ပြင်သစ်တွင် စွမ်းအင်ကုမ္ပဏီလုပ်သားများ သပိတ်မှောက်မှုကြောင့် ထုတ်လုပ်မှုကျဆင်း

817
ပြင်သစ် EDF စွမ်းအင်ကုမ္ပဏီလုပ်သား သုံးပုံတစ်ပုံ သပိတ်မှောက်နေတဲ့အတွက် စွမ်းအင် ထုတ်လုပ်မှု ၁၀ ကျော်ကျဆင်းနေပါတယ်။
၈ နှစ်အတွင်း EDF ကုမ္ပဏီရဲ့အကြီမားဆုံး သပိတ်မှောက်ပွဲတခုမှာ လုပ်သား ၂ သောင်းကျော် ပါဝင်ခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ဒီသပိတ်ကြောင့် စွမ်းအင်ထုတ်လုပ်မှု ၆ ဂျီဂါဝပ် ကျဆင်းပြီး နျူကလီးယား၊ ရေအားနဲ့ သဘာဝဓာတ်ငွေ့သုံး စွမ်းအင်စက်ရုံ အများအပြား ထိခိုက်ခဲ့ရပါတယ်။
ဒီလိုစွမ်းအင်ထုတ်လုပ်မှု ကျဆင်းတာက နေအိမ်တွေဆီပေးပို့တဲ့ ဓာတ်အားတွေမှာ မထိခိုက်ပေမယ့် နိုင်ငံခြားကနေ စွမ်းအင်တင်သွင်းရမှာမို့ EDF အဖို့ ကုန်ကျစရိတ် ကြီးမြင့်စေပါတယ်။
“သမ္မတ မာခွန်းအစိုးရကို ကျနော်တို့ပေးချင်တဲ့ သတင်းစကားက ဒီပရောဂျက်ရဲ့ မလျော်ကန်မှုကိစ္စပါ။ အဲဒီပရောဂျက်က စီးပွားရေးအရရော၊ လုပ်ငန်းအရနဲ့ လူမှုရေးအရပါ ဘာအကျိုးမှမရှိပါဘူး။ ဒီနေ့ EDF က ပြင်သစ်နိုင်ငံအတွက် စုစုပေါင်းစွမ်းအင်ပံ့ပိုးမှုကို လုပ်ပေးနိုင်သလို စွမ်းအင် အမီအခိုကင်းအောင် လုပ်ပေးနိုင်ပါတယ်။ မနက်ဖြန်ဆိုရင် ဒီစွမ်းအင် အမှီအခိုကင်းတဲ့ကိစ္စကို အာမမခံနိုင်တော့ပါဘူး။ စွမ်းအင်ဟာ နိုင်ငံသားတွေအတွက် အသက်တမျှ အရေးပါတဲ့ ကုန်စည်ပဲ ဖြစ်ပါတယ်” လို့ EDF အလုပ်သမား သမဂ္ဂကိုယ်စားလှယ် အဲရစ်လမုန်းက ပြောခဲ့ပါတယ်။
EDF လုပ်သားတွေက အလွန်အမင်း ကြွေးထူနေတဲ့ အဖွဲ့အစည်းကို ပြန်တည်ဆောက်ပြီး နှစ်ခုခွဲဖွယ်ရှိတဲ့ ပြင်သစ်အစိုးရ အစီအစဉ်တွေကို ဆန့်ကျင်နေတာပါ။
အဲဒီမှာ နျူကလီးယား စွမ်းအင်ထုတ်လုပ်ရေးပိုင်းကို တပိုင်းထားရှိမှာ ဖြစ်ပါတယ်။ ဒီတကြိမ်သပိတ်ဟာ အရင်အကြိမ်တွေထက်ပိုပြီး ထိခိုက်စေပါတယ်။
အကြောင်းကတော့ ပြင်သစ်စွမ်းအင်လုပ်သား အများစုကို ကိုယ်စားပြုတဲ့ အလုပ်သမား သမဂ္ဂ ၄ ခုက ပူးပေါင်းသပိတ်မှောက်ခဲ့လို့ပဲ ဖြစ်ပါတယ်။
