အမေရိကန်တွင် သေနတ်ပစ်ခတ်မှုကြောင့် လူအများအပြား ဒဏ်ရာရ

1K
အမေရိကန်နိုင်ငံရဲ့ မြို့တော်ဝါရှင်တန်ဒီစီရဲ့ လမ်းတွေပေါ် သမ္မတအိမ်ဖြူတော်နဲ့ မဝေးတဲ့ နေရာမှာ စက်တင်ဘာ ၁၉ ရက်ညက သေနတ်ပစ်ခတ်မှုတွေကြောင့် လူအတော်များများ ဒဏ်ရာ ရခဲ့ကြတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။
ဒေသစံတော်ချိန် ညဆယ်နာရီ ကျော်ကျော်မှာ လူခြောက်ယောက် သေနတ်နဲ့ အပစ်ခံခဲ့ ရတယ်လို့ ရဲတွေကိုကိုးကားပြီး FOX-5 ရုပ်သံဌာနက အစီရင်ခံပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ရဲနဲ့ မီးသတ်အရာရှိတွေဆီက အတည်ပြုချက် မရသေးပါဘူး။ ဒဏ်ရာရသူတွေရဲ့ အခြေအနေကိုလည်း မသိရသေးပါဘူး။
လူတယောက်ကို လူနာတင်ထမ်းစင်နဲ့ ခေါ်သွားတာနဲ့ အရေးပေါ်ယာဉ်တွေ အခင်းဖြစ်ရာနေရာကို ရောက်လာတာကို ရိုက်ကူးထားတဲ့ ရုပ်သံကို ဒေသခံနဲ့ မျက်မြင်သက်သေ ခရစ်ဂျီကောလစ်ဆင်က လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။
အိမ်ဖြူတော်နဲ့ ၂ မိုင်အကွာ ၁၄ လမ်းနဲ့ ကိုလံဘီယာလမ်းဆုံကို ရဲတွေအများကြီး ရောက်လာတယ်လို့ အေဘီစီ သတင်းဌာနနဲ့ မိတ်ဖက်ရုပ်သံ WJLA-TV က ပြောခဲ့ပါတယ်။
============
အေမရိကန္တြင္ ေသနတ္ပစ္ခတ္မႈေၾကာင့္ လူအမ်ားအျပား ဒဏ္ရာရ
DVB
အေမရိကန္ႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ဝါရွင္တန္ဒီစီရဲ႕ လမ္းေတြေပၚ သမၼတအိမ္ျဖဴေတာ္နဲ႔ မေဝးတဲ့ ေနရာမွာ စက္တင္ဘာ ၁၉ ရက္ညက ေသနတ္ပစ္ခတ္မႈေတြေၾကာင့္ လူအေတာ္မ်ားမ်ား ဒဏ္ရာ ရခဲ့ၾကတယ္လို႔ ေဒသခံမီဒီယာက အစီရင္ခံပါတယ္။
ေဒသစံေတာ္ခ်ိန္ ညဆယ္နာရီ ေက်ာ္ေက်ာ္မွာ လူေျခာက္ေယာက္ ေသနတ္နဲ႔ အပစ္ခံခဲ့ ရတယ္လို႔ ရဲေတြကိုကိုးကားၿပီး FOX-5 ႐ုပ္သံဌာနက အစီရင္ခံပါတယ္။
ဒီသတင္းနဲ႔ပတ္သက္ၿပီး ရဲနဲ႔ မီးသတ္အရာရွိေတြဆီက အတည္ျပဳခ်က္ မရေသးပါဘူး။ ဒဏ္ရာရသူေတြရဲ႕ အေျခအေနကိုလည္း မသိရေသးပါဘူး။
လူတေယာက္ကို လူနာတင္ထမ္းစင္နဲ႔ ေခၚသြားတာနဲ႔ အေရးေပၚယာဥ္ေတြ အခင္းျဖစ္ရာေနရာကို ေရာက္လာတာကို ႐ိုက္ကူးထားတဲ့ ႐ုပ္သံကို ေဒသခံနဲ႔ မ်က္ျမင္သက္ေသ ခရစ္ဂ်ီေကာလစ္ဆင္က လူမႈကြန္ရက္ေပၚ တင္ခဲ့ပါတယ္။
အိမ္ျဖဴေတာ္နဲ႔ ၂ မိုင္အကြာ ၁၄ လမ္းနဲ႔ ကိုလံဘီယာလမ္းဆုံကို ရဲေတြအမ်ားႀကီး ေရာက္လာတယ္လို႔ ေအဘီစီ သတင္းဌာနနဲ႔ မိတ္ဖက္႐ုပ္သံ WJLA-TV က ေျပာခဲ့ပါတယ္။