လူမြင်ကွင်း မဖွယ်မရာပြုလုပ်သည့် အင်ဒိုနီးရှားအမျိုးသမီး ကြိမ်ဒဏ် အပြစ်ပေးခံရ

လူမြင်ကွင်း မဖွယ်မရာပြုမှုကြောင့် အင်ဒိုနီးရှား အမျိုးသမီးတယောက်ဟာ စက်တင်ဘာ ၁၉ ရက်က ကြိမ်ဒဏ် ၂၂ ချက် အပြစ်ပေးခံရပါတယ်။
ထိမ်းမြားခြင်းပြုမထားတဲ့ တခြားသူတယောက်နဲ့ လူမြင်ကွင်း မဖွယ်မရာပြုမူတာကို တားမြစ်တဲ့ အစ္စလာမ်မစ် ဥပဒေကို ချိုးဖောက်မှုနဲ့ အာချေးပြည်နယ်မှာ အမျိုးသမီး တယောက်ကို အများပြည်သူရှေ့မှောက် ကြိမ်ဒဏ်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အမျိုးသမီးဟာ သူရဲ့ ပါတနာအမျိုးသား၊ အလားတူ ပြစ်မှုကျူးလွန်တဲ့ တခြားစုံတွဲ နှစ်တွဲတို့နဲ့အတူ အဖမ်းခံခဲ့ရပါတယ်။
သူရဲ့ ပါတနာဟာလည်း အဲဒီ စင်မြင်ထက်မှာ ကြိမ်ဒဏ် ၂၄ ချက် အပြစ်ပေးခံရပါတယ်။ အာချေးပြည်နယ်ဟာ အင်ဒိုနီးရှားမှာ အစ္စလာမ်မစ်ဥပဒေကို ကျင့်သုံးတဲ့ တခုတည်းသော ပြည်နယ်ဖြစ်ပါတယ်။
အဲဒီဥပဒေအရ ခိုးမှု၊ လောင်းကစားမှုနဲ့ ဖောက်ပြန်မှုတွေကို အများမြင်ကွင်းမှာ ကြိမ်ဒဏ် အပြစ်ပေးပါတယ်။
အများမြင်ကွင်းရှေ့ ကြိမ်ဒဏ်ပေးတဲ့ ဥပဒေကို ၂၀၀၅ ခုနှစ်က အင်ဒိုနီးရှားမှာ စတင်ကျင့်သုံးပြီး အာချေးပြည်နယ်သား အတော်များများက အဲဒီဥပဒေကို ထောက်ခံတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
==========================
လူျမင္ကြင္း မဖြယ္မရာျပဳလုပ္သည့္ အင္ဒိုနီးရွားအမ်ိဳးသမီး ႀကိမ္ဒဏ္ အျပစ္ေပးခံရ
DVB
လူျမင္ကြင္း မဖြယ္မရာျပဳမႈေၾကာင့္ အင္ဒိုနီးရွား အမ်ိဳးသမီးတေယာက္ဟာ စက္တင္ဘာ ၁၉ ရက္က ႀကိမ္ဒဏ္ ၂၂ ခ်က္ အျပစ္ေပးခံရပါတယ္။
ထိမ္းျမားျခင္းျပဳမထားတဲ့ တျခားသူတေယာက္နဲ႔ လူျမင္ကြင္း မဖြယ္မရာျပဳမူတာကို တားျမစ္တဲ့ အစၥလာမ္မစ္ ဥပေဒကို ခ်ိဳးေဖာက္မႈနဲ႔ အာေခ်းျပည္နယ္မွာ အမ်ိဳးသမီး တေယာက္ကို အမ်ားျပည္သူေရွ႕ေမွာက္ ႀကိမ္ဒဏ္ေပးခဲ့တာ ျဖစ္ပါတယ္။
အဲဒီ အမ်ိဳးသမီးဟာ သူရဲ႕ ပါတနာအမ်ိဳးသား၊ အလားတူ ျပစ္မႈက်ဴးလြန္တဲ့ တျခားစုံတြဲ ႏွစ္တြဲတို႔နဲ႔အတူ အဖမ္းခံခဲ့ရပါတယ္။
သူရဲ႕ ပါတနာဟာလည္း အဲဒီ စင္ျမင္ထက္မွာ ႀကိမ္ဒဏ္ ၂၄ ခ်က္ အျပစ္ေပးခံရပါတယ္။ အာေခ်းျပည္နယ္ဟာ အင္ဒိုနီးရွားမွာ အစၥလာမ္မစ္ဥပေဒကို က်င့္သုံးတဲ့ တခုတည္းေသာ ျပည္နယ္ျဖစ္ပါတယ္။
အဲဒီဥပေဒအရ ခိုးမႈ၊ ေလာင္းကစားမႈနဲ႔ ေဖာက္ျပန္မႈေတြကို အမ်ားျမင္ကြင္းမွာ ႀကိမ္ဒဏ္ အျပစ္ေပးပါတယ္။
အမ်ားျမင္ကြင္းေရွ႕ ႀကိမ္ဒဏ္ေပးတဲ့ ဥပေဒကို ၂၀၀၅ ခုႏွစ္က အင္ဒိုနီးရွားမွာ စတင္က်င့္သုံးၿပီး အာေခ်းျပည္နယ္သား အေတာ္မ်ားမ်ားက အဲဒီဥပေဒကို ေထာက္ခံတယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။