တိုက်ခိုက်ခံရသည့် ရေနံစက်ရုံများဆီသို့ မီဒီယာများကို ဆော်ဒီအစိုးရ ခေါ်ဆောင်ပြသ

ဆော်ဒီအစိုးရဟာ် တိုက်ခိုက်ခံရတဲ့ ရေနံစက်ရုံတွေဆီ စက်တင်ဘာ ၂၀ ရက်က မီဒီယာတွေကို ခေါ်ဆောင်ပြသခဲ့ပါတယ်။  စက်တင်ဘာ ၁၄ ရက်က   ခူရိုင်းနဲ့ အက်ဘ်ခိုင်အီ ရေနံတွင်းတွေ တိုက်ခိုက်ခံရပြီး ဒါဟာ ၁၉၉၁ ခုနှစ်က ကူဝိတ်ရေနံတွင်းတွေကို ဆက်ဒမ်ဟူစိန် မီးရှို့ပြီးနောက်ပိုင်း  အဆိုးရွားဆုံး ရေနံတွင်း တိုက်ခိုက်မှုဖြစ်တယ်လို့ ဆော်ဒီအစိုးရက ရှုမြင်ပါတယ်။    ဒီတိုက်ခိုက်မှုအတွက် အီရန် ဟူသီအဖွဲ့က သူတို့လက်ချက် ဖြစ်တယ်ပြောပေမယ့်  အမေရိကန်နဲ့ ဆော်ဒီတို့က အီရန်ကို အပြစ်ဖို့ထားပါတယ်။   အီရန်ကတော့ တိုက်ခိုက်မှုမှာ ပတ်သက်တယ်ဆိုတာကို ငြင်းဆိုထားပါတယ်။  ဒီတိုက်ခိုက်တာကြောင့် ကနဦးပိုင်းမှာ ဆော်ဒီရေနံထုတ်လုပ်မှု ထက်ဝက်လျော့ကျခဲ့ပါတယ်။  အက်ဘ်ခိုင်အီ ရေနံတွင်းမှာတော့ stabilizer tower မီးကျွမ်း ပျက်စီးနေတာကို မြင်တွေ့ရပါတယ်။    အဲဒီရေနံတွင်းမှာ  တာဝါနဲ့ အဆောက်အဦ ၁၅ ခု တိုက်ခိုက်ခံရပေမယ့် စက်တင်ဘာလ ကုန်မှာ ရာနှုန်းပြည့် ပြန်ထုတ်လုပ်နိုင်မယ်လို့ အာရမ်ကို ရေနံထုတ်လုပ်ရေး ဒုဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ ====================== တိုက္ခိုက္ခံရသည့္ ေရနံစက္႐ုံမ်ားဆီသို႔ မီဒီယာမ်ားကို ေဆာ္ဒီအစိုးရ ေခၚေဆာင္ျပသ DVB ေဆာ္ဒီအစိုးရဟာ္ တိုက္ခိုက္ခံရတဲ့ ေရနံစက္႐ုံေတြဆီ စက္တင္ဘာ ၂၀ ရက္က မီဒီယာေတြကို ေခၚေဆာင္ျပသခဲ့ပါတယ္။ စက္တင္ဘာ ၁၄ ရက္က   ခူ႐ိုင္းနဲ႔ အက္ဘ္ခိုင္အီ ေရနံတြင္းေတြ တိုက္ခိုက္ခံရၿပီး ဒါဟာ ၁၉၉၁ ခုႏွစ္က ကူဝိတ္ေရနံတြင္းေတြကို ဆက္ဒမ္ဟူစိန္ မီးရႈိ႕ၿပီးေနာက္ပိုင္း  အဆိုး႐ြားဆုံး ေရနံတြင္း တိုက္ခိုက္မႈျဖစ္တယ္လို႔ ေဆာ္ဒီအစိုးရက ရႈျမင္ပါတယ္။ ဒီတိုက္ခိုက္မႈအတြက္ အီရန္ ဟူသီအဖြဲ႕က သူတို႔လက္ခ်က္ ျဖစ္တယ္ေျပာေပမယ့္  အေမရိကန္နဲ႔ ေဆာ္ဒီတို႔က အီရန္ကို အျပစ္ဖို႔ထားပါတယ္။ အီရန္ကေတာ့ တိုက္ခိုက္မႈမွာ ပတ္သက္တယ္ဆိုတာကို ျငင္းဆိုထားပါတယ္။  ဒီတိုက္ခိုက္တာေၾကာင့္ ကနဦးပိုင္းမွာ ေဆာ္ဒီေရနံထုတ္လုပ္မႈ ထက္ဝက္ေလ်ာ့က်ခဲ့ပါတယ္။ အက္ဘ္ခိုင္အီ ေရနံတြင္းမွာေတာ့ stabilizer tower မီးကြၽမ္း ပ်က္စီးေနတာကို ျမင္ေတြ႕ရပါတယ္။ အဲဒီေရနံတြင္းမွာ  တာဝါနဲ႔ အေဆာက္အဦ ၁၅ ခု တိုက္ခိုက္ခံရေပမယ့္ စက္တင္ဘာလ ကုန္မွာ ရာႏႈန္းျပည့္ ျပန္ထုတ္လုပ္ႏိုင္မယ္လို႔ အာရမ္ကို ေရနံထုတ္လုပ္ေရး ဒုဥကၠ႒က ေျပာခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up