A d v e r t i s e m e n t With Us

အမေရိကန်နိုင်ငံတွင် ဆောင်းမုန်တိုင်း တိုက်ခတ်၊ အနည်းဆုံး လူ ၆ ဦး သေဆုံး

ဆိုးဝါးတဲ့ ဆောင်းမုန်တိုင်းက လေဆင်နှာမောင်းအဖြစ် အမေရိကန် တောင်ပိုင်းမှာ တိုက်ခတ်ခဲ့ပြီး အမေရိကန်အလယ်ပိုင်းမှာ ဆီးနှင်းတွေ အမြောက်အမြား ကျဆင်းခဲ့လို အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့တဲ့အတွက် လူတွေကို အာဏာပိုင်တွေက အိမ်တွေထဲမှာ နေဖို့ သတိပေးထားပါတယ်။ မုန်တိုင်းကြောင့် လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့ပြီးတဲ့နောက်မှာ မစ္စစပီနဲ့ အယ်လ်ဘားမား မှာ အရေးပေါ်အခြေအနေကို ကြေညာခဲ့ပါတယ်။ ဆီးနှင်းကြောင့် ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ် တွေလည်း ရပ်တန့်ခဲ့ရပါတယ်။ မုန်တိုင်းဟာ နယူးယောက်ပြည်နယ်ကို ရွေ့လျားလာနေတဲ့အတွက် လေယာဉ် ခရီးစဉ် နှောင့်နှေးတာတွေ ထပ်ဖြစ်လာနိုင်ပါတယ်။ လစ်တရောခ်နဲ့ အာကန်ဆတ် မှာတော့ ၈၃ နှစ်အတွင်း ခရစ္စမတ်ကာလမှ ဆီးနှင်းကို တွေ့မြင်ရတာလည်း ဖြစ်ပါတယ်။ ၂၄ နာရီအတွင်း ဆီးနှင်းလက်မ ၁၈ လက်မလောက် ကျနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အိုကလာဟိုမားနဲ့ အာကန်ဆတ်က လမ်းဘေးတွေမှာ သေဆုံးတာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ တက္ကဆပ်နဲ့ လူဝီဆီးနားမှာတော့ သစ်ပင်တွေလဲကျတဲ့အတွက် လူတွေ သေဆုံးတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up