အသက် ၈၃ နှစ်အရွယ် တူနီးရှားသမ္မတဟောင်း ဘင်အလီ ကွယ်လွန်

939
အာရပ်နွေဦးတော်လှန်ရေး လှုပ်ရှားမှုအတွင်း ပြုတ်ကျခဲ့တဲ့ တူနီးရှားသမ္မတဟောင်း အဘီဒင်းဘင်အလီဟာ အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ မိသားစုက စက်တင်ဘာ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
သမ္မတဟောင်း ဘင်အလီဟာ တူနီးရှားနိုင်ငံကို ၂၃ နှစ်ကြာ ဦးဆောင်ခဲ့ပြီး နိုင်ငံတည်ငြိမ်ရေးနဲ့ စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်နိုင်တယ်လို့ နာမည်ကောင်းရခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ နိုင်ငံရေးဖိနှိပ်မှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် အတော်လေး ပြစ်တင်ဝေဖန်ခံခဲ့ရပါတယ်။
တူနီးရှားနိုင်ငံမှာ လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှာ သူဟာ ရာထူးကနေ ပြုတ်ကျခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့်ပဲ အာရပ်ကမ္ဘာမှာ အာရပ်နွေဦးတော်လှန်ရေး ဆိုတဲ့ အလားတူ နိုင်ငံရေး လှုပ်ရှားမှုတွေ ပေါ် ပေါက်ခဲ့ပါတယ်။
ရာထူးကနေပြုတ်ကျပြီးနောက် ဘင်အလီဟာ ဆော်ဒီအာရေးဘီးယားကို ထွက်ပြေးခဲ့ပြီး အဲဒီမှာပဲ ကွယ်လွန်ခဲ့တာပါ။
တူနီးရှားသမ္မတဟောင်း ဘင်အလီဟာ စက်တင်ဘာ ၁၉ ရက်က ကွယ်လွန်ခဲ့ပြီး သူ့ဈာပနကို စက်တင်ဘာ ၂၀ ရက်မှာ ပြုလုပ်မယ်လို့ ရှေ့နေဖြစ်သူက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
==============================
အသက္ ၈၃ ႏွစ္အ႐ြယ္ တူနီးရွားသမၼတေဟာင္း ဘင္အလီ ကြယ္လြန္
DVB
အာရပ္ေႏြဦးေတာ္လွန္ေရး လႈပ္ရွားမႈအတြင္း ျပဳတ္က်ခဲ့တဲ့ တူနီးရွားသမၼတေဟာင္း အဘီဒင္းဘင္အလီဟာ အသက္ ၈၃ ႏွစ္အ႐ြယ္မွာ ကြယ္လြန္ခဲ့တယ္လို႔ မိသားစုက စက္တင္ဘာ ၁၉ ရက္မွာ ေျပာလိုက္ပါတယ္။
သမၼတေဟာင္း ဘင္အလီဟာ တူနီးရွားႏိုင္ငံကို ၂၃ ႏွစ္ၾကာ ဦးေဆာင္ခဲ့ၿပီး ႏိုင္ငံတည္ၿငိမ္ေရးနဲ႔ စီးပြားေရးေကာင္းမြန္ေအာင္ ေဆာင္႐ြက္ႏိုင္တယ္လို႔ နာမည္ေကာင္းရခဲ့ပါတယ္။
ဒါေပမဲ့ သူဟာ ႏိုင္ငံေရးဖိႏွိပ္မႈေတြနဲ႔ အက်င့္ပ်က္ျခစားမႈေတြေၾကာင့္ အေတာ္ေလး ျပစ္တင္ေဝဖန္ခံခဲ့ရပါတယ္။
တူနီးရွားႏိုင္ငံမွာ လူထုဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့ၿပီးေနာက္ ၂၀၁၁ ခုႏွစ္မွာ သူဟာ ရာထူးကေန ျပဳတ္က်ခဲ့ပါတယ္။
ဒီျဖစ္ရပ္ေၾကာင့္ပဲ အာရပ္ကမာၻမွာ အာရပ္ေႏြဦးေတာ္လွန္ေရး ဆိုတဲ့ အလားတူ ႏိုင္ငံေရး လႈပ္ရွားမႈေတြ ေပၚ ေပါက္ခဲ့ပါတယ္။
ရာထူးကေနျပဳတ္က်ၿပီးေနာက္ ဘင္အလီဟာ ေဆာ္ဒီအာေရးဘီးယားကို ထြက္ေျပးခဲ့ၿပီး အဲဒီမွာပဲ ကြယ္လြန္ခဲ့တာပါ။
တူနီးရွားသမၼတေဟာင္း ဘင္အလီဟာ စက္တင္ဘာ ၁၉ ရက္က ကြယ္လြန္ခဲ့ၿပီး သူ႔ဈာပနကို စက္တင္ဘာ ၂၀ ရက္မွာ ျပဳလုပ္မယ္လို႔ ေရွ႕ေနျဖစ္သူက ႐ိုက္တာ သတင္းဌာနကို ေျပာပါတယ္။