အီဂျစ်တွင် အစိုးရဆန့်ကျင်ဆန္ဒပြပွဲများ ပြုလုပ်

အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုနဲ့ တခြားမြို့တွေမှာ  စက်တင်ဘာ ၂၀ ရက်က အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ လုပ်ခဲ့ပါတယ်။  အီဂျစ်အစိုးရ အကျင့်ပျက်ခြစားမှုတွေကို ဆန့်ကျင်ဆန္ဒပြဖို့     အွန်လိုင်းကနေ တိုက်တွန်းပြီးနောက်မှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မျက်မြင်တွေနဲ့ဒေသခံတွေက ပြောပါတယ်။   ဒီအတွက် မြို့တော်ကိုင်ရိုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက  ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲခဲ့ပါတယ်။  ဒါပေမဲ့လည်း ဆန္ဒပြလူငယ်တွေက ထွက်မသွားကြဘဲ  “စီစီ ထွက်သွားတော့” ဆိုပြီး ဟစ်အော်ခဲ့ပါတယ်။  ၂၀၁၄ ခုနှစ်မှာ အာဏာရခဲ့တဲ့ သမ္မတ အက်ဘ်ဒယ်ဖာတာအယ်စီစီ လက်ထက်မှာ  ဆန္ဒပြပွဲတွေ အတော်လေး နည်းခဲ့ပါတယ်။   သမ္မတအယ်စီစီဟာ  အာဏာသိမ်း ဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်ပြီး သူက အစ္စလာမ်မစ်ဝါဒီ သမ္မတမိုဟာမက်မော်ဆီကို ဖြုတ်ချခဲ့သူ ဖြစ်ပါတယ်။    အစိုးရထောက်ခံတဲ့ တီဗွီသတင်းကြေညာသူ တဦးကတော့ မြို့တော်ကိုင်ရိုမှာ  လူတစုလောက်သာ ဗွီဒီယိုတွေ ဆယ်ဖီတွေရိုက်ပြီး ထွက်ခွာ သွားတယ်လို့ ဆိုပါတယ်။  တခြား အစိုးရထောက်ခံတဲ့ ချာနယ်တခုကလည်း တဟာရီရွန်ရင်ပြင်က အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့တယ်ဆိုပြီး ကြေညာခဲ့ပါတယ်။   အဆောက်အဦး ကန်ထရိုက်တာနဲ့ သရုပ်ဆောင်တဦးဖြစ်တဲ့ မိုဟာမက်အလီက သမ္မတ အယ်စီစီနဲ့ စစ်တပ်ကို အကျင့်ပျက်ခြစားတယ်လို့ စွပ်စွဲပြီးနောက်မှာ  ဆန္ဒပြပွဲတွေလုပ်ကြဖို့ အွန်လိုင်းကနေ တိုက်တွန်းခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ ========================== အီဂ်စ္တြင္ အစိုးရဆန္႔က်င္ဆႏၵျပပြဲမ်ား ျပဳလုပ္ DVB အီဂ်စ္ႏိုင္ငံ ၿမိဳ႕ေတာ္ကိုင္႐ိုနဲ႔ တျခားၿမိဳ႕ေတြမွာ  စက္တင္ဘာ ၂၀ ရက္က အစိုးရဆန႔္က်င္ ဆႏၵျပပြဲေတြ လုပ္ခဲ့ပါတယ္။ အီဂ်စ္အစိုးရ အက်င့္ပ်က္ျခစားမႈေတြကို ဆန႔္က်င္ဆႏၵျပဖို႔     အြန္လိုင္းကေန တိုက္တြန္းၿပီးေနာက္မွာ ဆႏၵျပပြဲေတြ ျဖစ္ေပၚခဲ့တယ္လို႔ မ်က္ျမင္ေတြနဲ႔ေဒသခံေတြက ေျပာပါတယ္။ ဒီအတြက္ ၿမိဳ႕ေတာ္ကိုင္႐ိုမွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက  ဆႏၵျပသူေတြကို မ်က္ရည္ယိုဓာတ္ေငြ႕သုံး လူစုခြဲခဲ့ပါတယ္။ ဒါေပမဲ့လည္း ဆႏၵျပလူငယ္ေတြက ထြက္မသြားၾကဘဲ  “စီစီ ထြက္သြားေတာ့” ဆိုၿပီး ဟစ္ေအာ္ခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္မွာ အာဏာရခဲ့တဲ့ သမၼတ အက္ဘ္ဒယ္ဖာတာအယ္စီစီ လက္ထက္မွာ  ဆႏၵျပပြဲေတြ အေတာ္ေလး နည္းခဲ့ပါတယ္။ သမၼတအယ္စီစီဟာ  အာဏာသိမ္း ဗိုလ္ခ်ဳပ္ႀကီးေဟာင္း တဦးျဖစ္ၿပီး သူက အစၥလာမ္မစ္ဝါဒီ သမၼတမိုဟာမက္ေမာ္ဆီကို ျဖဳတ္ခ်ခဲ့သူ ျဖစ္ပါတယ္။ အစိုးရေထာက္ခံတဲ့ တီဗြီသတင္းေၾကညာသူ တဦးကေတာ့ ၿမိဳ႕ေတာ္ကိုင္႐ိုမွာ  လူတစုေလာက္သာ ဗြီဒီယိုေတြ ဆယ္ဖီေတြ႐ိုက္ၿပီး ထြက္ခြာ သြားတယ္လို႔ ဆိုပါတယ္။ တျခား အစိုးရေထာက္ခံတဲ့ ခ်ာနယ္တခုကလည္း တဟာရီ႐ြန္ရင္ျပင္က အေျခအေနကို ထိန္းသိမ္းႏိုင္ခဲ့တယ္ဆိုၿပီး ေၾကညာခဲ့ပါတယ္။ အေဆာက္အဦး ကန္ထ႐ိုက္တာနဲ႔ သ႐ုပ္ေဆာင္တဦးျဖစ္တဲ့ မိုဟာမက္အလီက သမၼတ အယ္စီစီနဲ႔ စစ္တပ္ကို အက်င့္ပ်က္ျခစားတယ္လို႔ စြပ္စြဲၿပီးေနာက္မွာ  ဆႏၵျပပြဲေတြလုပ္ၾကဖို႔ အြန္လိုင္းကေန တိုက္တြန္းခဲ့တယ္လို႔ ႐ိုက္တာသတင္းက ဆိုပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up