Home
မေးမြန်းခန်း
လမ်းပေါ် ပြတ်ကျနေသည့် ဓာတ်ကြိုးကြောင့် ဓာတ်လိုက်သေဆုံးမှု ဘယ်သူ့မှာ တာဝန်ရှိသလဲ (ဥပဒေရေးရာ အမေးအဖြေ) 
DVB
·
September 21, 2019
သက်ငယ်မုဒိမ်းမှု၊ ဉာဏ်ရည် မမီသူအား ရိုက်နှက်မှု၊ ထောင်သားထွက်ပြေးမှု စတာတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မေးမြန်းထားတာတွေကို  ဦးခင်မောင်မြင့် (ဥပဒေအကြံပေး) အား ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး– ကျမတို့နိုင်ငံမှာ သက်ငယ်မုဒိမ်းမှုကို ကြီးလေးတဲ့ ပြစ်ဒဏ်အနေနဲ့ သတ်မှတ်ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာခင်က ပြဋ္ဌာန်းခဲ့တဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရ အသက် ၁၈ နှစ်မပြည့်သေးသူတွေကို ကလေးသူငယ်လို့ သတ်မှတ်လိုက်တဲ့အတွက် သက်ငယ်မုဒိမ်း ကျူးလွန်တဲ့ သူက အသက် ၁၈ နှစ်အောက် ဖြစ်နေရင် အာမခံပေးနိုင်ပါသလား၊ ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်လို့ မရဘူးလားဆိုတာကို ဥပဒေ ဗဟုသုတအနေနဲ့ သိပါရစေရှင့်။ “အတိုချုပ်ပြောမယ် ဆိုရင်တော့ ၂၀၁၉ ပြဋ္ဌာန်းလိုက်တဲ့ ကလေးသူငယ် အခွင့်အရေး ဥပဒေပေါ့နော်။ အဲဒီဥပဒေအရဆိုရင် ကျနော်တို့က အသက် ၁၈ နှစ်အောက်ဆိုရင် ကလေးသူငယ်လို့ သတ်မှတ်လိုက်တာပေါ့။ သတ်မှတ်လိုက်တော့ သူရဲ့ဥပဒေ ပြဋ္ဌာန်းချက်အရ ဆိုရင် ကလေးသူငယ်ကို ဘယ်အကြောင်းနဲ့မှ ဒီအချုပ်ကျခံခြင်း မရှိရဘူးလို့ ပြဋ္ဌာန်းထားတဲ့အတွက် သူက ဒီအာမခံပေးဖို့ဆိုတာ မလိုအပ်တော့ဘူးပေါ့။ သို့သော် ဒီပြစ်မှု ကျူးလွန်တဲ့အခါမှာ သူ ဘယ်လို ရင်ဆိုင်မလဲပေါ့။ နံပါတ်တစ်က ပြစ်မှုကျူးလွန်တဲ့ ကလေးသူငယ်သည် သူ့ဥပဒေအရဆိုရင် ၁၀ နှစ် အောက်ဆိုရင် ဒီကင်းလွတ်ခွင့်ရတဲ့အတွက် သူကို ဘာမှ အရေးမယူဘူး။ ၁၂ နှစ်အောက် ဆိုလို့ရှိရင်လည်းပဲ.. ၁၂ နှစ်အောက်တော့ ဖြစ်တယ်။ ဒါပေမဲ့ သူ ပြုလုပ်တဲ့ ပြစ်မှုရဲ့ အကျိုး အပြစ်ကို သူ မသိဘူးဆိုရင်လည်းပဲ ဒါ သူ့ကို အပြစ်ပေးလို့မရဘူး။ နောက်တစ်ခါ ၁၈ နှစ်အောက် ကလေးသူငယ်တွေကျတော့ သေဒဏ်၊ ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်၊ နောက်တခါ နှစ် ၂၀ ပြစ်ဒဏ်။ အဲဒီလို ပြစ်ဒဏ်ကြီးတွေ မဟုတ်တဲ့ တခြား အသေးအဖွဲ ပြစ်မှုတွေ ဆိုရင် သူတို့ကို အပြစ်ပေးလို့မရဘူး။ အဲဒီတော့ သူ့ရဲ့ပြဋ္ဌာန်းချက်အရ သူတို့ ခုနက ပြောတဲ့ သေဒဏ်ကျခံနိုင်တဲ့ ပြစ်မှုကြီးမျိုးတွေ ကျူးလွန်မယ်။ နောက် ထောင်ဒဏ်တစ်သက် ကျခံနိုင်တာတွေ ဖြစ်မယ်။ ထောင်ဒဏ်နှစ် ၂၀ ကျခံနိုင်တဲ့ ပြစ်မှုကြီးမျိုးတွေ ကျုးလွန်ခဲ့တယ်။ ကျူးလွန်ရုံတင် မဟုတ်ဘူး၊ အဲဒီကလေးက မိဘအုပ်ထိန်းသူတွေကလည်း မလာဘူး။ ရပ်ရွာကလည်း အုပ်ချုပ်လို့ မနိုင်တဲ့ ဆိုးသွမ်းတဲ့ လူငယ်ဖြစ်ပြီဆိုမှ၊ သူက ဒါ ဥပဒေအရ အရေးယူမယ်။ အရေးယူတဲ့အခါကျတော့ လက်ထိတ်၊ ခြေချင်းကြိုးနဲ့ တုပ်နှောင်ခြင်း မပြုရဘူး။ သူ့ကို ကလေးသူငယ် တရားရုံးမှာ အမြန်ဆုံး ပို့ဖို့ လုပ်ရမယ်။ ကလေးသူငယ်တရားရုံးနဲ့ အလှမ်းဝေးနေတယ်ဆိုရင် ဒီမိဘဆွေမျိုးရဲ့ အုပ်ထိန်းသူရဲ့ ကောင်းမွန်စွာ နေထိုင်ပါမယ်ဆိုတဲ့ ခံဝန်ချက်နဲ့ သူ့ကို အပြင်မှာ လွှတ်ထားပေးရမယ်။ သို့သော် မိဘအုပ်ထိန်းသူတွေက သူကို ခံဝန်မလုပ်ပေးနိုင်ဘူး။ သူ အင်မတန် ဆိုးသွမ်းတယ်ဆိုရင်တော့ ဒီကိစ္စအတွက် လူမှုဝန်ထမ်းဦးစီးဌာနကနေ တည်ထောင်ထားတဲ့ သီးခြားဂေဟာတခုာ သူ့ကို ချုပ်နှောင်ပေးထားရမယ်။ ဒါကြောင့် ပြန်ပြောမယ် ဆိုရင်တော့ သူတို့ကို ၁၈ နှစ်အောက် ကလေးသူငယ်တွေ ပြစ်မှု ကျူးလွန်ရင် အာမခံမလိုအပ်ပါဘူး။ သူက အဲဒီအာမခံကင်းလွတ်ခွင့် ရတယ်။ နောက်တခါ ပြစ်ဒဏ်တွေအနေနဲ့ကျရင်လည်း  သူသည် အသက် ၁၆ နှစ်အောက်၊ ၁၂ နှစ်နဲ့ ၁၆ နှစ်ကြား ကလေးတွေ ကျုးလွန်ခဲ့ရင် ပြစ်ဒဏ် ၇ နှစ်ထက် ပိုပြီးတော့ အပြစ်ပေးလို့ မရဘူး။ နောက်တခါ အသက် ၁၈ နှစ်အောက် ကလေးက ကျူးလွန်မယ်ဟေ့ ဆိုရင် ပြစ်ဒဏ် ၁၀ နှစ်ထက် ပိုပြီးတော့ ချလို့မရဘူး။ အဲဒီတော့ ဒီအသက် ၁၈ နှစ်အောက် ကလေးငယ်က သက်ငယ်မုဒိမ်း ကျူးလွန်ခဲ့မယ် ဆိုရင် သူသည် အမြင့်ဆုံးရနိုင်တဲ့ ပြစ်ဒဏ်သည် ဟိုဥပဒေမှာ သေဒဏ် ဘယ်လိုပဲ ပြဋ္ဌာန်းထားထား၊ သူ ရနိုင်တဲ့ပြစ်ဒဏ်သည် ၁၀ နှစ်အထက် မပိုသော ပြစ်ဒဏ်ပဲ ရမယ်။” မေး– ကျနော့်ရဲ့ ညီအရင်းတယောက်က မွေးရာပါ ဉာဏ်ရည် မမီတဲ့သူဖြစ်ပြီ အခုဆိုရင် ၁၀ နှစ်ရှိပါပြီ။ ကျနော်တို့က ရွာမှာနေတော့ ကျောင်းအပ်ဖို့လည်း အဆင်မပြေပါဘူး။ လွန်ခဲ့တဲ့ တပတ်လောက်က ရွာထဲမှာ လျှောက်သွားနေတုန်း ကလေးနှစ်ယောက်က ဝိုင်းပြီး စနောက်ရာက ကျနော့်ညီက ကလေးတယောက်ကို တွန်းလိုက်လို့ လဲကျသွားပါတယ်။ အဲဒီအချိန်မှာ ကလေးအမေ ရောက်လာပြီး ဉာဏ်ရည်မမီတဲ့ ကျနော့်ညီကို ပါးရိုက်ပါတယ်။ ဒဏ်ရာလည်း ရခဲ့ပါတယ်။ အခုအချိန်ထိ ကြပ်ထုပ်ထိုးနေရတုန်းပဲ။ ဒီကိစ္စကို ရဲစခန်း တိုင်လို့ရ ပါသလား။ ဘယ်လို တိုင်ရမလဲ ဆိုတာကို သိပါရစေ။ “ကျနော်တို့က ဒီမသန်စွမ်းကလေး ဆိုတာလေး သိဖို့ လိုတာပေါ့လေ။ မသန်စွမ်းကို တကယ်တမ်း သတ်မှတ်ထားတာက ၄ မျိုး ရှိပါတယ်။ တမျိုးက ကိုယ်အင်္ဂါမသန်စွမ်း၊ နောက်တခုက အမြင်အာရုံ မသန်စွမ်း၊ နောက် အကြားအာရုံ မသန်စွမ်းတာရယ်၊ ဉာဏ်ရည်မသန်စွမ်းတာရယ်။ အဲဒီတော့ ကိုယ်အင်္ဂါ မသန်စွမ်းတဲ့ ကလေးတွေ၊ နောက် အမြင်အာရုံ၊ အကြားအာရုံမသန်စွမ်း… ဒါက အသက် ၁၈ နှစ်ပြည့်ပြီး သူကိုယ်တိုင်လည်း အမှုဖွင့်လို့ ရတယ်။ သို့မဟုတ် သူတို့က မဖွင့်နိုင်ဘူးဆိုရင် သူတို့ရဲ့ အုပ်ထိန်းသူ၊ သို့မဟုတ် မိဘက အမှုဖွင့်လို့ ရတယ်။ သို့သော် ဉာဏ်ရည်မမီတဲ့ ကလေးကျတော့ သူကိုယ်တိုင် မဖွင့်နိုင်တဲ့အတွက် မိဘ သို့မဟုတ်၊ အုပ်ထိန်းသူကနေ ဖွင့်ပေးရမှာပေါ့။ ဘယ်မှာ ဖွင့်မလဲဆိုရင် သူ့ကို အနိုင်အထက် အလုပ်ခံရတဲ့ နေရာမှာရှိတဲ့ နယ်မြေရဲစခန်း၊ သို့မဟုတ် မြို့မရဲစခန်းမှာ ဖွင့်လို့လည်း ရတယ်။ သို့တည်းမဟုတ် ကလေး နေထိုင်တဲ့ နေရာမှာရှိတဲ့ ဒီနယ်မြေရဲစခန်း သို့မဟုတ် မြို့မရဲစခန်းမှာလည်း ဖွင့်လို့ရပါတယ်။ ဖွင့်တဲ့အခါမှာ ဒီရဲစခန်းကလည်းပဲ သူ့ရဲလက်စွဲ ဥပဒေအရ အမှုလာဖွင့်တယ်ဆိုရင် ဒါကို လက်မခံလို့ မရဘူး။ လက်ခံပြီးတော့ ဖွင့်ပေးရပါတယ်။ အခု ဒီမေးတဲ့အထဲမှာ ဆိုရင် သူက တိုင်ကြားလို့ရသမျှ တိုင်ကြားလို့ရတယ်။ ကဲ.. ဘာနဲ့ တိုင်ကြားမလဲ။ ဒီကလေးဆိုရင် သူ့ရဲ့ဒဏ်ရာပေါ်မှာ မူတည်ပြီးတော့မှ သာမန်နာကျင်စေမှုနဲ့ တိုင်ကြားလို့ ရသလို၊ ဒဏ်ရာပြင်းထန်တယ်ဆိုရင် အပြင်းအထန် နာကျင်စေမှုနဲ့ တိုင်ကြားလို့ ရတယ်။ ၂၀၁၅ မှာ မသန်စွမ်းသူများရဲ့ အခွင့်အရေး ကာကွယ်ရေးဥပဒေဆိုတာ ပြဋ္ဌာန်းပြီးသား ဖြစ်တယ်။ အဲဒီဥပဒေမှာဆိုရင်လည်း မသန်စွမ်းတွေနဲ့ ပတ်သက်လို့ အနိုင်အထက်လုပ်တာ၊ အကြမ်းဖက်တာ၊ နှိပ်စက်တာ၊ ညှဉ်းပန်းတာတွေအတွက် သီးသန့်ပြစ်ဒဏ် ပြဋ္ဌာန်းပေးထားတယ်။ အဲဒီဥပဒေအရလည်း တိုင်လို့ ရတယ်။ အဲဒီဥပဒေအရဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်  ထောင်ဒဏ် ၁ နှစ်အထိ ချလို့ရတယ်။ ငွေဒဏ်က ၁၅ သိန်းအထိ ချလို့ရမယ်။ အဲဒီပြစ်ဒဏ် နှစ်ရပ်စလုံးလည်း ချပေးလို့ ရပါတယ်။ ပြန်ချုပ်ပြောရင်တော့ ဒီမသန်စွမ်းတဲ့ ကလေးတွေနဲ့ပတ်သက်တဲ့ ဒီအနိုင်အထက် ပြုကျင့်ခံရတာတွေ ဆိုလို့ရှိရင် မိဘ၊ သို့မဟုတ် အုပ်ထိန်းသူကနေမှ သူက တိုင်ကြားပေးလို့ ရပါတယ်။” မေး– ဒီနှစ်ထဲမှာ အချုပ်ဖောက်ပြေးတာ၊ ထောင်ဖောက်ထွက်ပြေးတဲ့ ကိစ္စတွေ ခပ်စိပ်စိပ် ဖြစ်လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ အချုပ်သား၊ ထောင်သား ထွက်ပြေးတဲ့ကိစ္စမှာ တာဝန်ရှိသူတွေကို အရေးယူတာက မဖြစ်စလောက်လို ဖြစ်နေပါတယ်။ ဥပမာ- မနှစ်က ဘားအံထောင်မှာ အကျဉ်းသား ၄၀ ကျော် ထွက်ပြေးတဲ့ကိစ္စမှာ ထောင်က တာဝန်ရှိသူတွေကို  မစို့မပို့ ထောင်ဒဏ်လေးသာ ချမှတ်ခဲ့တာ တွေ့ရပါတယ်။ အချုပ်သား၊ ထောင်သားတွေ ထွက်ပြေးတဲ့ အမှုအခင်းတွေမှာ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး သိလိုပါတယ်။ အကျဉ်းသား ထွက်ပြေးမှုနဲ့ ပတ်သက်ပြီးတော့ အရေးယူတဲ့အခါမှာ နှစ်ပိုင်းခွဲပြီး အရေးယူတာပါ။ တပိုင်းက တာဝန်ရှိမှုအရ အရေးယူတာ၊ နောက်တစ်ပိုင်း အပြစ်ရှိလို့ အရေးယူတာ။ တာဝန်ရှိမှုအရ အရေးယူတဲ့အခါ ကျတော့ နိုင်ငံ့ဝန်ထမ်းဥပဒေအရ ပြစ်ဒဏ် ၉ မျိုးရှိပါတယ်။ အဲဒီပြစ်ဒဏ်၉ မျိုးထဲမှာ အမြင့်ဆုံး ပြစ်ဒဏ်က တော့ ရာထူးက ထုတ်ပယ်တာရယ် ၊နောက်တစ်ခုက ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်တာရယ်။ အဲဒီပြစ်ဒဏ်တွေကို ၉ မျိုး ပေးလို့ရတယ်။ ဒါကတော့ တာဝန်ရှိမှုအရ အရေးယူတာ။ အပြစ်ရှိလို့  အရေးယူတဲ့အခါကျတော့  ဥပဒေ နှစ်ရပ် ရှိတယ်။ တရပ်ကတော့ အကျဉ်းထောင်လက်စွဲဥပဒေ ပုဒ်မ ၅၄(၁) ပေါ့။ တာဝန်ပေါ့လျော့စွာ တာဝန်ထမ်းဆောင်တယ်။ ရွပ်ရွပ်ချွံချွံ မထမ်းဆောင်ဘူး။ ဒါကို စီမံကွပ်ကဲဖို့အတွက် ပေါ့လျော့တဲ့အတွက် သူကတော့ ပြစ်ဒဏ်အားဖြင့် ထောင်ဒဏ် သုံးလ၊ ဒဏ်ငွေက ကျပ်နှစ်သောင်း၊ နှစ်ခုစလုံးလည်း ပေးလို့ရတယ်။ အဲဒါက ဝန်ထမ်း၊ သို့မဟုတ် ထောင်အရာရှိက ဒီအမှုကြီးထဲမှာ မပါဘူး ပေါ့လျော့မှုအတွက်။ သို့သော် နောက်တခုကျတော့ အဲဒီဝန်ထမ်း၊ အဲဒီအရာရှိကိုယ်တိုင်က ထွက်ပြေးမယ့်သူတွေနဲ့ ပူးပေါင်းပြီးတော့၊ အားပေးပြီးတော့ အဲဒီအမှုတွဲမှာ တစိတ်တပိုးမှာ ပူးပေါင်းပါဝင်ရင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၂၅ နဲ့ အရေးယူတယ်။ ၂၂၅ ကျတော့ ထွက်ပြေးတဲ့ အကျဉ်းသားရဲ့ ကျခံရမယ့် နှစ်ကာလ၊ သို့မဟုတ် ကျခံနေတဲ့ နှစ်ကာလအပေါ် မူတည်ပြီးတော့ အနိမ့်ဆုံးပြစ်ဒဏ် ၂ နှစ်ကနေ တသက်တကျွန်းအထိ သူက ပြစ်ဒဏ်ကျခံနိုင်တယ်။ ဆိုကြပါစို့.. သေဒဏ်ကျခံရမယ့် အကျဉ်းသား ထွက်ပြေးဖို့ ကူညီခဲ့မယ်။ ဆောင်ရွက်ပေးခဲ့မယ်။ သို့မဟုတ် ဒီလက်ရှိကိုပဲ သေဒဏ်ကျနေတဲ့ အကျဉ်းသားကို ထွက်ပြေးဖို့ ကူညီခဲ့မယ်ဆိုရင် သူက တသက်တကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ အဲဒီတော့ ဘားအံထောင်မှာ ဖြစ်တဲ့ ဖြစ်စဉ်ကို ကြည့်လိုက်ရင် သာမန်အားဖြင့် ကြည့်ရင်တော့ ပြစ်ဒဏ်က နည်းတယ်လို့ သတ်မှတ်လို့ ရတာပေါ့။ သို့သော် ဟိုဘက်မှာ တာဝန်ရှိမှုအရလည်း သူတို့အလုပ်ကနေ ထုတ်ပယ်တဲ့ ပြစ်ဒဏ်ကို ချမှတ်ခဲ့ပြီ။ ပြီးတော့မှ အပြစ်ရှိမှုအတွက်  ဒီဘက်မှာ လာပြီး ၅၄(၁)အရ တရားစွဲတဲ့ အခါကျတော့ ဟိုဘက်ပြစ်ဒဏ်နဲ့ ချိန်ထိုးပြီး သူတို့ကို ချလိုက်တဲ့အတွက် နည်းတယ်လို့တော့ ပြောလို့မရဘူး။ သို့သော် အဲဒီမှာ ဘာကျန်နေခဲ့သလဲဆိုရင် ဒီအထဲမှာ ခုနက ပေါ့လျော့လို့ ကျတဲ့သူတွေပါသလို၊ ခုနကလို ပူးပေါင်းကြံစည်ပြီး လုပ်သလား ဆိုတာကို တရားရုံးက ဖော်ထုတ်ပြီး စစ်ဆေးနိုင်ခဲ့တာ မပါဘူး။ ဥပမာ ဒီကားကြီးကို သတင်းရလျက်နဲ့ ကားကြီးကို အထဲသွင်းပေးတဲ့ပုဂ္ဂိုလ် ဒီအထဲမှာ မပါဘူး။ လုံခြုံရေးတာဝန်ကျ တရားစွဲတဲ့ အထဲမှာ မပါဘူး။ ဒီလိုလေးတွေတော့ ရှိပါတယ်။ သို့သော် ချသွားတဲ့ ပြစ်ဒဏ်ကတော့ တာဝန်ရှိမှုအရကော အလုပ်က ထုတ်ပယ်ပြီးသား ဖြစ်တဲ့အတွက် ဒီဘက်မှာ ထောင်ဒဏ်ချမှတ်အတဲ့အခါမှာ နှစ်ခုကို ချိန်ဆပြီးပေးတဲ့အတွက် နည်းတယ်လို့တော့ သုံးသပ်လို့မရပါဘူး။” မေး– မကြာခဏ ဖတ်မိတဲ့ သတင်းတွေထဲမှာ လမ်းပေါ်မှာ ဓာတ်ကြိုးပြတ်ကျနေတာကို မသိဘဲ လမ်းလျှောက်ရာက ဓာတ်လိုက်ပြီး သေဆုံးသူ၊ လမ်းမပေါ်မှာ သွားလာတုန်း ဓာတ်တိုင် ကျိုးကျလို့ ကိုယ်ပေါ် မိမိပြီး သေဆုံးရသူ၊ ရေမြောင်းအဖုံး မရှိလို့ ချော်ကျပြီး ခြေတောက်ကျိုးသူတွေကို တွေ့ရပါတယ်။ ဒီလိုကိစ္စမျိုးဖြစ်ရင် နစ်နာသူအတွက် တာဝန်ယူဖို့၊ နစ်နာကြေးပေးဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဘယ်လို တောင်းဆိုရမလဲ ဆိုတာကို ဥပဒေ ဗဟုသုတအနေနဲ့ သိပါရစေ။ “ဒါကတော့ ဒီနောက်ပိုင်းမှာ အတော်များများ မကြာ မကြာ၊ ပြည်သူလူထုအတွင်းမှာ ကြားရတာတွေ ရှိတယ်။ စိတ်မချမ်းမြေ့စရာတွေ ရှိတယ်။ ဒါတွေအပြင်ကိုပဲ ဟိုတလောကတင် ခွေးလေခွေးလွင့်တွေ ဝိုင်းကိုက်လို့ ကလေးတွေ ခံရတာတို့၊ နောက် ဆေးကုသရင်းကနေမှ သေဆုံးသွားတာတွေ။ ဒါတွေဖြစ်တဲ့အခါမှာ များသောအားဖြင့် ဘယ်လို အရေးယူရမလဲ ဆိုတာ မသိကြတာ များတယ်။ နောက် ကျနော်တို့ ဒီမြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ ဥပဒေတွေတ တော်များများကလည်း ဒီပြည်သူတွေက လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ရင်သာ ဘယ်လိုတွေ တာဝန်ရှိမယ်၊ ဘယ်လိုတွေ ပြစ်ဒဏ်ပေးမယ်လို့ ပြဋ္ဌာန်းထားတာ။ ဒီအဖွဲ့အစည်းတွေက ဆောင်ရွက်လို့ ပျက်ကွက်ခဲ့ရင် ဘယ်လိုတွေ တာဝန်ယူမလဲ၊ တာဝန်ခံမလဲ ဆိုတာ ပြဋ္ဌာန်းချက်တွေမှာ မပါဘူး။ အဲဒီတော့ တခုတော့ ရှိတယ်။ ကျနော်တို့ ဥပဒေမှာ အသုံးနည်းတဲ့ ဥပဒေတခု ရှိတယ်။ ၁၉၇၅ မှာ ပြဋ္ဌာန်းခဲ့တဲ့ဟာ ရှိတယ်။ မြန်မာနိုင်ငံသားများ၏ အခွင့်အရေးကာကွယ်ရေးဆိုင်ရာ ဥပဒေ ဆိုတာ ရှိတယ်။ အဲဒီဥပဒေမှာ အစိုးရအဖွဲ့အစည်းတွေက သူတို့ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေကို ကျေပွန်စွာ မဆောင်ရွက်လို့ နစ်နာခဲ့ရင် နစ်နာသူသည် သက်ဆိုင်ရာအဖွဲ့အကြီးအကဲကို တိုင်ကြားခွင့် ရှိတယ်။ တိုင်ကြားရင် ဒါကို စစ်ဆေးပြီးတော့မှ နစ်နာမှုအတွက် ကုစားပေးရမယ်။ လိုအပ်ခဲ့လို့ လျော်ကြေးရှိရင်လည်း လျော်ကြေးပေးရမယ်။ အဲလိုမှ မပေးဘူးဟေ့ဆိုရင် အဲဒီအဖွဲ့ရဲ့ အကြီးအကဲကို အရေးယူရမယ်လို့ ပြဋ္ဌာန်းခဲ့တာ ရှိပါတယ်။ သို့သော် ဒီဥပဒေက လူတွေက အသိနည်းတဲ့အခါကျတော့ တိုင်ကြားတာ နည်းတယ်။ ဒါက ဥပဒေနဲ့အညီ တိုင်းတာ။ နောက်တခုကကျတော့ မိမိရဲ့လျော်ကြေး၊ နစ်နာကြေးအတွက် တရား မနစ်နာမှုဥဒေအရ တရားဝင် ပြဋ္ဌာန်းထားတာ ရှိပါတယ်။ ကျနော်တို့ ခုနက ဆိုကြါစို့။ မြောင်းအဖုံးတွေ ချော်ကျသွားတယ်။ မြောင်းအဖုံးလုပ်ဖို့ တာဝန်ရှိနေတဲ့ မြို့တော်စည်ပင်.. ဒါတွေကို ကျနော်တို့ တိုင်ကြားခွင့်ရှိတယ်။ ဒီခုနက လျော်ကြေးတောင်းခံခွင့် ရှိတယ်။ အလာတူးပဲ လျှပ်စစ်ဓာတ်ကြိုးတွေ ပြတ်ကျနေလို့ မသိဘဲ ဓာတ်လိုက်ပြီး သေဆုံးတယ်။ ဒါဆိုရင် ဒီသက်ဆိုင်ရာ ဌာနရဲ့ အကြီးအကဲ၊ ဒီလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း အကြီးအကဲကို ကျနော်တို့ တိုင်ကြားလို့ရတယ်။ ဆိုလိုတာက ခုနကပြောတဲ့ ၁၉၇၅ ခုနှစ်၊ မြန်မာနိုင်ငံသားများ၏ အခွင့်အရေး ကာကွယ်ရေး  ဥပဒေအရလည်းပဲ သက်ဆိုင်ရာ ဌာနအကြီးအကဲကို တင်ပြပြီး တိုင်ကြားနိုင်တယ်။ လျော်ကြေးတွေ တောင်းခံနိုင်တယ်။ သက်ဆိုင်ရာ တရားရုံး တရုံးရုံးမှာလည်း မိမိရဲ့ နစ်နာမှုကို ဖော်ပြပြီး တရားမအမှုအနေနဲ့ မိမိရဲ့ နစ်နာကြေး၊ လျော်ကြေး တောင်းခံခွင့် ရှိပါတယ်။” မေး– အဂတိမှု ကျူးလွန်လို့ ဖြစ်စေ၊ အခြား ပြစ်မှုတခုခုကို ကျူးလွန်လို့ ဖြစ်စေ ဝရမ်းပြေးအဖြစ် ကြေညာထားသူ တယောက်ကို သာမန်ပြည်သူတဦးက ဖြစ်စေ၊ လူတစုက ဖြစ်စေ အတင်းအကျပ် ဖမ်းဆီးချုပ်နှောင်ခွင့် ရှိပါသလား၊ ဒီလို လုပ်ဆောင်ရာမှာ တရားခံက သေစေလောက်တဲ့ လက်နက်ပစ္စည်းတခုခုနဲ့ ခုခံမယ်ဆိုရင် ဖမ်းဆီးတဲ့သူတွေက အဲဒီတရားခံကို အနာတရဖြစ်စေအောင် လုပ်ပြီး ဖမ်းဆီးရင် ဥပဒေနဲ့ ငြိစွန်းနိုင်ပါသလား။ “လက်ရှိ အခင်းအကျင်းမှာ ဝရမ်းပြေးက များတယ်။ ကျနော်တို့ခေတ်က ဝရမ်းပြေးတွေခေတ် ဖြစ်နေတာပေါ့။ သက်ဆိုင်ရာ အကြောင်းကြောင်းတွေကြောင့် ရဲတပ်ဖွဲ့ကလည်း မဖမ်းနိုင်ဘူး။ လူသူကြားထဲမှာ ရှိနေတယ်။ တရားခံပြေး ကြေညာထားတာ သိတယ်။ သိတယ်ဆိုရင် ကျနော်တို့ ပြည်သူတွေက ဖမ်းဆီးခွင့် ရှိပါတယ်။ သို့သော် ဖမ်းဆီးမယ့် အချက်နဲ့တော့ ကိုက်ညီရမယ်။ အဲဒါကတော့ သူသည် တရားရုံး တရုံးရုံးကနေ တရားခံပြေးအဖြစ် ကြေညာထားတဲ့သူ ဖြစ်ရမယ်။ နောက်.. ဖမ်းဝရမ်းထုတ်ပေးထားတဲ့သူ ဖြစ်ရမယ်။ ဖမ်းဝရမ်းကလည်း ဒီခုနက တနိုင်ငံလုံးမှာ လွှမ်းခြုံပြီး ဖမ်းဆီးနိုင်တဲ့ ဖမ်းဝရမ်းမျိုး ဖြစ်ရမယ်။ အဲဒါဆိုရင်တော့ ဒီရဲတပ်ဖွဲ့ကို နောက်တခါ ဒီသူတို့ဖမ်းတဲ့အချိန်မှာ ရဲတပ်ဖွဲ့၊ သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့အစည်းကို ရုတ်တရက် အကြောင်းကြားဖို့၊ သူတို့ ဖမ်းဆီးနိုင်ဖို့ အခွင့်အရေး မရှိဘူး။ ကိုယ်မှ မဖမ်းဆီးဘူးဆိုရင် လွတ်မြောက်သွားနိုင်မယ့် အခြေအနေမှာ ဆိုရင် ဖမ်ဆီးပိုင်ခွင့် ရှိပါတယ်။ ကျင့်ထုံးဥပဒေမှာလည်း ပေးထားတယ်။ ဒီရာဇဝတ်ကျင့်ထုံး ဥပဒေမှာ အတိအကျ ပေးထားပါတယ်။ ပေးထားတဲ့အပြင်… ဘာပေးထားလဲဆိုေတာ့ သူက ဖမ်းဆီးတဲ့အခါမှာ ထွက်ပြေးရင်ပဲ ဖြစ်ဖြစ်၊ သို့တည်းမဟုတ် ပြန်ပြီးတော့ လက်နက်တွေနဲ့ပြန်ပြီးတော့ ခုခံမယ်ဆိုခဲ့ရင်လည်းပဲ သူ့ကို မည်သည့်နည်းနဲ့ဖြစ်ဖြစ် ဖမ်းဆီးနိုင်ဖို့ အတင်းအကျပ် ဆောင်ရွက်နိုင်ခွင့် ရှိတယ်။ ပြန်လည် ခုခံနိုင်ခွင့်ရှိတယ်။ အဲဒီလို ခုခံတဲ့အခါမှာ တခုခု ဖြစ်သွားမယ်၊ ဒဏ်ရာ အနာတရ .. ရသွားမယ်။ အဲဒါဆိုရင် သူက ကျင့်ထုံးဥပဒေအရ ပြဋ္ဌာန်းပေးထားတာ။ အဲဒီ ဖမ်းဆီးရမယ့် တရားခံပြေးသည် သေဒဏ်ကျခံရမည့်သူ၊ သို့မဟုတ် တသက်တကျွန်း ကျခံရမယ့်လူမှအပ ကျန်တဲ်သူတွေဆိုရင် မသေစေရလို့ပဲ ပြဋ္ဌာန်းထားတယ်။ မသေဘူးဆိုရင် ကျိုးသွားလည်း ပြဿနာမရှိဘူး၊ ပဲ့သွားလည်း ပြဿနာမရှိဘူး။ အဲဒီအတွက် ဒီဘက် ရာဇသတ်ကြီးဥပဒေမှာလည်းပဲ ဒီကင်းလွတ်ခွင့် ပေးထားတယ်။ ဒီလို ဝရမ်းပြေးတွေကို ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ပဲ ဖြစ်စေ၊ ရဲတပ်ဖွဲ့ကို အကြောင်းမကြားနိုင်လို့ ပြည်သူလူထုက ဝိုင်းဝန်းဖမ်းဆီးလို့ပဲ ဖြစ်စေ၊ ထွက်ပြေးရင်၊ သို့မဟုတ် ခုခံရင် အတင်းအကျပ် ဖမ်းဆီးတဲ့အခါမှာ ဒဏ်ရာအနာတရ ဖြစ်သွားရင် တာဝန်မရှိပါဘူး၊ ကင်းလွတ်ခွင့်ရှိပါတယ်။ ဒါကြောင့် ပြည်သူလူထုတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ပူးပေါင်းဖမ်းဆီးခွင့် ရှိပါတယ်။ ကူညီလို့ ရပါတယ်။” ~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version လမ္းေပၚ ျပတ္က်ေနသည့္ ဓာတ္ႀကိဳးေၾကာင့္ ဓာတ္လိုက္ေသဆုံးမႈ ဘယ္သူ႔မွာ တာဝန္ရွိသလဲ (ဥပေဒေရးရာ အေမးအေျဖ)  သက္ငယ္မုဒိမ္းမႈ၊ ဉာဏ္ရည္ မမီသူအား ႐ိုက္ႏွက္မႈ၊ ေထာင္သားထြက္ေျပးမႈ စတာေတြနဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္ကေန ေမးျမန္းထားတာေတြကို  ဦးခင္ေမာင္ျမင့္ (ဥပေဒအႀကံေပး) အား ဒီဗြီဘီက ေတြ႕ဆုံေမးျမန္းထားပါတယ္။ ေမး– က်မတို႔ႏိုင္ငံမွာ သက္ငယ္မုဒိမ္းမႈကို ႀကီးေလးတဲ့ ျပစ္ဒဏ္အေနနဲ႔ သတ္မွတ္ၿပီး ျဖစ္ပါတယ္။ ဒါေပမဲ့ မၾကာခင္က ျပ႒ာန္းခဲ့တဲ့ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒအရ အသက္ ၁၈ ႏွစ္မျပည့္ေသးသူေတြကို ကေလးသူငယ္လို႔ သတ္မွတ္လိုက္တဲ့အတြက္ သက္ငယ္မုဒိမ္း က်ဴးလြန္တဲ့ သူက အသက္ ၁၈ ႏွစ္ေအာက္ ျဖစ္ေနရင္ အာမခံေပးႏိုင္ပါသလား၊ ႀကီးေလးတဲ့ ျပစ္ဒဏ္ခ်မွတ္လို႔ မရဘူးလားဆိုတာကို ဥပေဒ ဗဟုသုတအေနနဲ႔ သိပါရေစရွင့္။ “အတိုခ်ဳပ္ေျပာမယ္ ဆိုရင္ေတာ့ ၂၀၁၉ ျပ႒ာန္းလိုက္တဲ့ ကေလးသူငယ္ အခြင့္အေရး ဥပေဒေပါ့ေနာ္။ အဲဒီဥပေဒအရဆိုရင္ က်ေနာ္တို႔က အသက္ ၁၈ ႏွစ္ေအာက္ဆိုရင္ ကေလးသူငယ္လို႔ သတ္မွတ္လိုက္တာေပါ့။ သတ္မွတ္လိုက္ေတာ့ သူရဲ႕ဥပေဒ ျပ႒ာန္းခ်က္အရ ဆိုရင္ ကေလးသူငယ္ကို ဘယ္အေၾကာင္းနဲ႔မွ ဒီအခ်ဳပ္က်ခံျခင္း မရွိရဘူးလို႔ ျပ႒ာန္းထားတဲ့အတြက္ သူက ဒီအာမခံေပးဖို႔ဆိုတာ မလိုအပ္ေတာ့ဘူးေပါ့။ သို႔ေသာ္ ဒီျပစ္မႈ က်ဴးလြန္တဲ့အခါမွာ သူ ဘယ္လို ရင္ဆိုင္မလဲေပါ့။ နံပါတ္တစ္က ျပစ္မႈက်ဴးလြန္တဲ့ ကေလးသူငယ္သည္ သူ႔ဥပေဒအရဆိုရင္ ၁၀ ႏွစ္ ေအာက္ဆိုရင္ ဒီကင္းလြတ္ခြင့္ရတဲ့အတြက္ သူကို ဘာမွ အေရးမယူဘူး။ ၁၂ ႏွစ္ေအာက္ ဆိုလို႔ရွိရင္လည္းပဲ.. ၁၂ ႏွစ္ေအာက္ေတာ့ ျဖစ္တယ္။ ဒါေပမဲ့ သူ ျပဳလုပ္တဲ့ ျပစ္မႈရဲ႕ အက်ိဳး အျပစ္ကို သူ မသိဘူးဆိုရင္လည္းပဲ ဒါ သူ႔ကို အျပစ္ေပးလို႔မရဘူး။ ေနာက္တစ္ခါ ၁၈ ႏွစ္ေအာက္ ကေလးသူငယ္ေတြက်ေတာ့ ေသဒဏ္၊ ေထာင္ဒဏ္ တစ္သက္ ျပစ္ဒဏ္၊ ေနာက္တခါ ႏွစ္ ၂၀ ျပစ္ဒဏ္။ အဲဒီလို ျပစ္ဒဏ္ႀကီးေတြ မဟုတ္တဲ့ တျခား အေသးအဖြဲ ျပစ္မႈေတြ ဆိုရင္ သူတို႔ကို အျပစ္ေပးလို႔မရဘူး။ အဲဒီေတာ့ သူ႔ရဲ႕ျပ႒ာန္းခ်က္အရ သူတို႔ ခုနက ေျပာတဲ့ ေသဒဏ္က်ခံႏိုင္တဲ့ ျပစ္မႈႀကီးမ်ိဳးေတြ က်ဴးလြန္မယ္။ ေနာက္ ေထာင္ဒဏ္တစ္သက္ က်ခံႏိုင္တာေတြ ျဖစ္မယ္။ ေထာင္ဒဏ္ႏွစ္ ၂၀ က်ခံႏိုင္တဲ့ ျပစ္မႈႀကီးမ်ိဳးေတြ က်ဳးလြန္ခဲ့တယ္။ က်ဴးလြန္႐ုံတင္ မဟုတ္ဘူး၊ အဲဒီကေလးက မိဘအုပ္ထိန္းသူေတြကလည္း မလာဘူး။ ရပ္႐ြာကလည္း အုပ္ခ်ဳပ္လို႔ မႏိုင္တဲ့ ဆိုးသြမ္းတဲ့ လူငယ္ျဖစ္ၿပီဆိုမွ၊ သူက ဒါ ဥပေဒအရ အေရးယူမယ္။ အေရးယူတဲ့အခါက်ေတာ့ လက္ထိတ္၊ ေျခခ်င္းႀကိဳးနဲ႔ တုပ္ေႏွာင္ျခင္း မျပဳရဘူး။ သူ႔ကို ကေလးသူငယ္ တရား႐ုံးမွာ အျမန္ဆုံး ပို႔ဖို႔ လုပ္ရမယ္။ ကေလးသူငယ္တရား႐ုံးနဲ႔ အလွမ္းေဝးေနတယ္ဆိုရင္ ဒီမိဘေဆြမ်ိဳးရဲ႕ အုပ္ထိန္းသူရဲ႕ ေကာင္းမြန္စြာ ေနထိုင္ပါမယ္ဆိုတဲ့ ခံဝန္ခ်က္နဲ႔ သူ႔ကို အျပင္မွာ လႊတ္ထားေပးရမယ္။ သို႔ေသာ္ မိဘအုပ္ထိန္းသူေတြက သူကို ခံဝန္မလုပ္ေပးႏိုင္ဘူး။ သူ အင္မတန္ ဆိုးသြမ္းတယ္ဆိုရင္ေတာ့ ဒီကိစၥအတြက္ လူမႈဝန္ထမ္းဦးစီးဌာနကေန တည္ေထာင္ထားတဲ့ သီးျခားေဂဟာတခုာ သူ႔ကို ခ်ဳပ္ေႏွာင္ေပးထားရမယ္။ ဒါေၾကာင့္ ျပန္ေျပာမယ္ ဆိုရင္ေတာ့ သူတို႔ကို ၁၈ ႏွစ္ေအာက္ ကေလးသူငယ္ေတြ ျပစ္မႈ က်ဴးလြန္ရင္ အာမခံမလိုအပ္ပါဘူး။ သူက အဲဒီအာမခံကင္းလြတ္ခြင့္ ရတယ္။ ေနာက္တခါ ျပစ္ဒဏ္ေတြအေနနဲ႔က်ရင္လည္း  သူသည္ အသက္ ၁၆ ႏွစ္ေအာက္၊ ၁၂ ႏွစ္နဲ႔ ၁၆ ႏွစ္ၾကား ကေလးေတြ က်ဳးလြန္ခဲ့ရင္ ျပစ္ဒဏ္ ၇ ႏွစ္ထက္ ပိုၿပီးေတာ့ အျပစ္ေပးလို႔ မရဘူး။ ေနာက္တခါ အသက္ ၁၈ ႏွစ္ေအာက္ ကေလးက က်ဴးလြန္မယ္ေဟ့ ဆိုရင္ ျပစ္ဒဏ္ ၁၀ ႏွစ္ထက္ ပိုၿပီးေတာ့ ခ်လို႔မရဘူး။ အဲဒီေတာ့ ဒီအသက္ ၁၈ ႏွစ္ေအာက္ ကေလးငယ္က သက္ငယ္မုဒိမ္း က်ဴးလြန္ခဲ့မယ္ ဆိုရင္ သူသည္ အျမင့္ဆုံးရႏိုင္တဲ့ ျပစ္ဒဏ္သည္ ဟိုဥပေဒမွာ ေသဒဏ္ ဘယ္လိုပဲ ျပ႒ာန္းထားထား၊ သူ ရႏိုင္တဲ့ျပစ္ဒဏ္သည္ ၁၀ ႏွစ္အထက္ မပိုေသာ ျပစ္ဒဏ္ပဲ ရမယ္။” ေမး– က်ေနာ့္ရဲ႕ ညီအရင္းတေယာက္က ေမြးရာပါ ဉာဏ္ရည္ မမီတဲ့သူျဖစ္ၿပီ အခုဆိုရင္ ၁၀ ႏွစ္ရွိပါၿပီ။ က်ေနာ္တို႔က ႐ြာမွာေနေတာ့ ေက်ာင္းအပ္ဖို႔လည္း အဆင္မေျပပါဘူး။ လြန္ခဲ့တဲ့ တပတ္ေလာက္က ႐ြာထဲမွာ ေလွ်ာက္သြားေနတုန္း ကေလးႏွစ္ေယာက္က ဝိုင္းၿပီး စေနာက္ရာက က်ေနာ့္ညီက ကေလးတေယာက္ကို တြန္းလိုက္လို႔ လဲက်သြားပါတယ္။ အဲဒီအခ်ိန္မွာ ကေလးအေမ ေရာက္လာၿပီး ဉာဏ္ရည္မမီတဲ့ က်ေနာ့္ညီကို ပါး႐ိုက္ပါတယ္။ ဒဏ္ရာလည္း ရခဲ့ပါတယ္။ အခုအခ်ိန္ထိ ၾကပ္ထုပ္ထိုးေနရတုန္းပဲ။ ဒီကိစၥကို ရဲစခန္း တိုင္လို႔ရ ပါသလား။ ဘယ္လို တိုင္ရမလဲ ဆိုတာကို သိပါရေစ။ “က်ေနာ္တို႔က ဒီမသန္စြမ္းကေလး ဆိုတာေလး သိဖို႔ လိုတာေပါ့ေလ။ မသန္စြမ္းကို တကယ္တမ္း သတ္မွတ္ထားတာက ၄ မ်ိဳး ရွိပါတယ္။ တမ်ိဳးက ကိုယ္အဂၤါမသန္စြမ္း၊ ေနာက္တခုက အျမင္အာ႐ုံ မသန္စြမ္း၊ ေနာက္ အၾကားအာ႐ုံ မသန္စြမ္းတာရယ္၊ ဉာဏ္ရည္မသန္စြမ္းတာရယ္။ အဲဒီေတာ့ ကိုယ္အဂၤါ မသန္စြမ္းတဲ့ ကေလးေတြ၊ ေနာက္ အျမင္အာ႐ုံ၊ အၾကားအာ႐ုံမသန္စြမ္း… ဒါက အသက္ ၁၈ ႏွစ္ျပည့္ၿပီး သူကိုယ္တိုင္လည္း အမႈဖြင့္လို႔ ရတယ္။ သို႔မဟုတ္ သူတို႔က မဖြင့္ႏိုင္ဘူးဆိုရင္ သူတို႔ရဲ႕ အုပ္ထိန္းသူ၊ သို႔မဟုတ္ မိဘက အမႈဖြင့္လို႔ ရတယ္။ သို႔ေသာ္ ဉာဏ္ရည္မမီတဲ့ ကေလးက်ေတာ့ သူကိုယ္တိုင္ မဖြင့္ႏိုင္တဲ့အတြက္ မိဘ သို႔မဟုတ္၊ အုပ္ထိန္းသူကေန ဖြင့္ေပးရမွာေပါ့။ ဘယ္မွာ ဖြင့္မလဲဆိုရင္ သူ႔ကို အႏိုင္အထက္ အလုပ္ခံရတဲ့ ေနရာမွာရွိတဲ့ နယ္ေျမရဲစခန္း၊ သို႔မဟုတ္ ၿမိဳ႕မရဲစခန္းမွာ ဖြင့္လို႔လည္း ရတယ္။ သို႔တည္းမဟုတ္ ကေလး ေနထိုင္တဲ့ ေနရာမွာရွိတဲ့ ဒီနယ္ေျမရဲစခန္း သို႔မဟုတ္ ၿမိဳ႕မရဲစခန္းမွာလည္း ဖြင့္လို႔ရပါတယ္။ ဖြင့္တဲ့အခါမွာ ဒီရဲစခန္းကလည္းပဲ သူ႔ရဲလက္စြဲ ဥပေဒအရ အမႈလာဖြင့္တယ္ဆိုရင္ ဒါကို လက္မခံလို႔ မရဘူး။ လက္ခံၿပီးေတာ့ ဖြင့္ေပးရပါတယ္။ အခု ဒီေမးတဲ့အထဲမွာ ဆိုရင္ သူက တိုင္ၾကားလို႔ရသမွ် တိုင္ၾကားလို႔ရတယ္။ ကဲ.. ဘာနဲ႔ တိုင္ၾကားမလဲ။ ဒီကေလးဆိုရင္ သူ႔ရဲ႕ဒဏ္ရာေပၚမွာ မူတည္ၿပီးေတာ့မွ သာမန္နာက်င္ေစမႈနဲ႔ တိုင္ၾကားလို႔ ရသလို၊ ဒဏ္ရာျပင္းထန္တယ္ဆိုရင္ အျပင္းအထန္ နာက်င္ေစမႈနဲ႔ တိုင္ၾကားလို႔ ရတယ္။ ၂၀၁၅ မွာ မသန္စြမ္းသူမ်ားရဲ႕ အခြင့္အေရး ကာကြယ္ေရးဥပေဒဆိုတာ ျပ႒ာန္းၿပီးသား ျဖစ္တယ္။ အဲဒီဥပေဒမွာဆိုရင္လည္း မသန္စြမ္းေတြနဲ႔ ပတ္သက္လို႔ အႏိုင္အထက္လုပ္တာ၊ အၾကမ္းဖက္တာ၊ ႏွိပ္စက္တာ၊ ညႇဥ္းပန္းတာေတြအတြက္ သီးသန႔္ျပစ္ဒဏ္ ျပ႒ာန္းေပးထားတယ္။ အဲဒီဥပေဒအရလည္း တိုင္လို႔ ရတယ္။ အဲဒီဥပေဒအရဆိုရင္ အျမင့္ဆုံး ျပစ္ဒဏ္  ေထာင္ဒဏ္ ၁ ႏွစ္အထိ ခ်လို႔ရတယ္။ ေငြဒဏ္က ၁၅ သိန္းအထိ ခ်လို႔ရမယ္။ အဲဒီျပစ္ဒဏ္ ႏွစ္ရပ္စလုံးလည္း ခ်ေပးလို႔ ရပါတယ္။ ျပန္ခ်ဳပ္ေျပာရင္ေတာ့ ဒီမသန္စြမ္းတဲ့ ကေလးေတြနဲ႔ပတ္သက္တဲ့ ဒီအႏိုင္အထက္ ျပဳက်င့္ခံရတာေတြ ဆိုလို႔ရွိရင္ မိဘ၊ သို႔မဟုတ္ အုပ္ထိန္းသူကေနမွ သူက တိုင္ၾကားေပးလို႔ ရပါတယ္။” ေမး– ဒီႏွစ္ထဲမွာ အခ်ဳပ္ေဖာက္ေျပးတာ၊ ေထာင္ေဖာက္ထြက္ေျပးတဲ့ ကိစၥေတြ ခပ္စိပ္စိပ္ ျဖစ္လာတာ ေတြ႕ရပါတယ္။ ဒါေပမဲ့ အခ်ဳပ္သား၊ ေထာင္သား ထြက္ေျပးတဲ့ကိစၥမွာ တာဝန္ရွိသူေတြကို အေရးယူတာက မျဖစ္စေလာက္လို ျဖစ္ေနပါတယ္။ ဥပမာ- မႏွစ္က ဘားအံေထာင္မွာ အက်ဥ္းသား ၄၀ ေက်ာ္ ထြက္ေျပးတဲ့ကိစၥမွာ ေထာင္က တာဝန္ရွိသူေတြကို  မစို႔မပို႔ ေထာင္ဒဏ္ေလးသာ ခ်မွတ္ခဲ့တာ ေတြ႕ရပါတယ္။ အခ်ဳပ္သား၊ ေထာင္သားေတြ ထြက္ေျပးတဲ့ အမႈအခင္းေတြမွာ ခ်မွတ္ႏိုင္တဲ့ ျပစ္ဒဏ္နဲ႔ ပတ္သက္ၿပီး သိလိုပါတယ္။ အက်ဥ္းသား ထြက္ေျပးမႈနဲ႔ ပတ္သက္ၿပီးေတာ့ အေရးယူတဲ့အခါမွာ ႏွစ္ပိုင္းခြဲၿပီး အေရးယူတာပါ။ တပိုင္းက တာဝန္ရွိမႈအရ အေရးယူတာ၊ ေနာက္တစ္ပိုင္း အျပစ္ရွိလို႔ အေရးယူတာ။ တာဝန္ရွိမႈအရ အေရးယူတဲ့အခါ က်ေတာ့ ႏိုင္ငံ့ဝန္ထမ္းဥပေဒအရ ျပစ္ဒဏ္ ၉ မ်ိဳးရွိပါတယ္။ အဲဒီျပစ္ဒဏ္၉ မ်ိဳးထဲမွာ အျမင့္ဆုံး ျပစ္ဒဏ္က ေတာ့ ရာထူးက ထုတ္ပယ္တာရယ္ ၊ေနာက္တစ္ခုက ဝန္ထမ္းအျဖစ္မွ ထုတ္ပစ္တာရယ္။ အဲဒီျပစ္ဒဏ္ေတြကို ၉ မ်ိဳး ေပးလို႔ရတယ္။ ဒါကေတာ့ တာဝန္ရွိမႈအရ အေရးယူတာ။ အျပစ္ရွိလို႔  အေရးယူတဲ့အခါက်ေတာ့  ဥပေဒ ႏွစ္ရပ္ ရွိတယ္။ တရပ္ကေတာ့ အက်ဥ္းေထာင္လက္စြဲဥပေဒ ပုဒ္မ ၅၄(၁) ေပါ့။ တာဝန္ေပါ့ေလ်ာ့စြာ တာဝန္ထမ္းေဆာင္တယ္။ ႐ြပ္႐ြပ္ခြၽံခြၽံ မထမ္းေဆာင္ဘူး။ ဒါကို စီမံကြပ္ကဲဖို႔အတြက္ ေပါ့ေလ်ာ့တဲ့အတြက္ သူကေတာ့ ျပစ္ဒဏ္အားျဖင့္ ေထာင္ဒဏ္ သုံးလ၊ ဒဏ္ေငြက က်ပ္ႏွစ္ေသာင္း၊ ႏွစ္ခုစလုံးလည္း ေပးလို႔ရတယ္။ အဲဒါက ဝန္ထမ္း၊ သို႔မဟုတ္ ေထာင္အရာရွိက ဒီအမႈႀကီးထဲမွာ မပါဘူး ေပါ့ေလ်ာ့မႈအတြက္။ သို႔ေသာ္ ေနာက္တခုက်ေတာ့ အဲဒီဝန္ထမ္း၊ အဲဒီအရာရွိကိုယ္တိုင္က ထြက္ေျပးမယ့္သူေတြနဲ႔ ပူးေပါင္းၿပီးေတာ့၊ အားေပးၿပီးေတာ့ အဲဒီအမႈတြဲမွာ တစိတ္တပိုးမွာ ပူးေပါင္းပါဝင္ရင္ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၂၂၅ နဲ႔ အေရးယူတယ္။ ၂၂၅ က်ေတာ့ ထြက္ေျပးတဲ့ အက်ဥ္းသားရဲ႕ က်ခံရမယ့္ ႏွစ္ကာလ၊ သို႔မဟုတ္ က်ခံေနတဲ့ ႏွစ္ကာလအေပၚ မူတည္ၿပီးေတာ့ အနိမ့္ဆုံးျပစ္ဒဏ္ ၂ ႏွစ္ကေန တသက္တကြၽန္းအထိ သူက ျပစ္ဒဏ္က်ခံႏိုင္တယ္။ ဆိုၾကပါစို႔.. ေသဒဏ္က်ခံရမယ့္ အက်ဥ္းသား ထြက္ေျပးဖို႔ ကူညီခဲ့မယ္။ ေဆာင္႐ြက္ေပးခဲ့မယ္။ သို႔မဟုတ္ ဒီလက္ရွိကိုပဲ ေသဒဏ္က်ေနတဲ့ အက်ဥ္းသားကို ထြက္ေျပးဖို႔ ကူညီခဲ့မယ္ဆိုရင္ သူက တသက္တကြၽန္းအထိ ျပစ္ဒဏ္ခ်မွတ္ႏိုင္ပါတယ္။ အဲဒီေတာ့ ဘားအံေထာင္မွာ ျဖစ္တဲ့ ျဖစ္စဥ္ကို ၾကည့္လိုက္ရင္ သာမန္အားျဖင့္ ၾကည့္ရင္ေတာ့ ျပစ္ဒဏ္က နည္းတယ္လို႔ သတ္မွတ္လို႔ ရတာေပါ့။ သို႔ေသာ္ ဟိုဘက္မွာ တာဝန္ရွိမႈအရလည္း သူတို႔အလုပ္ကေန ထုတ္ပယ္တဲ့ ျပစ္ဒဏ္ကို ခ်မွတ္ခဲ့ၿပီ။ ၿပီးေတာ့မွ အျပစ္ရွိမႈအတြက္  ဒီဘက္မွာ လာၿပီး ၅၄(၁)အရ တရားစြဲတဲ့ အခါက်ေတာ့ ဟိုဘက္ျပစ္ဒဏ္နဲ႔ ခ်ိန္ထိုးၿပီး သူတို႔ကို ခ်လိုက္တဲ့အတြက္ နည္းတယ္လို႔ေတာ့ ေျပာလို႔မရဘူး။ သို႔ေသာ္ အဲဒီမွာ ဘာက်န္ေနခဲ့သလဲဆိုရင္ ဒီအထဲမွာ ခုနက ေပါ့ေလ်ာ့လို႔ က်တဲ့သူေတြပါသလို၊ ခုနကလို ပူးေပါင္းႀကံစည္ၿပီး လုပ္သလား ဆိုတာကို တရား႐ုံးက ေဖာ္ထုတ္ၿပီး စစ္ေဆးႏိုင္ခဲ့တာ မပါဘူး။ ဥပမာ ဒီကားႀကီးကို သတင္းရလ်က္နဲ႔ ကားႀကီးကို အထဲသြင္းေပးတဲ့ပုဂၢိဳလ္ ဒီအထဲမွာ မပါဘူး။ လုံၿခဳံေရးတာဝန္က် တရားစြဲတဲ့ အထဲမွာ မပါဘူး။ ဒီလိုေလးေတြေတာ့ ရွိပါတယ္။ သို႔ေသာ္ ခ်သြားတဲ့ ျပစ္ဒဏ္ကေတာ့ တာဝန္ရွိမႈအရေကာ အလုပ္က ထုတ္ပယ္ၿပီးသား ျဖစ္တဲ့အတြက္ ဒီဘက္မွာ ေထာင္ဒဏ္ခ်မွတ္အတဲ့အခါမွာ ႏွစ္ခုကို ခ်ိန္ဆၿပီးေပးတဲ့အတြက္ နည္းတယ္လို႔ေတာ့ သုံးသပ္လို႔မရပါဘူး။” ေမး– မၾကာခဏ ဖတ္မိတဲ့ သတင္းေတြထဲမွာ လမ္းေပၚမွာ ဓာတ္ႀကိဳးျပတ္က်ေနတာကို မသိဘဲ လမ္းေလွ်ာက္ရာက ဓာတ္လိုက္ၿပီး ေသဆုံးသူ၊ လမ္းမေပၚမွာ သြားလာတုန္း ဓာတ္တိုင္ က်ိဳးက်လို႔ ကိုယ္ေပၚ မိမိၿပီး ေသဆုံးရသူ၊ ေရေျမာင္းအဖုံး မရွိလို႔ ေခ်ာ္က်ၿပီး ေျခေတာက္က်ိဳးသူေတြကို ေတြ႕ရပါတယ္။ ဒီလိုကိစၥမ်ိဳးျဖစ္ရင္ နစ္နာသူအတြက္ တာဝန္ယူဖို႔၊ နစ္နာေၾကးေပးဖို႔ ဘယ္သူ႔မွာ တာဝန္ရွိသလဲ။ ဘယ္လို ေတာင္းဆိုရမလဲ ဆိုတာကို ဥပေဒ ဗဟုသုတအေနနဲ႔ သိပါရေစ။ “ဒါကေတာ့ ဒီေနာက္ပိုင္းမွာ အေတာ္မ်ားမ်ား မၾကာ မၾကာ၊ ျပည္သူလူထုအတြင္းမွာ ၾကားရတာေတြ ရွိတယ္။ စိတ္မခ်မ္းေျမ့စရာေတြ ရွိတယ္။ ဒါေတြအျပင္ကိုပဲ ဟိုတေလာကတင္ ေခြးေလေခြးလြင့္ေတြ ဝိုင္းကိုက္လို႔ ကေလးေတြ ခံရတာတို႔၊ ေနာက္ ေဆးကုသရင္းကေနမွ ေသဆုံးသြားတာေတြ။ ဒါေတြျဖစ္တဲ့အခါမွာ မ်ားေသာအားျဖင့္ ဘယ္လို အေရးယူရမလဲ ဆိုတာ မသိၾကတာ မ်ားတယ္။ ေနာက္ က်ေနာ္တို႔ ဒီျမန္မာႏိုင္ငံမွာ တည္ရွိေနတဲ့ ဥပေဒေတြတ ေတာ္မ်ားမ်ားကလည္း ဒီျပည္သူေတြက လိုက္နာေဆာင္႐ြက္ဖို႔ ပ်က္ကြက္ခဲ့ရင္သာ ဘယ္လိုေတြ တာဝန္ရွိမယ္၊ ဘယ္လိုေတြ ျပစ္ဒဏ္ေပးမယ္လို႔ ျပ႒ာန္းထားတာ။ ဒီအဖြဲ႕အစည္းေတြက ေဆာင္႐ြက္လို႔ ပ်က္ကြက္ခဲ့ရင္ ဘယ္လိုေတြ တာဝန္ယူမလဲ၊ တာဝန္ခံမလဲ ဆိုတာ ျပ႒ာန္းခ်က္ေတြမွာ မပါဘူး။ အဲဒီေတာ့ တခုေတာ့ ရွိတယ္။ က်ေနာ္တို႔ ဥပေဒမွာ အသုံးနည္းတဲ့ ဥပေဒတခု ရွိတယ္။ ၁၉၇၅ မွာ ျပ႒ာန္းခဲ့တဲ့ဟာ ရွိတယ္။ ျမန္မာႏိုင္ငံသားမ်ား၏ အခြင့္အေရးကာကြယ္ေရးဆိုင္ရာ ဥပေဒ ဆိုတာ ရွိတယ္။ အဲဒီဥပေဒမွာ အစိုးရအဖြဲ႕အစည္းေတြက သူတို႔ ေဆာင္႐ြက္ရမယ့္ လုပ္ငန္းတာဝန္ေတြကို ေက်ပြန္စြာ မေဆာင္႐ြက္လို႔ နစ္နာခဲ့ရင္ နစ္နာသူသည္ သက္ဆိုင္ရာအဖြဲ႕အႀကီးအကဲကို တိုင္ၾကားခြင့္ ရွိတယ္။ တိုင္ၾကားရင္ ဒါကို စစ္ေဆးၿပီးေတာ့မွ နစ္နာမႈအတြက္ ကုစားေပးရမယ္။ လိုအပ္ခဲ့လို႔ ေလ်ာ္ေၾကးရွိရင္လည္း ေလ်ာ္ေၾကးေပးရမယ္။ အဲလိုမွ မေပးဘူးေဟ့ဆိုရင္ အဲဒီအဖြဲ႕ရဲ႕ အႀကီးအကဲကို အေရးယူရမယ္လို႔ ျပ႒ာန္းခဲ့တာ ရွိပါတယ္။ သို႔ေသာ္ ဒီဥပေဒက လူေတြက အသိနည္းတဲ့အခါက်ေတာ့ တိုင္ၾကားတာ နည္းတယ္။ ဒါက ဥပေဒနဲ႔အညီ တိုင္းတာ။ ေနာက္တခုကက်ေတာ့ မိမိရဲ႕ေလ်ာ္ေၾကး၊ နစ္နာေၾကးအတြက္ တရား မနစ္နာမႈဥေဒအရ တရားဝင္ ျပ႒ာန္းထားတာ ရွိပါတယ္။ က်ေနာ္တို႔ ခုနက ဆိုၾကါစို႔။ ေျမာင္းအဖုံးေတြ ေခ်ာ္က်သြားတယ္။ ေျမာင္းအဖုံးလုပ္ဖို႔ တာဝန္ရွိေနတဲ့ ၿမိဳ႕ေတာ္စည္ပင္.. ဒါေတြကို က်ေနာ္တို႔ တိုင္ၾကားခြင့္ရွိတယ္။ ဒီခုနက ေလ်ာ္ေၾကးေတာင္းခံခြင့္ ရွိတယ္။ အလာတူးပဲ လွ်ပ္စစ္ဓာတ္ႀကိဳးေတြ ျပတ္က်ေနလို႔ မသိဘဲ ဓာတ္လိုက္ၿပီး ေသဆုံးတယ္။ ဒါဆိုရင္ ဒီသက္ဆိုင္ရာ ဌာနရဲ႕ အႀကီးအကဲ၊ ဒီလွ်ပ္စစ္ဓာတ္အားေပးေကာ္ပိုေရးရွင္း အႀကီးအကဲကို က်ေနာ္တို႔ တိုင္ၾကားလို႔ရတယ္။ ဆိုလိုတာက ခုနကေျပာတဲ့ ၁၉၇၅ ခုႏွစ္၊ ျမန္မာႏိုင္ငံသားမ်ား၏ အခြင့္အေရး ကာကြယ္ေရး  ဥပေဒအရလည္းပဲ သက္ဆိုင္ရာ ဌာနအႀကီးအကဲကို တင္ျပၿပီး တိုင္ၾကားႏိုင္တယ္။ ေလ်ာ္ေၾကးေတြ ေတာင္းခံႏိုင္တယ္။ သက္ဆိုင္ရာ တရား႐ုံး တ႐ုံး႐ုံးမွာလည္း မိမိရဲ႕ နစ္နာမႈကို ေဖာ္ျပၿပီး တရားမအမႈအေနနဲ႔ မိမိရဲ႕ နစ္နာေၾကး၊ ေလ်ာ္ေၾကး ေတာင္းခံခြင့္ ရွိပါတယ္။” ေမး– အဂတိမႈ က်ဴးလြန္လို႔ ျဖစ္ေစ၊ အျခား ျပစ္မႈတခုခုကို က်ဴးလြန္လို႔ ျဖစ္ေစ ဝရမ္းေျပးအျဖစ္ ေၾကညာထားသူ တေယာက္ကို သာမန္ျပည္သူတဦးက ျဖစ္ေစ၊ လူတစုက ျဖစ္ေစ အတင္းအက်ပ္ ဖမ္းဆီးခ်ဳပ္ေႏွာင္ခြင့္ ရွိပါသလား၊ ဒီလို လုပ္ေဆာင္ရာမွာ တရားခံက ေသေစေလာက္တဲ့ လက္နက္ပစၥည္းတခုခုနဲ႔ ခုခံမယ္ဆိုရင္ ဖမ္းဆီးတဲ့သူေတြက အဲဒီတရားခံကို အနာတရျဖစ္ေစေအာင္ လုပ္ၿပီး ဖမ္းဆီးရင္ ဥပေဒနဲ႔ ၿငိစြန္းႏိုင္ပါသလား။ “လက္ရွိ အခင္းအက်င္းမွာ ဝရမ္းေျပးက မ်ားတယ္။ က်ေနာ္တို႔ေခတ္က ဝရမ္းေျပးေတြေခတ္ ျဖစ္ေနတာေပါ့။ သက္ဆိုင္ရာ အေၾကာင္းေၾကာင္းေတြေၾကာင့္ ရဲတပ္ဖြဲ႕ကလည္း မဖမ္းႏိုင္ဘူး။ လူသူၾကားထဲမွာ ရွိေနတယ္။ တရားခံေျပး ေၾကညာထားတာ သိတယ္။ သိတယ္ဆိုရင္ က်ေနာ္တို႔ ျပည္သူေတြက ဖမ္းဆီးခြင့္ ရွိပါတယ္။ သို႔ေသာ္ ဖမ္းဆီးမယ့္ အခ်က္နဲ႔ေတာ့ ကိုက္ညီရမယ္။ အဲဒါကေတာ့ သူသည္ တရား႐ုံး တ႐ုံး႐ုံးကေန တရားခံေျပးအျဖစ္ ေၾကညာထားတဲ့သူ ျဖစ္ရမယ္။ ေနာက္.. ဖမ္းဝရမ္းထုတ္ေပးထားတဲ့သူ ျဖစ္ရမယ္။ ဖမ္းဝရမ္းကလည္း ဒီခုနက တႏိုင္ငံလုံးမွာ လႊမ္းၿခဳံၿပီး ဖမ္းဆီးႏိုင္တဲ့ ဖမ္းဝရမ္းမ်ိဳး ျဖစ္ရမယ္။ အဲဒါဆိုရင္ေတာ့ ဒီရဲတပ္ဖြဲ႕ကို ေနာက္တခါ ဒီသူတို႔ဖမ္းတဲ့အခ်ိန္မွာ ရဲတပ္ဖြဲ႕၊ သို႔မဟုတ္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းကို ႐ုတ္တရက္ အေၾကာင္းၾကားဖို႔၊ သူတို႔ ဖမ္းဆီးႏိုင္ဖို႔ အခြင့္အေရး မရွိဘူး။ ကိုယ္မွ မဖမ္းဆီးဘူးဆိုရင္ လြတ္ေျမာက္သြားႏိုင္မယ့္ အေျခအေနမွာ ဆိုရင္ ဖမ္ဆီးပိုင္ခြင့္ ရွိပါတယ္။ က်င့္ထုံးဥပေဒမွာလည္း ေပးထားတယ္။ ဒီရာဇဝတ္က်င့္ထုံး ဥပေဒမွာ အတိအက် ေပးထားပါတယ္။ ေပးထားတဲ့အျပင္… ဘာေပးထားလဲဆိုေတာ့ သူက ဖမ္းဆီးတဲ့အခါမွာ ထြက္ေျပးရင္ပဲ ျဖစ္ျဖစ္၊ သို႔တည္းမဟုတ္ ျပန္ၿပီးေတာ့ လက္နက္ေတြနဲ႔ျပန္ၿပီးေတာ့ ခုခံမယ္ဆိုခဲ့ရင္လည္းပဲ သူ႔ကို မည္သည့္နည္းနဲ႔ျဖစ္ျဖစ္ ဖမ္းဆီးႏိုင္ဖို႔ အတင္းအက်ပ္ ေဆာင္႐ြက္ႏိုင္ခြင့္ ရွိတယ္။ ျပန္လည္ ခုခံႏိုင္ခြင့္ရွိတယ္။ အဲဒီလို ခုခံတဲ့အခါမွာ တခုခု ျဖစ္သြားမယ္၊ ဒဏ္ရာ အနာတရ .. ရသြားမယ္။ အဲဒါဆိုရင္ သူက က်င့္ထုံးဥပေဒအရ ျပ႒ာန္းေပးထားတာ။ အဲဒီ ဖမ္းဆီးရမယ့္ တရားခံေျပးသည္ ေသဒဏ္က်ခံရမည့္သူ၊ သို႔မဟုတ္ တသက္တကြၽန္း က်ခံရမယ့္လူမွအပ က်န္တဲ္သူေတြဆိုရင္ မေသေစရလို႔ပဲ ျပ႒ာန္းထားတယ္။ မေသဘူးဆိုရင္ က်ိဳးသြားလည္း ျပႆနာမရွိဘူး၊ ပဲ့သြားလည္း ျပႆနာမရွိဘူး။ အဲဒီအတြက္ ဒီဘက္ ရာဇသတ္ႀကီးဥပေဒမွာလည္းပဲ ဒီကင္းလြတ္ခြင့္ ေပးထားတယ္။ ဒီလို ဝရမ္းေျပးေတြကို ရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္းၿပီးေတာ့ပဲ ျဖစ္ေစ၊ ရဲတပ္ဖြဲ႕ကို အေၾကာင္းမၾကားႏိုင္လို႔ ျပည္သူလူထုက ဝိုင္းဝန္းဖမ္းဆီးလို႔ပဲ ျဖစ္ေစ၊ ထြက္ေျပးရင္၊ သို႔မဟုတ္ ခုခံရင္ အတင္းအက်ပ္ ဖမ္းဆီးတဲ့အခါမွာ ဒဏ္ရာအနာတရ ျဖစ္သြားရင္ တာဝန္မရွိပါဘူး၊ ကင္းလြတ္ခြင့္ရွိပါတယ္။ ဒါေၾကာင့္ ျပည္သူလူထုေတြအေနနဲ႔ ရဲရဲဝံ့ဝံ့ ပူးေပါင္းဖမ္းဆီးခြင့္ ရွိပါတယ္။ ကူညီလို႔ ရပါတယ္။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024