မိန်းကလေးငယ်များအား အပြာရုပ်သံဇာတ်လမ်းထုတ်လုပ်သည့်ဂိုဏ်း ဂျော်ဂျီယာရဲတပ်ဖွဲ့ ဖြိုခွင်း

ဂျော်ဂျီယာနိုင်ငံအတွင်း အပြာ ရုပ်သံဇာတ်လမ်း ဓာတ်ပုံတွေထုတ်လုပ်ဖို့ အသက် ၈ နှစ်ထိ ငယ်တဲ့ မိန်းကလေးတွေကို အလွဲသုံးစားလုပ် ကုန်ကူးနေတဲ့ ဂိုဏ်းကို ရဲတွေက ဖြိုခွင်းလိုက်ပြီလို့ အာဏာပိုင်တွေက စက်တင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ လူ ၁၁ ယောက်ထဲမှာ အမေရိကန်နဲ့ သြစတြေးလျ နိုင်ငံသား တယောက်စီပါပြီး မိန်းကလေး ဆယ်ယောက်ရဲ့ မိဘ ဆွေမျိုး အသိအကျွမ်းတွေလည်း ပါတယ်လို့ ဂျော်ဂျီယာ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ဒါဟာ နိုင်ငံအတွင်း အကြီးဆုံး စစ်ဆင်ရေးအတွင်း ဖြိုခွင်းနိုင်ခဲ့တာပါ။
မြို့တော် တီဘလစ်စီက ငှားရမ်းထားတဲ့ တိုက်ခန်းတွေအတွင်း ဓာတ်ပုံတိုက်တွေ ဖွင့်လှစ်ထားတဲ့ အသက် ၅၈ နှစ်အရွယ် ကေယူနဲ့ အသက် ၆၀ အရွယ် ပီအယ်လ်တို့ နိုင်ငံခြားသား ၂ ယောက်ကို ဒေသခံ သတင်းပေးတွေရဲ့ အကူအညီနဲ့ ဖမ်းနိုင်ခဲ့တာပါ။
ဒီအုပ်စုဟာ မိန်းကလေးတွေအား ဓာတ်ပုံရိုက်ဖို့ သူတို့ရဲ့ မိဘတွေကို အမေရိကန်ဒေါ်လာ ၁၇၀ ကနေ ၁ ထောင်ထိ ပေးပြီး ဓာတ်ပုံတွေကို နိုင်ငံခြားမှာ ပြန်ရောင်းတယ်လို့ ရဲတွေက ပြောပါတယ်။
အမေရိကန် သံသယရှိသူကတော့ တီဘလီစီ မြို့တော်တလွှားက ကုန်တိုက်တွေမှာရှိတဲ့ ဒစ်ဂျစ်တယ်ငွေသုံးစက်တွေကိုသုံးပြီး တရားမဝင် လုပ်ရပ်တွေကို ဆက်လုပ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။
ဥရောပ ရဲတပ်ဖွဲ့ ယူရိုပို၊ အမေရိကန်နဲ့ သြစတြေးလျ ရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်အပြီး ဂျော်ဂျီယာနိုင်ငံမှာ အကြီးဆုံးဂိုဏ်းကို ဖမ်းခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။
သံသယရှိသူတွေဟာ ကလေးကုန်ကူးမှုနဲ့ ကလေးအပြာ ဓာတ်ပုံ ရုပ်သံ ရိုက်ကူး ထုတ်လုပ် ရောင်းချမှုတွေအတွက် ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ကို ရင်ဆိုင်ရနိုင်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
အသက် ၈ နှစ်ကနေ ၁၄ နှစ်ကြား ကလေးတွေကိုတော့ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးထားပါတယ်။
