အမေရိကန် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အာဖဂန်အရပ်သားများ၏ဈာပန ကျင်းပ

1.6K
အာဖဂန်နစ္စတန် နိုင်ငံအတွင်း အိုင်အက်စ်စစ်သွေးကြွတွေ ခိုအောင်းနေတဲ့နေရာကို အမေရိကန်က ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အရပ်သား အယောက် ၃၀ ကို ဈာပန အခမ်းအနားနဲ့ သင်္ဂြိုဟ်ခဲ့တယ်လို့ အရာရှိတွေက စက်တင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
စက်တင်ဘာ ၁၈ ရက်ညက တိုက်ခိုက်မှုအတွင်း နန်ဂဟာခရိုင်အရှေ့ပိုင်း တောင်ထူတဲ့ ဝါဇီယာ တန်ဂီဒေသက ရိတ်သိမ်းလုပ်ငန်း လက်စသတ်နေတဲ့ အလုပ်သမား၊ လယ်သမားတွေကို မတော်တဆ ပစ်ခတ်ခဲ့မိတာလို့ အာဖဂန်အရာရှိ ၃ ယောက်က ရိုက်တာသတင်းဌာနကို ပြောခဲ့တာပါ.
ဒရုန်းတိုက်ခိုက်မှုကို အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကဘူးအခြေစိုက် အမေရိကန် အကြီးတန်းအရာရှိတို့က အတည်ပြုခဲ့ပေမယ့် အရပ်သားသေဆုံးမှု အသေးစိတ်ကိုတော့ မပြောခဲ့ကြပါဘူး။
အမေရိကန်တပ်တွေဟာ နန်ဂဟာနယ်ထဲက အိုင်အက်စ်အကြမ်းဖက်တွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်။
တိုက်ခိုက်ရေးသမားမဟုတ်တဲ့လူတွေ သေဆုံးတယ်ဆိုတဲ့ စွဲချက်တွေကို သတိပြုမိတယ်။ အချက်အလက်တွေကို ဆုံးဖြတ်ဖို့ ဒေသန္တရအရာရှိတွေနဲ့ လုပ်ဆောင်နေတယ်လို့ အာဖဂန် နိုင်ငံတွင်း အမေရိကန်တပ်တွေရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး ဆန်နီ လက်ဂတ်က ပြောပါတယ်။
“ကျနော်တို့ လူအယောက် ၂၅၀ လောက် လယ်ကွင်းတွေထဲမှာ အလုပ်လုပ်ဖို့ သွားနေခဲ့တာ။ အယောက် ၅၀ လောက်ပဲ လွတ်တယ်၊ ၂၁ ယောက် သေပြီး ၁၅ ယောက် ဒဏ်ရာရတယ်။ နောက်ထပ် ဘယ်သူဘာ ထပ်ဖြစ်လဲ မသိဘူး” လို့ မျက်မြင်သက်သေတယောက်က ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံအတွင်း အမေရိကန်တပ်သား အယောက် ၁ သောင်း ၄ ထောင်လောက် ရှိပါတယ်။ အိုင်အက်စ်နဲ့ တာလီဘန်လှုပ်ရှားမှုတွေကို တိုက်ဖျက်ဖို့ စစ်ဆင်ရေးတွေမှာ အကြံပေးတာနဲ့ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သင်တန်းပေးတာတွေ ဆောင်ရွက်နေပါတယ်။
=========================
အေမရိကန္ ဒ႐ုန္းျဖင့္တိုက္ခိုက္မႈေၾကာင့္ ေသဆုံးခဲ့သည့္ အာဖဂန္အရပ္သားမ်ား၏ဈာပန က်င္းပ
DVB
အာဖဂန္နစၥတန္ ႏိုင္ငံအတြင္း အိုင္အက္စ္စစ္ေသြးႂကြေတြ ခိုေအာင္းေနတဲ့ေနရာကို အေမရိကန္က ဒ႐ုန္းယာဥ္နဲ႔ တိုက္ခိုက္မႈအတြင္း ေသဆုံးခဲ့တဲ့ အရပ္သား အေယာက္ ၃၀ ကို ဈာပန အခမ္းအနားနဲ႔ သၿဂႋဳဟ္ခဲ့တယ္လို႔ အရာရွိေတြက စက္တင္ဘာ ၁၉ ရက္မွာ ေျပာပါတယ္။
စက္တင္ဘာ ၁၈ ရက္ညက တိုက္ခိုက္မႈအတြင္း နန္ဂဟာခ႐ိုင္အေရွ႕ပိုင္း ေတာင္ထူတဲ့ ဝါဇီယာ တန္ဂီေဒသက ရိတ္သိမ္းလုပ္ငန္း လက္စသတ္ေနတဲ့ အလုပ္သမား၊ လယ္သမားေတြကို မေတာ္တဆ ပစ္ခတ္ခဲ့မိတာလို႔ အာဖဂန္အရာရွိ ၃ ေယာက္က ႐ိုက္တာသတင္းဌာနကို ေျပာခဲ့တာပါ.
