Home
မြန်မာသတင်း
ညောင်လေးပင်တွင်  ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးဆယ်အိမ်မှူး၂၄ ဦး နုတ်ထွက်
DVB
·
September 20, 2019
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးက လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီ အဓမ္မဖိအားပေးခိုင်းစေမှုတွေပြုလုပ်နေတယ်ဆိုပြီး စက်တင်ဘာ ၁၇ ရက်မှာ ရာအိမ်မှူးဆယ်အိမ်မှူး ၂၄ ဦးတို့  စုပေါင်းလက်မှတ်ထိုး နုတ်ထွက်ခဲ့ကြပါတယ်။ ရာထူးအာဏာကို အသုံးချပြီအဓမ္မဖိအားပေးခိုင်းစေမှုတွေဟာ ဒေသခံပြည်သူတွေအပါအဝင် ရာအိမ်မှူးဆယ်အိမ်မှူးတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သလိုခံ စားရတာကြောင့် နုတ်ထွက်ခဲ့ကြတာလို့  ဂွေးကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောသိန်းလွင်က ဆိုပါတယ်။ “ရွာလမ်းပျက်စီးသွားလို့ပြန်ပြင်ဖို့ ကုမ္ပဏီကလှူတဲ့ငွေ ကျပ်  ၂၅ သိန်းကို ဟိုရွာကို ခွဲပေးရမယ်၊ ဒီရွာကို ခွဲပေးရမယ်ဆိုပြီး ဖိအားပေးခိုင်းတယ်။ ကျနော်တို့က ရွာမှာ ပြည်သူတွေနဲ့လမ်းပြုပြင်ဖို့ တရားဝင်အစည်းအဝေးထိုင် တိုင်ပင်ပြီးပြီ။ ရွာလမ်းပြင်ဖို့ ကျောက်တွေကဝယ်ထားပြီးပြီ။ ဒါကိုခွဲပေးရမယ်ဆိုပြီးအတင်းလုပ်ခိုင်းတယ်။ သူပြောတဲ့အတိုင်း လုပ်ရင် ရွာလူတွေက ကျနော်တို့ကို စကားအမျိုးမျိုးပြောတယ်ဆိုပြီး ထင်ကြလိမ့်မယ်။ မြို့နယ်ရုံးမှာ သူတို့ပြောတဲ့စကားတွေက ကျနော်တို့ရဲ့ ဂုဏ်သိက္ခာကိုထိခိုက်တယ်ဒါကြောင့် နုတ်ထွက်ရတာ” ရေဖြူကန်ကျေးရွာနဲ့ ဂွေးကုန်းကျေးရွာအုပ်စုကို ဆက်သွယ်ထားတဲ့လမ်းပေါ်က ချိန်းချောင်းတံတားကိုပြန်လည်တည်ဆောက်ရာမှာ စက်ယန္တာရားတွေကြောင့် လမ်းပျက်စီးသွားတဲ့ အတွက် ရွှေမြင့်သော်ကုမ္ပဏီက ဂွေးကုန်းကျေးရွာကို လမ်းပြန်လည်ပြုပြင်နိုင်ဖို့ ငွေ ကျပ် ၂၅ သိန်းလှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီငွေ ၂၅ သိန်းကိုမြို့နယ်အုပ်ချုပ်ရေးမှူးက တခြားကျေးရွာတွေကိုပါ ခွဲဝေပေးဖို့ အဓမ္မ ဖိအားပေးစေခိုင်နေတာကြောင့် နုတ်ထွက်ခဲ့ကြတာလို့ ရာအိမ်မှူးဆယ်အိမ်မှူးတွေကပြောပါတယ်။ ဂွေးကုန်းကျေးရွာရာအိမ်မှူး ဦးရဲအောင်က “ကျနော်တို့က တရားဝင်လည်း တင်ပြတောင်းဆိုလို့ ကုမ္ပဏီကရွာကိုလှူတာ။ ဒီငွေကို တခြားကျေးရွာတွေကိုပါ ခွဲပေးရမယ်ဆိုပြီး အဓမ္မပြောဆိုတဲ့နေရာမှာ မလျော်ဩဇာသုံးပြီးတော့ ဖိအားတွေသုံးပြီးတော့ခိုင်းတယ်လို့ထင်တယ်။ ဒီလိုမျိုးဆက်ခိုင်းနေမယ်ဆိုခုလိုဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဥပဒေနဲ့အညီဆောင်ရွက်ဖို့ခက် လာတာတဲ့ အတွက်နုက်ထွက်ရတာဖြစ်တယ်” လို့  ပြောပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး ညောင်လေးပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်ကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခဲ့ခြင်း မရှိခဲ့ပါဘူး။  သတင်း- နေလင်းထိုက်
