ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ လူထုစည်းဝေးပွဲ လူငယ် သန်းချီတက်ရောက်

847
နယူးယောက်မြို့မှာ ဆွီဒင်ဆယ်ကျော်သက် ဂရက်သန်းဘတ် ဦးဆောင်ပြုလုပ်တဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ လူထုစည်းဝေးပွဲကို စက်တင်ဘာ ၂၀ ရက်က သန်းနဲ့ချီတဲ့ လူငယ်တွေ တက်ရောက်ခဲ့ပါတယ်။
ဂရင်းလန်ရေခဲပြင် အရည်ပျော်တာနဲ့ အမေဇုန်တောမီးလောင် ပုံရိပ်တွေကြောင့် ကမ္ဘာတဝှမ်းက ကျောင်းသားလူငယ်တွေနဲ့ အလုပ်သမားတွေဟာ ကျောင်းပျက် အလုပ်ပျက်ခံပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေကို တားဆီးဖို့ ကြိုးပမ်းနေကြပါတယ်။
ရာသီဥတုဆိုင်ရာ ဆန္ဒပြပွဲတွေဟာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ပြိး ခြိမ်းခြောက်ခံနေရတဲ့ ပစိတ်ဖိတ်ကျွန်းနိုင်ငံတွေမှာ စတင်ခဲ့ပြီး အဲဒီနောက်မှာတော့ သြစတြေးလျ၊ ဂျပန်၊ အရှေ့တောင်အာရှ၊ ဥရောပ၊ အာဖရိကက အရှေ့အလယ်ပိုင်းနဲ့ အမေရိကနိုင်ငံတွေအထိ ဆက်သွားခဲ့ပါတယ်။
အခု စုပေါင်း ပြုလုပ်တဲ့ ကျောင်းသားသပိတ်ကတော့ နယူးယောက် ဝေါလ်စထရိလမ်းမှာ အဆုံးသတ်ခဲ့ပါတယ်။
အဲဒီ ကျောင်းသားလူငယ် သပိတ်မှာ ဂရက်သာသန်းဘတ်က ဘေးကင်းလုံခြုံတဲ့ အနာဂတ်ကို အလိုရှိတယ်လို ဆန္ဒပြသူတွေကို ပြောခဲ့ပါတယ်။
ဂရက်သာက အခုချိန် အပြောင်းအလဲ လုပ်နေသူတွေက ဆန္ဒပြသူတွေဖြစ်ပြီး တခြားသူတွေမလုပ်ရင် သူတို့လုပ်သွားမယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဂရက်သာက ဆန္ဒပြသူတွေဟာ အပြောင်းအလဲလှိုင်းတံပိုးဖြစ်ပြီး စည်းလုံးညီညွတ်ပါက သူတို့ကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ပြောခဲ့ပါတယ်။
ဒါ့အပြင် သူတို့ကို ခြိမ်းခြောက်သူတွေလို့ ရှုမြင်သူတွေကို ကြိုက်ကြိုက် မကြိုက်ကြိုက် အပြောင်းအလဲက ဖြစ်ပေါ်နေပြီလို့ လူထုစည်းဝေးပွဲမှာ ပြောခဲ့ပါတယ်။
==============================
ရာသီဥတုေျပာင္းလဲျခင္းဆိုင္ရာ လူထုစည္းေဝးပြဲ လူငယ္ သန္းခ်ီတက္ေရာက္
DVB
နယူးေယာက္ၿမိဳ႕မွာ ဆြီဒင္ဆယ္ေက်ာ္သက္ ဂရက္သန္းဘတ္ ဦးေဆာင္ျပဳလုပ္တဲ့ ရာသီဥတုေျပာင္းလဲျခင္းဆိုင္ရာ လူထုစည္းေဝးပြဲကို စက္တင္ဘာ ၂၀ ရက္က သန္းနဲ႔ခ်ီတဲ့ လူငယ္ေတြ တက္ေရာက္ခဲ့ပါတယ္။
ဂရင္းလန္ေရခဲျပင္ အရည္ေပ်ာ္တာနဲ႔ အေမဇုန္ေတာမီးေလာင္ ပုံရိပ္ေတြေၾကာင့္ ကမာၻတဝွမ္းက ေက်ာင္းသားလူငယ္ေတြနဲ႔ အလုပ္သမားေတြဟာ ေက်ာင္းပ်က္ အလုပ္ပ်က္ခံၿပီး သဘာဝပတ္ဝန္းက်င္ ထိခိုက္တာေတြကို တားဆီးဖို႔ ႀကိဳးပမ္းေနၾကပါတယ္။
ရာသီဥတုဆိုင္ရာ ဆႏၵျပပြဲေတြဟာ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္ၿပိး ၿခိမ္းေျခာက္ခံေနရတဲ့ ပစိတ္ဖိတ္ကြၽန္းႏိုင္ငံေတြမွာ စတင္ခဲ့ၿပီး အဲဒီေနာက္မွာေတာ့ ၾသစေၾတးလ်၊ ဂ်ပန္၊ အေရွ႕ေတာင္အာရွ၊ ဥေရာပ၊ အာဖရိကက အေရွ႕အလယ္ပိုင္းနဲ႔ အေမရိကႏိုင္ငံေတြအထိ ဆက္သြားခဲ့ပါတယ္။
အခု စုေပါင္း ျပဳလုပ္တဲ့ ေက်ာင္းသားသပိတ္ကေတာ့ နယူးေယာက္ ေဝါလ္စထရိလမ္းမွာ အဆုံးသတ္ခဲ့ပါတယ္။
အဲဒီ ေက်ာင္းသားလူငယ္ သပိတ္မွာ ဂရက္သာသန္းဘတ္က ေဘးကင္းလုံၿခဳံတဲ့ အနာဂတ္ကို အလိုရွိတယ္လို ဆႏၵျပသူေတြကို ေျပာခဲ့ပါတယ္။
ဂရက္သာက အခုခ်ိန္ အေျပာင္းအလဲ လုပ္ေနသူေတြက ဆႏၵျပသူေတြျဖစ္ၿပီး တျခားသူေတြမလုပ္ရင္ သူတို႔လုပ္သြားမယ္လို႔ ဆိုပါတယ္။
အဲဒီေနာက္ ဂရက္သာက ဆႏၵျပသူေတြဟာ အေျပာင္းအလဲလႈိင္းတံပိုးျဖစ္ၿပီး စည္းလုံးညီၫြတ္ပါက သူတို႔ကို တားဆီးႏိုင္မွာ မဟုတ္ဘူးလို႔ေျပာခဲ့ပါတယ္။
ဒါ့အျပင္ သူတို႔ကို ၿခိမ္းေျခာက္သူေတြလို႔ ရႈျမင္သူေတြကို ႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ အေျပာင္းအလဲက ျဖစ္ေပၚေနၿပီလို႔ လူထုစည္းေဝးပြဲမွာ ေျပာခဲ့ပါတယ္။