀တီတိုင္း မအူပင္ၿမိဳ႕နယ္မွာ စက္ေလွ ၂ စီး တိုက္မိမႈေၾကာင့္ ၁ ဦး ေသဆုံး၊ ၁ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပပါတယ္။ စက္တင္ဘာ ၂၀ ရက္ေန႔ ၉ နာရီခြဲအခ်ိန္က မအူပင္ၿမိဳ႕နယ္၊ ပေလာင္ေက်း႐ြာ ေခ်ာင္းကူးဝါးတံတားေအာက္မွာ လင္းလင္းႏိုင္ ေမာင္းႏွင္လာတဲ့ အလ်ား ၁၉ ေပ၊ ဗ်က္ ၃ ေပ၊ ေရစူး ၁ ေပခြဲခန႔္ ဖိုက္ဘာစက္ေလွနဲ႔ မ်က္ႏွာခ်င္းဆိုင္မွ ဦးလွသိန္း (၄၉) ႏွစ္ေမာင္းႏွင္ၿပီး ဇနီးနဲ႔သမီးျဖစ္သူတို႔ လိုက္ပါလာတဲ့ ဖိုက္ဘာစက္ေလွတို႔ တိုက္မိခဲ့တာပါ။ ဦးလွသိန္းဟာ ဝဲ/ယာခ်ိဳေစာင္း၊ ဖူးေရာင္ေပါက္ၿပဲဒဏ္ရာေတြနဲ႔ အခင္းျဖစ္ေနရာမွာ ေသဆုံးခဲ့ၿပီး လင္းလင္းႏိုင္ကေတာ့ ‌ေနာက္ေစ့ဖူးေရာင္ညိဳမဲဒဏ္ရာ (စိုးရိမ္ရ)  ရရွိခဲ့လို႔ မအူပင္ ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ကုသထားတယ္လို႔ ဆိုပါတယ္။ ဦးလွသိန္းနဲ႔ လင္းလင္းႏိုင္တို႔အား မအူပင္ၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/ ၂၈၀ (ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ၊ ေရယာဥ္အားအရမ္းဦးစီးေမာင္းႏွင္မႈ) နဲ႔ အမႈဖြင့္စစ္ေဆးေနတယ္လို႔ သိရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024