=============================
ျပင္သစ္တြင္ စြမ္းအင္ကုမၸဏီလုပ္သားမ်ား သပိတ္ေမွာက္မႈေၾကာင့္ ထုတ္လုပ္မႈက်ဆင္း
DVB
ျပင္သစ္ EDF စြမ္းအင္ကုမၸဏီလုပ္သား သုံးပုံတစ္ပုံ သပိတ္ေမွာက္ေနတဲ့အတြက္ စြမ္းအင္ ထုတ္လုပ္မႈ ၁၀ ေက်ာ္က်ဆင္းေနပါတယ္။
၈ ႏွစ္အတြင္း EDF ကုမၸဏီရဲ႕အႀကီမားဆုံး သပိတ္ေမွာက္ပြဲတခုမွာ လုပ္သား ၂ ေသာင္းေက်ာ္ ပါဝင္ခဲ့တယ္လို႔ ကုမၸဏီက ေျပာပါတယ္။
ဒီသပိတ္ေၾကာင့္ စြမ္းအင္ထုတ္လုပ္မႈ ၆ ဂ်ီဂါဝပ္ က်ဆင္းၿပီး န်ဴကလီးယား၊ ေရအားနဲ႔ သဘာဝဓာတ္ေငြ႕သုံး စြမ္းအင္စက္႐ုံ အမ်ားအျပား ထိခိုက္ခဲ့ရပါတယ္။
ဒီလိုစြမ္းအင္ထုတ္လုပ္မႈ က်ဆင္းတာက ေနအိမ္ေတြဆီေပးပို႔တဲ့ ဓာတ္အားေတြမွာ မထိခိုက္ေပမယ့္ ႏိုင္ငံျခားကေန စြမ္းအင္တင္သြင္းရမွာမို႔ EDF အဖို႔ ကုန္က်စရိတ္ ႀကီးျမင့္ေစပါတယ္။
“သမၼတ မာခြန္းအစိုးရကို က်ေနာ္တို႔ေပးခ်င္တဲ့ သတင္းစကားက ဒီပေရာဂ်က္ရဲ႕ မေလ်ာ္ကန္မႈကိစၥပါ။ အဲဒီပေရာဂ်က္က စီးပြားေရးအရေရာ၊ လုပ္ငန္းအရနဲ႔ လူမႈေရးအရပါ ဘာအက်ိဳးမွမရွိပါဘူး။ ဒီေန႔ EDF က ျပင္သစ္ႏိုင္ငံအတြက္ စုစုေပါင္းစြမ္းအင္ပံ့ပိုးမႈကို လုပ္ေပးႏိုင္သလို စြမ္းအင္ အမီအခိုကင္းေအာင္ လုပ္ေပးႏိုင္ပါတယ္။ မနက္ျဖန္ဆိုရင္ ဒီစြမ္းအင္ အမွီအခိုကင္းတဲ့ကိစၥကို အာမမခံႏိုင္ေတာ့ပါဘူး။ စြမ္းအင္ဟာ ႏိုင္ငံသားေတြအတြက္ အသက္တမွ် အေရးပါတဲ့ ကုန္စည္ပဲ ျဖစ္ပါတယ္” လို႔ EDF အလုပ္သမား သမဂၢကိုယ္စားလွယ္ အဲရစ္လမုန္းက ေျပာခဲ့ပါတယ္။
EDF လုပ္သားေတြက အလြန္အမင္း ေႂကြးထူေနတဲ့ အဖြဲ႕အစည္းကို ျပန္တည္ေဆာက္ၿပီး ႏွစ္ခုခြဲဖြယ္ရွိတဲ့ ျပင္သစ္အစိုးရ အစီအစဥ္ေတြကို ဆန႔္က်င္ေနတာပါ။
အဲဒီမွာ န်ဴကလီးယား စြမ္းအင္ထုတ္လုပ္ေရးပိုင္းကို တပိုင္းထားရွိမွာ ျဖစ္ပါတယ္။ ဒီတႀကိမ္သပိတ္ဟာ အရင္အႀကိမ္ေတြထက္ပိုၿပီး ထိခိုက္ေစပါတယ္။
အေၾကာင္းကေတာ့ ျပင္သစ္စြမ္းအင္လုပ္သား အမ်ားစုကို ကိုယ္စားျပဳတဲ့ အလုပ္သမား သမဂၢ ၄ ခုက ပူးေပါင္းသပိတ္ေမွာက္ခဲ့လို႔ပဲ ျဖစ္ပါတယ္။