Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ မိုင်းပေါက်ကွဲမှုကြောင့်  ၁၀ လအတွင်း အရပ်သား ၁၆ ဦးသေ၊ ၆၀ ခန့် ဒဏ်ရာရ
DVB
·
September 20, 2019
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းကနေ ၂၀၁၉ စက်တင်ဘာလ ၁၉ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း  မြေမြုပ်မိုင်းနဲ့ လက်ကျန်မိုင်းတွေ ပေါက်ကွဲမှုကြောင့် အရပ်သား ၁၆ ဦး သေဆုံးပြီး ၅၉ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)က ပြောပါတယ်။ ထိခိုက်သေဆုံးသူတွေထဲမှာ ပုဏ္ဏားကျွန်၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေမှာ အများဆုံးဖြစ်တယ်လို့  ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်ချောင်းတူကျေးရွာက ဒေါ်သန်းသန်းနု ဆိုတဲ့ အမျိုးသမီးတဦး ကျေးရွာအနားက ဥယျာဉ်ခြံကို ခင်ပွန်းဖြစ်သူနဲ့ သွားရောက်ခဲ့ရာအိမ်အပြန် လမ်းမှာ မိုင်းနင်းမိလို့ ဘယ်ဖက်ခြေ ပြတ်သွားပါတယ်။ ကျောက်တော်မြို့နယ်မှာ မြေမြုပ်မိုင်းထိမှန်ပြီး သေဆုံးထိခိုက်ဒဏ်ရာရတဲ့အထဲမှာ ကျေးရွာမှာနေတဲ့သူတွေနဲ့ တောင်ယာလုပ်ငန်းလုပ်ကိုင်စားသောက်သူတွေ အများဆုံးဖြစ်တာ ကို တွေ့ရပါတယ်။ ဒီလို ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ အမျိုးသားက ၆၀ ရာခိုင်နှုန်း၊ အမျိုးသမီးက ၄၀ ရာခိုင်နှုန်းနဲ့ အဲ့ဒီထဲက ၃၀ ရာခိုင်းနှုန်းဟာ ဒဏ်ရာပြင်းထန်ပြီး လူနာ ၇ ဦးဆိုရင်လည်း မသန်းစွမ်းတဲ့အထိ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ကြရပါတယ်။ ဒီစာရင်းတွေကတော့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC) က မြေပြင် အခြေအနေတွေကို သွားရောက်ကွင်းဆင်းပြီး ရလာတဲ့ အချက်အလက်တွေ အခြေခံအတည်ပြုတာ လို့ ဆိုပါတယ်။  ဝဏ္ဏခွာညို
ရခိုင္ျပည္နယ္၌ မိုင္းေပါက္ကြဲမႈေၾကာင့္ ၁၀ လအတြင္း အရပ္သား ၁၆ ဦးေသ၊ ၆၀ ခန႔္ ဒဏ္ရာရ ဝဏၰခြာညိဳ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလဆန္းကေန ၂၀၁၉ စက္တင္ဘာလ ၁၉ ရက္ေန႔အထိ ရခိုင္ျပည္နယ္အတြင္း ေျမျမဳပ္မိုင္းနဲ႔ လက္က်န္မိုင္းေတြ ေပါက္ကြဲမႈေၾကာင့္ အရပ္သား ၁၆ ဦး ေသဆုံးၿပီး ၅၉ ဦး ထိခိုက္ဒဏ္ရာရွိခဲ့တယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC)က ေျပာပါတယ္။ ထိခိုက္ေသဆုံးသူေတြထဲမွာ ပုဏၰားကြၽန္၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ရေသ့ေတာင္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ေတြမွာ အမ်ားဆုံးျဖစ္တယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး အတြင္းေရးမႉး ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။ စက္တင္ဘာ ၁၈ ရက္ေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ေခ်ာင္းတူေက်း႐ြာက ေဒၚသန္းသန္းႏု ဆိုတဲ့ အမ်ိဳးသမီးတဦး ေက်း႐ြာအနားက ဥယ်ာဥ္ၿခံကို ခင္ပြန္းျဖစ္သူနဲ႔ သြားေရာက္ခဲ့ရာအိမ္အျပန္ လမ္းမွာ မိုင္းနင္းမိလို႔ ဘယ္ဖက္ေျခ ျပတ္သြားပါတယ္။ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ေျမျမဳပ္မိုင္းထိမွန္ၿပီး ေသဆုံးထိခိုက္ဒဏ္ရာရတဲ့အထဲမွာ ေက်း႐ြာမွာေနတဲ့သူေတြနဲ႔ ေတာင္ယာလုပ္ငန္းလုပ္ကိုင္စားေသာက္သူေတြ အမ်ားဆုံးျဖစ္တာ ကို ေတြ႕ရပါတယ္။ ဒီလို ထိခိုက္ဒဏ္ရာရတဲ့အထဲမွာ အမ်ိဳးသားက ၆၀ ရာခိုင္ႏႈန္း၊ အမ်ိဳးသမီးက ၄၀ ရာခိုင္ႏႈန္းနဲ႔ အဲ့ဒီထဲက ၃၀ ရာခိုင္းႏႈန္းဟာ ဒဏ္ရာျပင္းထန္ၿပီး လူနာ ၇ ဦးဆိုရင္လည္း မသန္းစြမ္းတဲ့အထိ ဆိုးဆိုးဝါးဝါးျဖစ္ခဲ့ၾကရပါတယ္။ ဒီစာရင္းေတြကေတာ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး(REC) က ေျမျပင္ အေျခအေနေတြကို သြားေရာက္ကြင္းဆင္းၿပီး ရလာတဲ့ အခ်က္အလက္ေတြ အေျခခံအတည္ျပဳတာ လို႔ ဆိုပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024