================================
မိန္းကေလးငယ္မ်ားအား အျပာ႐ုပ္သံဇာတ္လမ္းထုတ္လုပ္သည့္ဂိုဏ္း ေဂ်ာ္ဂ်ီယာရဲတပ္ဖြဲ႕ ၿဖိဳခြင္း
DVB
ေဂ်ာ္ဂ်ီယာႏိုင္ငံအတြင္း အျပာ ႐ုပ္သံဇာတ္လမ္း ဓာတ္ပုံေတြထုတ္လုပ္ဖို႔ အသက္ ၈ ႏွစ္ထိ ငယ္တဲ့ မိန္းကေလးေတြကို အလြဲသုံးစားလုပ္ ကုန္ကူးေနတဲ့ ဂိုဏ္းကို ရဲေတြက ၿဖိဳခြင္းလိုက္ၿပီလို႔ အာဏာပိုင္ေတြက စက္တင္ဘာ ၁၉ ရက္မွာ ေျပာပါတယ္။
ဒီအမႈနဲ႔ ပတ္သက္ၿပီး ဖမ္းဆီးထားတဲ့ လူ ၁၁ ေယာက္ထဲမွာ အေမရိကန္နဲ႔ ၾသစေၾတးလ် ႏိုင္ငံသား တေယာက္စီပါၿပီး မိန္းကေလး ဆယ္ေယာက္ရဲ႕ မိဘ ေဆြမ်ိဳး အသိအကြၽမ္းေတြလည္း ပါတယ္လို႔ ေဂ်ာ္ဂ်ီယာ ျပည္ထဲေရးဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။ ဒါဟာ ႏိုင္ငံအတြင္း အႀကီးဆုံး စစ္ဆင္ေရးအတြင္း ၿဖိဳခြင္းႏိုင္ခဲ့တာပါ။
ၿမိဳ႕ေတာ္ တီဘလစ္စီက ငွားရမ္းထားတဲ့ တိုက္ခန္းေတြအတြင္း ဓာတ္ပုံတိုက္ေတြ ဖြင့္လွစ္ထားတဲ့ အသက္ ၅၈ ႏွစ္အ႐ြယ္ ေကယူနဲ႔ အသက္ ၆၀ အ႐ြယ္ ပီအယ္လ္တို႔ ႏိုင္ငံျခားသား ၂ ေယာက္ကို ေဒသခံ သတင္းေပးေတြရဲ႕ အကူအညီနဲ႔ ဖမ္းႏိုင္ခဲ့တာပါ။
ဒီအုပ္စုဟာ မိန္းကေလးေတြအား ဓာတ္ပုံ႐ိုက္ဖို႔ သူတို႔ရဲ႕ မိဘေတြကို အေမရိကန္ေဒၚလာ ၁၇၀ ကေန ၁ ေထာင္ထိ ေပးၿပီး ဓာတ္ပုံေတြကို ႏိုင္ငံျခားမွာ ျပန္ေရာင္းတယ္လို႔ ရဲေတြက ေျပာပါတယ္။
အေမရိကန္ သံသယရွိသူကေတာ့ တီဘလီစီ ၿမိဳ႕ေတာ္တလႊားက ကုန္တိုက္ေတြမွာရွိတဲ့ ဒစ္ဂ်စ္တယ္ေငြသုံးစက္ေတြကိုသုံးၿပီး တရားမဝင္ လုပ္ရပ္ေတြကို ဆက္လုပ္ခဲ့တယ္လို႔ ရဲက ေျပာပါတယ္။
ဥေရာပ ရဲတပ္ဖြဲ႕ ယူ႐ိုပို၊ အေမရိကန္နဲ႔ ၾသစေၾတးလ် ရဲေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္အၿပီး ေဂ်ာ္ဂ်ီယာႏိုင္ငံမွာ အႀကီးဆုံးဂိုဏ္းကို ဖမ္းခဲ့တာလို႔ ျပည္ထဲေရးဝန္ႀကီးဌာန ေျပာခြင့္ရက ေျပာပါတယ္။
သံသယရွိသူေတြဟာ ကေလးကုန္ကူးမႈနဲ႔ ကေလးအျပာ ဓာတ္ပုံ ႐ုပ္သံ ႐ိုက္ကူး ထုတ္လုပ္ ေရာင္းခ်မႈေတြအတြက္ ေထာင္ဒဏ္ တသက္တကြၽန္း ျပစ္ဒဏ္ကို ရင္ဆိုင္ရႏိုင္တယ္လို႔လည္း ျပည္ထဲေရးဝန္ႀကီးဌာနက ေျပာပါတယ္။
အသက္ ၈ ႏွစ္ကေန ၁၄ ႏွစ္ၾကား ကေလးေတြကိုေတာ့ စိတ္ပိုင္းဆိုင္ရာ အကူအညီေတြ ေထာက္ပံ့ေပးထားပါတယ္။