A d v e r t i s e m e n t With Us

ရာသီဥတု ပြောင်းလဲမှု ကမ္ဘာလုံးဆိုင်ရာ ဆန္ဒပြပွဲ ဩစတြေးလျတွင် ကျင်းပ

ရာသီဥတု ပြောင်းလဲခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆန္ဒပြပွဲကို  စက်တင်ဘာ ၂၀ ရက်က ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းနဲ့ ဘရစ္စဘိန်းမြို့တွေမှာ  ကျင်းပခဲ့ပြီး လူပေါင်းထောင်ချီ ပါဝင်ခဲ့ပါတယ်။    ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်မယ့် ကမ္ဘာ့ခေါင်းဆောင်တွေကို  သဘာဝဘေးအန္တရာယ် တားဆီးရေး အရေးတကြီး အစီအမံတွေ ချမှတ်ဖို့ ဆန္ဒပြပွဲကနေ တောင်းဆိုခဲ့ပါတယ်။     ဆန္ဒပြသူတွေက  “ထလော့ သြစတြေးလျ၊ ရာသီဥတုဟာ ပြောင်းလဲနေပြီ၊ ကတိကဝတ်တွေ ပျက်ကွက်နေပြီ” ဆိုတဲ့  ခေါင်းစီးစာတန်းတွေ ကိုင်ဆောင်ပြီး ဘရစ္စဘိန်းမြို့က ဗစ်တိုးရီးယား တံတားကို ဖြတ်ကူးခဲ့ပါတယ်။    အလားတူ ဆန္ဒပြပွဲတွေကို ကမ္ဘာတဝှမ်းက နိုင်ငံပေါင်း ၁၅၀ မှာ ပြုလုပ်ဖို့  စီစဉ်ထားပါတယ်။  ဆန္ဒပြပွဲ ရည်ရွယ်ချက်ကတော့ ကမ္ဘာတဝန်း ကျောင်းသား ကျောင်းသားတွေ၊ တခြားသူတွေအနေနဲ့ ရာသီဥတု ပြောင်းလဲတာကြောင့် ဖြစ်တော့မယ့် သက်ရောက်မှုတွေနဲ့ ပတ်သက်လို့ အားလုံး အသံတသံတည်း ထွက်စေဖို့ ဖြစ်ပါတယ်။   ဒီဆန္ဒပြပွဲတွေကို  ကုလသမဂ္ဂဌာနချုပ်ရှိရာ  နယူးယောက်မြို့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ အဲဒီ နယူးယောက် လူထုစည်းဝေးပွဲကို ဆွီဒင်ဆယ်ကျော်သက်  ဂရက်သာသန်ဘာ့ဂ်က ဦးဆောင်မှာဖြစ်ပြီး အဲဒီဆယ်ကျော်သက်လေးဟာ ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားမှုကြောင့်   နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် လျာထားခံရပါတယ်။ ~~~~~~~~~~~~~~~~~~~ Zawgyi-version ရာသီဥတု ေျပာင္းလဲမႈ ကမာၻလုံးဆိုင္ရာ ဆႏၵျပပြဲ ဩစေၾတးလ်တြင္ က်င္းပ ရာသီဥတု ေျပာင္းလဲျခင္းအတြက္ ကမာၻလုံးဆိုင္ရာ ဆႏၵျပပြဲကို  စက္တင္ဘာ ၂၀ ရက္က ဩစေၾတးလ်ႏိုင္ငံ မဲလ္ဘုန္းနဲ႔ ဘရစၥဘိန္းၿမိဳ႕ေတြမွာ  က်င္းပခဲ့ၿပီး လူေပါင္းေထာင္ခ်ီ ပါဝင္ခဲ့ပါတယ္။ ကုလသမဂၢရာသီဥတုဆိုင္ရာ ထိပ္သီးေဆြးေႏြးပြဲ တက္ေရာက္မယ့္ ကမာၻ႔ေခါင္းေဆာင္ေတြကို  သဘာဝေဘးအႏၲရာယ္ တားဆီးေရး အေရးတႀကီး အစီအမံေတြ ခ်မွတ္ဖို႔ ဆႏၵျပပြဲကေန ေတာင္းဆိုခဲ့ပါတယ္။ ဆႏၵျပသူေတြက  “ထေလာ့ ၾသစေၾတးလ်၊ ရာသီဥတုဟာ ေျပာင္းလဲေနၿပီ၊ ကတိကဝတ္ေတြ ပ်က္ကြက္ေနၿပီ” ဆိုတဲ့  ေခါင္းစီးစာတန္းေတြ ကိုင္ေဆာင္ၿပီး ဘရစၥဘိန္းၿမိဳ႕က ဗစ္တိုးရီးယား တံတားကို ျဖတ္ကူးခဲ့ပါတယ္။ အလားတူ ဆႏၵျပပြဲေတြကို ကမာၻတဝွမ္းက ႏိုင္ငံေပါင္း ၁၅၀ မွာ ျပဳလုပ္ဖို႔  စီစဥ္ထားပါတယ္။ ဆႏၵျပပြဲ ရည္႐ြယ္ခ်က္ကေတာ့ ကမာၻတဝန္း ေက်ာင္းသား ေက်ာင္းသားေတြ၊ တျခားသူေတြအေနနဲ႔   ရာသီဥတု ေျပာင္းလဲတာေၾကာင့္ ျဖစ္ေတာ့မယ့္ သက္ေရာက္မႈေတြနဲ႔ ပတ္သက္လို႔ အားလုံး အသံတသံတည္း ထြက္ေစဖို႔ ျဖစ္ပါတယ္။ ဒီဆႏၵျပပြဲေတြကို  ကုလသမဂၢဌာနခ်ဳပ္ရွိရာ  နယူးေယာက္ၿမိဳ႕မွာ အဆုံးသတ္မွာ ျဖစ္ပါတယ္။ အဲဒီ နယူးေယာက္ လူထုစည္းေဝးပြဲကို ဆြီဒင္ဆယ္ေက်ာ္သက္  ဂရက္သာသန္ဘာ့ဂ္က ဦးေဆာင္မွာျဖစ္ၿပီး အဲဒီဆယ္ေက်ာ္သက္ေလးဟာ ရာသီဥတုဆိုင္ရာ တက္ႂကြလႈပ္ရွားမႈေၾကာင့္   ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆုအတြက္ လ်ာထားခံရပါတယ္။

A d v e r t i s e m e n t With Us

More News
Up