Home
မြန်မာသတင်း
ဒီမိုကရေစီအုတ်မြစ် မခိုင်မာသေးချိန် အားကောင်းသည့် အစိုးရတရပ် လိုအပ်ဟု NLD ပြော
DVB
·
September 21, 2019
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်မခိုင်မာခင်အချိန်မှာ ညွန့်ပေါင်းအစိုးရ မဟုတ်ဘဲ NLD လို အားကောင်းတဲ့ အစိုးရတရပ် လိုအပ်တယ်ဆိုတာကို ပြည်သူတွေ နားလည် လက်ခံအောင် ကြိုးစားကြဖို့လိုတယ်လို့ NLD ပါတီက ပြောဆိုပါတယ်။ တိုင်းပြည်ထူထောင်ရေးကာလမှာ ညွန့်ပေါင်းအစိုးရ ဖြစ်ခဲ့မယ်ဆိုရင် တိုင်းပြည်ရဲ့ အခြေအနေဟာ ရှေ့မတိုး နောက်မဆုတ်နိုင် ဖြစ်နိုင်တာကို သတိပြုဖို့ လိုအပ်ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအုတ်မြစ် မခိုင်မာခင် အချိန်ထိ NLD လို အားကောင်းတဲ့ အစိုးရတရပ် လိုအပ်နေသေးတယ်လို့ စက်တင်ဘာလ ၂၁ ရက်နေ့က ပါတီ ဌာနချုပ်မှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယဗဟိုကော်မတီ တတိယအကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ သဘာပတိအဖြစ် ဆောင်ရွက်တဲ့  ဦးတင်ထွဋ်ဦးက ပြောဆိုပါတယ်။ “ညွန့်ပေါင်းအစိုးရပုံစံနဲ့သာ ဖြစ်ခဲ့မယ်ဆိုရင် တိုင်းပြည်ရဲ့ အခြေအနေဟာ ရှေ့မတိုးနိုင် နောက်မဆုတ်နိုင် ဖြစ်နိုင်တာကို သတိပြုကြဖို့ လိုပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ် ခိုင်ခိုင်မာမာ ချမှတ်နိုင်တဲ့ အနေအထား ရောက်တဲ့အထိ အခုလို အားကောင်းတဲ့ အဖွဲ့အစည်း၊ အားကောင်းတဲ့ အစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့ ကာလတခုအထိ လိုအပ်နေသေးတာကို ပြည်သူလုထု အများစု နားလည်လက်ခံနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။” အခု ကျင်းပနေတဲ့ အစည်းအဝေးကို စက်တင်ဘာလ ၂၂ ရက်နေ့ထိ ရန်ကုန်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တာလည်း ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်တဲ့နေရာမှာ အခက်အခဲ၊ အတားအဆီးတွေနဲ့ အချိန် ဘယ်လောက် ယူရမယ်ဆိုတာကို ပြည်သူအများစုက လက်ခံထားပြီး ဖြစ်သလို အပြောင်းအလဲ ဆိုတာက နတ်ရေကန်ထဲကို ပစ်ချလိုက်သလို နေ့ချင်းညချင်း ပြောင်းလဲသွားမှာ မဟုတ်ဘူး ဆိုတာကိုပါ လက်ခံထားကြပြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။ တချို့ကတော့ ချက်ချင်းဆိုသလို ပြောင်းလဲလိုတဲ့ လွန်ကဲတဲ့ စိတ်ဆန္ဒတွေ ရှိတယ်ဆိုတာကို သိရှိထားပြီး ဖြစ်လို့ မတူတဲ့အမြင်တွေကို လက်ခံရမှာဖြစ်ပြီး ထိုးနှက်ချက်တွေကို သတိပြုဖို့ လိုတယ်လို့လည်း သတိပေးခဲ့ပါတယ်။ အာဏာရှင် ဆိုတာက အာဏာကို မက်မောတာဖြစ်လို့ အာဏာကို ဖတ်တွယ်လေလေ၊ ဒီမိုကရေစီကို ကြောက်လေလေ ဖြစ်တဲ့အပြင် လူထုကလည်း ဒီမိုကရေစီနဲ့ ဝေးကွာသွားလေလေ ဖြစ်လို့ ဘယ်အာဏာရှင်ကမှ သဘောကောင်းတယ် ဆိုတာကို မကြားဖူးဘဲ၊ ပြည်သူကို စေတနာထားတယ် ဆိုတာကိုလည်း