နိုင်ငံခြားသား အကြမ်းဖက်တိုက်ခိုက်ရေးသမားအချို့ကို ထောက်လှမ်းတွေ့ရှိထားဟု အင်တာပို ပြော

မြေထဲပင်လယ်ဒေသတလွှားမှာ ခရီးသွားနေတဲ့ နိုင်ငံခြားသား အကြမ်းဖက် တိုက်ခိုက်ရေးသမားလို့ သံသယရှိသူ အယောက် ၁ ဒါဇင်ကျော်ကို ထောက်လှမ်းထားပြီးပြီလို့ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုက စက်တင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။ ဒါဟာ အင်တာပိုရဲ့ ပင်လယ်နယ်စပ် ညှိနှိုင်းဆောင်ရွက်မှု စစ်ဆင်ရေးအတွင်းမှာ ထောက်လှမ်းနိုင်ခဲ့တာပါ။  စုံစမ်းစစ်ဆေးမှု လမ်းစ ၃၁ ခုက လူ ၁၂ ယောက်ကျော် ချိတ်ဆက်ထားတဲ့ သံသယ ဖြစ်ဖွယ် အကြမ်းဖက်လှုပ်ရှားမှုကို ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ ပြင်သစ် အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ရဲညှိုနှိုင်း ဆောင်ရွက်ရေး အေဂျင်စီ အင်တာပိုက ကြေညာ ချက်ထဲမှာ ပြောပါတယ်။ ဇူလိုင် ၂၄ ရက်ကစပြီး စက်တင်ဘာ ၈ရ က်မှာ ပြီးဆုံးတဲ့ "Operation Neptune II" စစ်ဆင်ရေးဟာ လူစည်ကားတဲ့ နွေရာသီ ကမ္ဘာလှည့် ခရီးသွားရာသီအတွင်း ဥရောပတောင်ပိုင်းနဲ့ မြောက်အာဖရိကကြား ပင်လယ်ရေကြောင်းကို သုံးမယ့် နိုင်ငံခြားသား အကြမ်းဖက် တိုက်ခိုက်ရေးသမားတွေကြောင့် ဖြစ်တဲ့ ခြိမ်းခြောက်မှုတွေကို အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။ အယ်လ်ဂျီးရီးယား၊ ပြင်သစ်၊ အီတလီ၊ မော်ရိုကို၊ စပိန်နဲ့ တူနီးရှားတို့ပါတဲ့ နိုင်ငံ ၆ နိုင်ငံထဲက ပင်လယ်ဆိပ်ကမ်း ၇ ခုမှာ အရာရှိတွေဟာ လူအယောက် ၁.၂ သန်းကျော်ကို ရှာခဲ့ပြီး ခိုးယူခံနဲ့ ပျောက်ဆုံး ခရီးသွားလက်မှတ်တွေ၊ အခိုးခံ မော်တော်ယာဉ်တွေနဲ့ အမည်ခံ အချက်အလက်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေအတွက် စစ်ဆေးခဲ့တယ်လို့ အင်တာပိုရဲ့ ကြေညာချက်က ဆိုပါတယ်။ ========================== ႏိုင္ငံျခားသား အၾကမ္းဖက္တိုက္ခိုက္ေရးသမားအခ်ိဳ႕ကို ေထာက္လွမ္းေတြ႕ရွိထားဟု အင္တာပို ေျပာ DVB ေျမထဲပင္လယ္ေဒသတလႊားမွာ ခရီးသြားေနတဲ့ ႏိုင္ငံျခားသား အၾကမ္းဖက္ တိုက္ခိုက္ေရးသမားလို႔ သံသယရွိသူ အေယာက္ ၁ ဒါဇင္ေက်ာ္ကို ေထာက္လွမ္းထားၿပီးၿပီလို႔ ႏိုင္ငံတကာ ရဲတပ္ဖြဲ႕ အင္တာပိုက စက္တင္ဘာ ၁၉ ရက္မွာ ေျပာပါတယ္။ ဒါဟာ အင္တာပိုရဲ႕ ပင္လယ္နယ္စပ္ ညႇိႏႈိင္းေဆာင္႐ြက္မႈ စစ္ဆင္ေရးအတြင္းမွာ ေထာက္လွမ္းႏိုင္ခဲ့တာပါ။ စုံစမ္းစစ္ေဆးမႈ လမ္းစ ၃၁ ခုက လူ ၁၂ ေယာက္ေက်ာ္ ခ်ိတ္ဆက္ထားတဲ့ သံသယ ျဖစ္ဖြယ္ အၾကမ္းဖက္လႈပ္ရွားမႈကို ေထာက္လွမ္းေတြ႕ရွိခဲ့တယ္လို႔ ျပင္သစ္ အေျခစိုက္ ကမာၻလုံးဆိုင္ရာ ရဲညႇိဳႏႈိင္း ေဆာင္႐ြက္ေရး ေအဂ်င္စီ အင္တာပိုက ေၾကညာ ခ်က္ထဲမွာ ေျပာပါတယ္။ ဇူလိုင္ ၂၄ ရက္ကစၿပီး စက္တင္ဘာ ၈ရ က္မွာ ၿပီးဆုံးတဲ့ "Operation Neptune II" စစ္ဆင္ေရးဟာ လူစည္ကားတဲ့ ေႏြရာသီ ကမာၻလွည့္ ခရီးသြားရာသီအတြင္း ဥေရာပေတာင္ပိုင္းနဲ႔ ေျမာက္အာဖရိကၾကား ပင္လယ္ေရေၾကာင္းကို သုံးမယ့္ ႏိုင္ငံျခားသား အၾကမ္းဖက္ တိုက္ခိုက္ေရးသမားေတြေၾကာင့္ ျဖစ္တဲ့ ၿခိမ္းေျခာက္မႈေတြကို အာ႐ုံစိုက္ထားတယ္လို႔ ဆိုပါတယ္။ အယ္လ္ဂ်ီးရီးယား၊ ျပင္သစ္၊ အီတလီ၊ ေမာ္႐ိုကို၊ စပိန္နဲ႔ တူနီးရွားတို႔ပါတဲ့ ႏိုင္ငံ ၆ ႏိုင္ငံထဲက ပင္လယ္ဆိပ္ကမ္း ၇ ခုမွာ အရာရွိေတြဟာ လူအေယာက္ ၁.၂ သန္းေက်ာ္ကို ရွာခဲ့ၿပီး ခိုးယူခံနဲ႔ ေပ်ာက္ဆုံး ခရီးသြားလက္မွတ္ေတြ၊ အခိုးခံ ေမာ္ေတာ္ယာဥ္ေတြနဲ႔ အမည္ခံ အခ်က္အလက္ေတြနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြအတြက္ စစ္ေဆးခဲ့တယ္လို႔ အင္တာပိုရဲ႕ ေၾကညာခ်က္က ဆိုပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up