ေညာင္ေလးပင္တြင္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးႏွင့္ ရာအိမ္မႉးဆယ္အိမ္မႉး၂၄ ဦး ႏုတ္ထြက္ DVB ပဲခူးတိုင္း၊ ေညာင္ေလးပင္ၿမိဳ႕နယ္မွာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက လုပ္ပိုင္ခြင့္အာဏာကို အသုံးခ်ၿပီ အဓမၼဖိအားေပးခိုင္းေစမႈေတြျပဳလုပ္ေနတယ္ဆိုၿပီး စက္တင္ဘာ ၁၇ ရက္မွာ ရာအိမ္မႉးဆယ္အိမ္မႉး ၂၄ ဦးတို႔ စုေပါင္းလက္မွတ္ထိုး ႏုတ္ထြက္ခဲ့ၾကပါတယ္။ ရာထူးအာဏာကို အသုံးခ်ၿပီအဓမၼဖိအားေပးခိုင္းေစမႈေတြဟာ ေဒသခံျပည္သူေတြအပါအဝင္ ရာအိမ္မႉးဆယ္အိမ္မႉးေတြနဲ႔ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးရဲ႕ ဂုဏ္သိကၡာကို ထိခိုက္သလိုခံ စားရတာေၾကာင့္ ႏုတ္ထြက္ခဲ့ၾကတာလို႔ ေဂြးကုန္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေစာသိန္းလြင္က ဆိုပါတယ္။ “႐ြာလမ္းပ်က္စီးသြားလို႔ျပန္ျပင္ဖို႔ ကုမၸဏီကလႉတဲ့ေငြ က်ပ္ ၂၅ သိန္းကို ဟို႐ြာကို ခြဲေပးရမယ္၊ ဒီ႐ြာကို ခြဲေပးရမယ္ဆိုၿပီး ဖိအားေပးခိုင္းတယ္။ က်ေနာ္တို႔က ႐ြာမွာ ျပည္သူေတြနဲ႔လမ္းျပဳျပင္ဖို႔ တရားဝင္အစည္းအေဝးထိုင္ တိုင္ပင္ၿပီးၿပီ။ ႐ြာလမ္းျပင္ဖို႔ ေက်ာက္ေတြကဝယ္ထားၿပီးၿပီ။ ဒါကိုခြဲေပးရမယ္ဆိုၿပီးအတင္းလုပ္ခိုင္းတယ္။ သူေျပာတဲ့အတိုင္း လုပ္ရင္ ႐ြာလူေတြက က်ေနာ္တို႔ကို စကားအမ်ိဳးမ်ိဳးေျပာတယ္ဆိုၿပီး ထင္ၾကလိမ့္မယ္။ ၿမိဳ႕နယ္႐ုံးမွာ သူတို႔ေျပာတဲ့စကားေတြက က်ေနာ္တို႔ရဲ႕ ဂုဏ္သိကၡာကိုထိခိုက္တယ္ဒါေၾကာင့္ ႏုတ္ထြက္ရတာ” ေရျဖဴကန္ေက်း႐ြာနဲ႔ ေဂြးကုန္းေက်း႐ြာအုပ္စုကို ဆက္သြယ္ထားတဲ့လမ္းေပၚက ခ်ိန္းေခ်ာင္းတံတားကိုျပန္လည္တည္ေဆာက္ရာမွာ စက္ယႏၲာရားေတြေၾကာင့္ လမ္းပ်က္စီးသြားတဲ့ အတြက္ ေ႐ႊျမင့္ေသာ္ကုမၸဏီက ေဂြးကုန္းေက်း႐ြာကို လမ္းျပန္လည္ျပဳျပင္ႏိုင္ဖို႔ ေငြ က်ပ္ ၂၅ သိန္းလႉဒါန္းခဲ့တာျဖစ္ပါတယ္။ ဒီေငြ ၂၅ သိန္းကိုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက တျခားေက်း႐ြာေတြကိုပါ ခြဲေဝေပးဖို႔ အဓမၼ ဖိအားေပးေစခိုင္ေနတာေၾကာင့္ ႏုတ္ထြက္ခဲ့ၾကတာလို႔ ရာအိမ္မႉးဆယ္အိမ္မႉးေတြကေျပာပါတယ္။ ေဂြးကုန္းေက်း႐ြာရာအိမ္မႉး ဦးရဲေအာင္က “က်ေနာ္တို႔က တရားဝင္လည္း တင္ျပေတာင္းဆိုလို႔ ကုမၸဏီက႐ြာကိုလႉတာ။ ဒီေငြကို တျခားေက်း႐ြာေတြကိုပါ ခြဲေပးရမယ္ဆိုၿပီး အဓမၼေျပာဆိုတဲ့ေနရာမွာ မေလ်ာ္ဩဇာသုံးၿပီးေတာ့ ဖိအားေတြသုံးၿပီးေတာ့ခိုင္းတယ္လို႔ထင္တယ္။ ဒီလိုမ်ိဳးဆက္ခိုင္းေနမယ္ဆိုခုလိုဒီမိုကေရစီလမ္းေၾကာင္းေပၚမွာ ဥပေဒနဲ႔အညီေဆာင္႐ြက္ဖို႔ခက္ လာတာတဲ့ အတြက္ႏုက္ထြက္ရတာျဖစ္တယ္” လို႔ ေျပာပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေညာင္ေလးပင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေနာ္မိုင္လွၾကည္ကို သြားေရာက္ေတြ႕ဆုံေမးျမန္းခဲ့ေပမယ့္ ျပန္လည္ေျဖၾကားခဲ့ျခင္း မရွိခဲ့ပါဘူး။ သတင္း- ေနလင္းထိုက္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024