မကြုံခဲ့ဖူးတဲ့အကြောင်း  ဒုတိယဗဟိုကော်မတီအစည်းအဝေးမှာ ဦးတင်ထွဋ်ဦးက ပြောဆိုခဲ့ပါတယ်။ “အာဏာလက်ဝယ် ရှိနေတုန်းက တိုင်းပြည်နဲ့ လူထုအကျိုးကို အလေးထားပြီး မဆောင်ရွက်ခဲ့ကြလို့ နောက်ဆုံး အာဏာလက်လွှတ်ရတဲ့အခါကျတော့ ဒီမိုကရေစီကို စပြီး ဖော်ဆောင်ပေးခဲ့တဲ့ ကျေးဇူးရှင်တွေ ဖြစ်သလို၊ တိုင်းပြည်ကို ကယ်တင်နိုင်စွမ်းတဲ့၊ ဒီနေ့အချိန်အခါမှာ မှတပါး အခြားမရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်သလိုလိုနဲ့ စီးပွားရေးမှာဆိုရင်လည်း အာဏာရှိတဲ့သူနဲ့ စီးပွားရေး ပူးပေါင်းပြီးတော့၊ တိုင်းပြည်အကျိုးအတွက် ကိုယ်ကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်ခဲ့ပြီးတော့ စည်းကျော် ဘောင်ကျော်နဲ့ ထင်တိုင်းကြဲ လုပ်ခဲ့တယ်။ ဒီနေ့ ဒီအချိန်အခါမှာ စည်းကမ်းတကျ မူဝါဒနဲ့ အလုပ်လုပ်ကြရမယ် ဆိုတော့မှ စီးပွားရေး ကျပ်တည်းနေသလိုလို၊ စီးပွားပျက်သလိုလို ငိုညည်းပြနေတဲ့ ယုံတမ်းစကားတွေက ပြည်သူလုထုအတွက်တော့ ရယ်စရာ ဖြစ်ပါလိမ့်မယ်။” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ၈၀ ရာခိုင်နှုန်းကျော်နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့ နိုင်ခဲ့ပေမယ့် အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အဲဒီရလဒ်အတိုင်း အနိုင်ရရှိနိုင်ဖို့ မလွယ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေက သုံးသပ်ကြပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဒီမိုကေရစီအုတ္ျမစ္ မခိုင္မာေသးခ်ိန္ အားေကာင္းသည့္ အစိုးရတရပ္ လိုအပ္ဟု NLD ေျပာ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု အုတ္ျမစ္မခိုင္မာခင္အခ်ိန္မွာ ၫြန႔္ေပါင္းအစိုးရ မဟုတ္ဘဲ NLD လို အားေကာင္းတဲ့ အစိုးရတရပ္ လိုအပ္တယ္ဆိုတာကို ျပည္သူေတြ နားလည္ လက္ခံေအာင္ ႀကိဳးစားၾကဖို႔လိုတယ္လို႔ NLD ပါတီက ေျပာဆိုပါတယ္။ တိုင္းျပည္ထူေထာင္ေရးကာလမွာ ၫြန႔္ေပါင္းအစိုးရ ျဖစ္ခဲ့မယ္ဆိုရင္ တိုင္းျပည္ရဲ႕ အေျခအေနဟာ ေရွ႕မတိုး ေနာက္မဆုတ္ႏိုင္ ျဖစ္ႏိုင္တာကို သတိျပဳဖို႔ လိုအပ္ၿပီး ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုအုတ္ျမစ္ မခိုင္မာခင္ အခ်ိန္ထိ NLD လို အားေကာင္းတဲ့ အစိုးရတရပ္ လိုအပ္ေနေသးတယ္လို႔ စက္တင္ဘာလ ၂၁ ရက္ေန႔က ပါတီ ဌာနခ်ဳပ္မွာ ျပဳလုပ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ဒုတိယဗဟိုေကာ္မတီ တတိယအႀကိမ္ေျမာက္ ပုံမွန္ အစည္းအေဝးမွာ သဘာပတိအျဖစ္ ေဆာင္႐ြက္တဲ့  ဦးတင္ထြဋ္ဦးက ေျပာဆိုပါတယ္။ “ၫြန႔္ေပါင္းအစိုးရပုံစံနဲ႔သာ ျဖစ္ခဲ့မယ္ဆိုရင္ တိုင္းျပည္ရဲ႕ အေျခအေနဟာ ေရွ႕မတိုးႏိုင္ ေနာက္မဆုတ္ႏိုင္ ျဖစ္ႏိုင္တာကို သတိျပဳၾကဖို႔ လိုပါတယ္။ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု အုတ္ျမစ္ ခိုင္ခိုင္မာမာ ခ်မွတ္ႏိုင္တဲ့ အေနအထား ေရာက္တဲ့အထိ အခုလို အားေကာင္းတဲ့ အဖြဲ႕အစည္း၊ အားေကာင္းတဲ့ အစိုးရတရပ္ ဖြဲ႕စည္းႏိုင္ဖို႔ ကာလတခုအထိ လိုအပ္ေနေသးတာကို ျပည္သူလုထု အမ်ားစု နားလည္လက္ခံႏိုင္ေအာင္ ႀကိဳးစားၾကရမွာ ျဖစ္ပါတယ္။” အခု က်င္းပေနတဲ့ အစည္းအေဝးကို စက္တင္ဘာလ ၂၂ ရက္ေန႔ထိ ရန္ကုန္မွာရွိတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္႐ုံးမွာ က်င္းပျပဳလုပ္တာလည္း ျဖစ္ပါတယ္။ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္တဲ့ေနရာမွာ အခက္အခဲ၊ အတားအဆီးေတြနဲ႔ အခ်ိန္ ဘယ္ေလာက္ ယူရမယ္ဆိုတာကို ျပည္သူအမ်ားစုက လက္ခံထားၿပီး ျဖစ္သလို အေျပာင္းအလဲ ဆိုတာက နတ္ေရကန္ထဲကို ပစ္ခ်လိုက္သလို ေန႔ခ်င္းညခ်င္း ေျပာင္းလဲသြားမွာ မဟုတ္ဘူး ဆိုတာကိုပါ လက္ခံထားၾကၿပီး ျဖစ္တယ္လို႔ သူက ဆိုပါတယ္။ တခ်ိဳ႕ကေတာ့ ခ်က္ခ်င္းဆိုသလို ေျပာင္းလဲလိုတဲ့ လြန္ကဲတဲ့ စိတ္ဆႏၵေတြ ရွိတယ္ဆိုတာကို သိရွိထားၿပီး ျဖစ္လို႔ မတူတဲ့အျမင္ေတြကို လက္ခံရမွာျဖစ္ၿပီး ထိုးႏွက္ခ်က္ေတြကို သတိျပဳဖို႔ လိုတယ္လို႔လည္း သတိေပးခဲ့ပါတယ္။ အာဏာရွင္ ဆိုတာက အာဏာကို မက္ေမာတာျဖစ္လို႔ အာဏာကို ဖတ္တြယ္ေလေလ၊ ဒီမိုကေရစီကို ေၾကာက္ေလေလ ျဖစ္တဲ့အျပင္ လူထုကလည္း ဒီမိုကေရစီနဲ႔ ေဝးကြာသြားေလေလ ျဖစ္လို႔ ဘယ္အာဏာရွင္ကမွ သေဘာေကာင္းတယ္ ဆိုတာကို မၾကားဖူးဘဲ၊ ျပည္သူကို ေစတနာထားတယ္ ဆိုတာကိုလည္း မႀကဳံခဲ့ဖူးတဲ့အေၾကာင္း  ဒုတိယဗဟိုေကာ္မတီအစည္းအေဝးမွာ ဦးတင္ထြဋ္ဦးက ေျပာဆိုခဲ့ပါတယ္။ “အာဏာလက္ဝယ္ ရွိေနတုန္းက တိုင္းျပည္နဲ႔ လူထုအက်ိဳးကို အေလးထားၿပီး မေဆာင္႐ြက္ခဲ့ၾကလို႔ ေနာက္ဆုံး အာဏာလက္လႊတ္ရတဲ့အခါက်ေတာ့ ဒီမိုကေရစီကို စၿပီး ေဖာ္ေဆာင္ေပးခဲ့တဲ့ ေက်းဇူးရွင္ေတြ ျဖစ္သလို၊ တိုင္းျပည္ကို ကယ္တင္ႏိုင္စြမ္းတဲ့၊ ဒီေန႔အခ်ိန္အခါမွာ မွတပါး အျခားမရွိတဲ့ အဖြဲ႕အစည္းေတြ ျဖစ္သလိုလိုနဲ႔ စီးပြားေရးမွာဆိုရင္လည္း အာဏာရွိတဲ့သူနဲ႔ စီးပြားေရး ပူးေပါင္းၿပီးေတာ့၊ တိုင္းျပည္အက်ိဳးအတြက္ ကိုယ္က်ိဳးစီးပြားကို ဦးစားေပးေဆာင္႐ြက္ခဲ့ၿပီးေတာ့ စည္းေက်ာ္ ေဘာင္ေက်ာ္နဲ႔ ထင္တိုင္းႀကဲ လုပ္ခဲ့တယ္။ ဒီေန႔ ဒီအခ်ိန္အခါမွာ စည္းကမ္းတက် မူဝါဒနဲ႔ အလုပ္လုပ္ၾကရမယ္ ဆိုေတာ့မွ စီးပြားေရး က်ပ္တည္းေနသလိုလို၊ စီးပြားပ်က္သလိုလို ငိုညည္းျပေနတဲ့ ယုံတမ္းစကားေတြက ျပည္သူလုထုအတြက္ေတာ့ ရယ္စရာ ျဖစ္ပါလိမ့္မယ္။” အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ၈၀ ရာခိုင္ႏႈန္းေက်ာ္နဲ႔ အျပတ္အသတ္ အႏိုင္ရရွိခဲ့ၿပီး အစိုးရဖြဲ႕ ႏိုင္ခဲ့ေပမယ့္ အခုလာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အဲဒီရလဒ္အတိုင္း အႏိုင္ရရွိႏိုင္ဖို႔ မလြယ္ေၾကာင္း ႏိုင္ငံေရး ေလ့လာသုံးသပ္သူေတြက သုံးသပ္ၾကပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024