အမေရိကန် တက္ကဆက်ပြည်နယ် အရှေ့တောင်ပိုင်းနေရာတချို့တွင် ရေလွှမ်း

အပူပိုင်း လေဖိအားနည်းရပ်ဝန်း အီမယ်ဒါကြောင့် စက်တင်ဘာ ၁၉ ရက်နေ့က  အမေရိကန် နိုင်ငံ တက္ကဆက်ပြည်နယ် အရှေ့တောင်ပိုင်းနေရာတချို့မှာ ရေလွှမ်းနေပါတယ်။ အမျိုးသား ဟာရီကိန်းစင်တာက ကမ်းရိုးတန်းဒေသ တချို့မှာ   စုစုပေါင်းမိုးရေချိန် ၃၅- လက်မအထိ ရွာနိုင်တယ်ဆိုပြီး ခန့်မှန်းထားပါတယ်။  ဟူစတန်မြို့မှာ မိုး ၃ ရက်ရွာတာကြောင့်  ရေကြီးနေတဲ့ လမ်းတွေမှာ မော်တော်ကားတွေ သောင်တင်နေပြီး ဒေသခံတွေဟာလည်း အိမ်ပြင်ကို မထွက်နိုင်ဘဲ ဖြစ်နေပါတယ်။  ဒါ့အပြင် ဆေးရုံတခုက လူနာတွေကို ဘေးလွတ်ရာပြောင်းခဲ့ရတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။  အမျိုးသားမိုးလေဝသဌာနက မိုးရေချိန် ၄ လက်မကနေ ၁၀ လက်မအထိ ရွာနိုင်တယ်လို့ ခန့်မှန်းခဲ့သလိုပဲ ဟူစတန် မြို့ဝန်းကျင်နဲ့ လူဝီစီယားနားပြည်နယ်အနောက်ပိုင်းက သန်းချီတဲ့ဒေသခံတွေအနေနဲ့ ရေဘေးကြုံတွေ့ရမယ့် စောင့်ကြည့်စာရင်းမှာ ဆက်ရှိနေပါတယ်။    ဟူစတန်အနေနဲ့ လေဖိအားနည်းရပ်ဝန်း အီမယ်ဒါကြောင့် ဒီသီတင်းပတ်အတွင်း မြို့လမ်းတချို့  ရေကြီးခဲ့ပေမယ့် အဆိုးရွားဆုံး ထိခိုက်မှုတွေကနေ ကင်းဝေးခဲ့ပုံရပါတယ်။  လွန်ခဲ့တဲ့ နှစ်နှစ်က  ဟာရီကိန်း ဟာဗေးကြောင့် ဟူစတန်မြို့ နေရာတချို့မှာ အဆိုးရွားဆုံး ရေကြီးမှုဒဏ် ကြုံခဲ့ရပြီး  လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ပါတယ်။ =================================== အေမရိကန္ တကၠဆက္ျပည္နယ္ အေရွ႕ေတာင္ပိုင္းေနရာတခ်ိဳ႕တြင္ ေရလႊမ္း DVB အပူပိုင္း ေလဖိအားနည္းရပ္ဝန္း အီမယ္ဒါေၾကာင့္ စက္တင္ဘာ ၁၉ ရက္ေန႔က  အေမရိကန္ ႏိုင္ငံ တကၠဆက္ျပည္နယ္ အေရွ႕ေတာင္ပိုင္းေနရာတခ်ိဳ႕မွာ ေရလႊမ္းေနပါတယ္။ အမ်ိဳးသား ဟာရီကိန္းစင္တာက ကမ္း႐ိုးတန္းေဒသ တခ်ိဳ႕မွာ   စုစုေပါင္းမိုးေရခ်ိန္ ၃၅- လက္မအထိ ႐ြာႏိုင္တယ္ဆိုၿပီး ခန႔္မွန္းထားပါတယ္။ ဟူစတန္ၿမိဳ႕မွာ မိုး ၃ ရက္႐ြာတာေၾကာင့္  ေရႀကီးေနတဲ့ လမ္းေတြမွာ ေမာ္ေတာ္ကားေတြ ေသာင္တင္ေနၿပီး ေဒသခံေတြဟာလည္း အိမ္ျပင္ကို မထြက္ႏိုင္ဘဲ ျဖစ္ေနပါတယ္။ ဒါ့အျပင္ ေဆး႐ုံတခုက လူနာေတြကို ေဘးလြတ္ရာေျပာင္းခဲ့ရတယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။ အမ်ိဳးသားမိုးေလဝသဌာနက မိုးေရခ်ိန္ ၄ လက္မကေန ၁၀ လက္မအထိ ႐ြာႏိုင္တယ္လို႔ ခန႔္မွန္းခဲ့သလိုပဲ ဟူစတန္ ၿမိဳ႕ဝန္းက်င္နဲ႔ လူဝီစီယားနားျပည္နယ္အေနာက္ပိုင္းက သန္းခ်ီတဲ့ေဒသခံေတြအေနနဲ႔ ေရေဘးႀကဳံေတြ႕ရမယ့္ ေစာင့္ၾကည့္စာရင္းမွာ ဆက္ရွိေနပါတယ္။ ဟူစတန္အေနနဲ႔ ေလဖိအားနည္းရပ္ဝန္း အီမယ္ဒါေၾကာင့္ ဒီသီတင္းပတ္အတြင္း ၿမိဳ႕လမ္းတခ်ိဳ႕  ေရႀကီးခဲ့ေပမယ့္ အဆိုး႐ြားဆုံး ထိခိုက္မႈေတြကေန ကင္းေဝးခဲ့ပုံရပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္က  ဟာရီကိန္း ဟာေဗးေၾကာင့္ ဟူစတန္ၿမိဳ႕ ေနရာတခ်ိဳ႕မွာ အဆိုး႐ြားဆုံး ေရႀကီးမႈဒဏ္ ႀကဳံခဲ့ရၿပီး  လူေပါင္း ၆၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up