ဒ႐ုန္းတိုက္ခိုက္မႈကို အာဖဂန္ကာကြယ္ေရးဝန္ႀကီးဌာနနဲ႔ ကဘူးအေျခစိုက္ အေမရိကန္ အႀကီးတန္းအရာရွိတို႔က အတည္ျပဳခဲ့ေပမယ့္ အရပ္သားေသဆုံးမႈ အေသးစိတ္ကိုေတာ့ မေျပာခဲ့ၾကပါဘူး။
အေမရိကန္တပ္ေတြဟာ နန္ဂဟာနယ္ထဲက အိုင္အက္စ္အၾကမ္းဖက္ေတြကို ဒ႐ုန္းနဲ႔ တိုက္ခိုက္ခဲ့တယ္။
တိုက္ခိုက္ေရးသမားမဟုတ္တဲ့လူေတြ ေသဆုံးတယ္ဆိုတဲ့ စြဲခ်က္ေတြကို သတိျပဳမိတယ္။ အခ်က္အလက္ေတြကို ဆုံးျဖတ္ဖို႔ ေဒသႏၲရအရာရွိေတြနဲ႔ လုပ္ေဆာင္ေနတယ္လို႔ အာဖဂန္ ႏိုင္ငံတြင္း အေမရိကန္တပ္ေတြရဲ႕ ေျပာခြင့္ရ ဗိုလ္မႉးႀကီး ဆန္နီ လက္ဂတ္က ေျပာပါတယ္။
“က်ေနာ္တို႔ လူအေယာက္ ၂၅၀ ေလာက္ လယ္ကြင္းေတြထဲမွာ အလုပ္လုပ္ဖို႔ သြားေနခဲ့တာ။ အေယာက္ ၅၀ ေလာက္ပဲ လြတ္တယ္၊ ၂၁ ေယာက္ ေသၿပီး ၁၅ ေယာက္ ဒဏ္ရာရတယ္။ ေနာက္ထပ္ ဘယ္သူဘာ ထပ္ျဖစ္လဲ မသိဘူး” လို႔ မ်က္ျမင္သက္ေသတေယာက္က ေျပာပါတယ္။
အာဖဂန္နစၥတန္ႏိုင္ငံအတြင္း အေမရိကန္တပ္သား အေယာက္ ၁ ေသာင္း ၄ ေထာင္ေလာက္ ရွိပါတယ္။ အိုင္အက္စ္နဲ႔ တာလီဘန္လႈပ္ရွားမႈေတြကို တိုက္ဖ်က္ဖို႔ စစ္ဆင္ေရးေတြမွာ အႀကံေပးတာနဲ႔ အာဖဂန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို သင္တန္းေပးတာေတြ ေဆာင္႐ြက္ေနပါတယ္။