ယူကရိန်း မြို့လယ်တံတားအား ဖောက်ခွဲမည်ဟု ခြိမ်းခြောက်သည့် အမျိုးသားကို ဖမ်းဆီး(ရုပ်သံ)

ယူကရိန်းနိုင်ငံရဲ့ မြို့တော်ကိယက်က မြို့လယ်တံတားကို ဖောက်ခွဲမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ လက်နက်ကိုင် အမျိုးသားတယောက်ကို ယူကရိန်းရဲတွေက စက်တင်ဘာ ၁၈ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
တံတားကို ပိတ်ထားခဲ့ပြီး အသက် ၄၂ နှစ်အရွယ် စစ်သားဟောင်း အိုလက်ဇေဘယ်လ်ကို ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းထားခဲ့တာပါ။
ရဲအရာရှိ အယောက် ၃၀၀ လောက်ပါတဲ့ စစ်ဆင်ရေးအတွင်း ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ ဘယ်လ်ကိုဟာ သူ့ရိုင်ဖယ်ကို သူ့ကားပြတင်းပေါက်ကနေတဆင့် ဖြည်းဖြည်းချလိုက်ပြီး အပြင်ကို ထွက်လာကာ ဝမ်းလျားမှောက်ရင်း အဖမ်းခံခဲ့ပါတယ်။
သေနတ်သမားဟာ ဘယ်လို အထူးတောင်းဆိုချက်ကိုမှ မတောင်းခဲ့ဘဲ သူ့ရည်းစားကိုသာ ခေါ်ခိုင်းခဲ့တယ်လို့ ရဲက ကြေညာချက်ထဲမှာ ပြောပါတယ်။
သူ့ခြိမ်းခြောက်မှုတွေဟာ အင်မတန် အသည်းအသန်နိုင်ခဲ့တယ်လို့လည်း ကြေညာချက်က ပြောပါတယ်။
ဘယ်လ်ကိုဟာ သေနတ်ပစ် စွမ်းရည်ကောင်းကောင်းရှိတယ်လို့ နာမည်ကြီးပြီး လွန်ခဲ့တဲ့ ၃လ က ဖောက်ခွဲရေးပစ္စည်း ၂ ကီလိုကို သူ့ဆီကနေ သိမ်းမိခဲ့တာပါ။
ဒါပေမယ့် အခုဖမ်းဆီးမိတဲ့အချိန်မှာတော့ သူ့ကာမှော ဘာဖောက်ခွဲရေးပစ္စည်းကိုမှ မတွေ့ခဲ့ပါဘူး။
ဘယ်လ်ကိုဟာ သိမ်းပိုက်ခံ ခရိုင်းမီးယားဒေသခံဟောင်း တယောက်ဖြစ်ပြီး ယူကရိန်း အရှေ့ပိုင်းက ရုရှားလိုလားတဲ့ သူပုန်တွေကို တိုက်ရာမှာ ယူကရိန်းအစိုးရ ဦးဆောင်တဲ့ လုံခြုံရေး ဆိုင်ရာ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့သူတယောက်လို့ ယူကရိန်းမီဒီယာတွေက ဖော်ပြပါတယ်။
=========================
ယူကရိန္း ၿမိဳ႕လယ္တံတားအား ေဖာက္ခြဲမည္ဟု ၿခိမ္းေျခာက္သည့္ အမ်ိဳးသားကို ဖမ္းဆီး(႐ုပ္သံ)
DVB
ယူကရိန္းႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ကိယက္က ၿမိဳ႕လယ္တံတားကို ေဖာက္ခြဲမယ္လို႔ ၿခိမ္းေျခာက္ခဲ့တဲ့ လက္နက္ကိုင္ အမ်ိဳးသားတေယာက္ကို ယူကရိန္းရဲေတြက စက္တင္ဘာ ၁၈ ရက္မွာ ဖမ္းဆီးလိုက္ပါတယ္။
တံတားကို ပိတ္ထားခဲ့ၿပီး အသက္ ၄၂ ႏွစ္အ႐ြယ္ စစ္သားေဟာင္း အိုလက္ေဇဘယ္လ္ကို ကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ဝိုင္းထားခဲ့တာပါ။
ရဲအရာရွိ အေယာက္ ၃၀၀ ေလာက္ပါတဲ့ စစ္ဆင္ေရးအတြင္း ႐ိုက္ကူးထားတဲ့ ႐ုပ္သံထဲမွာ ဘယ္လ္ကိုဟာ သူ႔႐ိုင္ဖယ္ကို သူ႔ကားျပတင္းေပါက္ကေနတဆင့္ ျဖည္းျဖည္းခ်လိုက္ၿပီး အျပင္ကို ထြက္လာကာ ဝမ္းလ်ားေမွာက္ရင္း အဖမ္းခံခဲ့ပါတယ္။
ေသနတ္သမားဟာ ဘယ္လို အထူးေတာင္းဆိုခ်က္ကိုမွ မေတာင္းခဲ့ဘဲ သူ႔ရည္းစားကိုသာ ေခၚခိုင္းခဲ့တယ္လို႔ ရဲက ေၾကညာခ်က္ထဲမွာ ေျပာပါတယ္။
သူ႔ၿခိမ္းေျခာက္မႈေတြဟာ အင္မတန္ အသည္းအသန္ႏိုင္ခဲ့တယ္လို႔လည္း ေၾကညာခ်က္က ေျပာပါတယ္။
ဘယ္လ္ကိုဟာ ေသနတ္ပစ္ စြမ္းရည္ေကာင္းေကာင္းရွိတယ္လို႔ နာမည္ႀကီးၿပီး လြန္ခဲ့တဲ့ ၃လ က ေဖာက္ခြဲေရးပစၥည္း ၂ ကီလိုကို သူ႔ဆီကေန သိမ္းမိခဲ့တာပါ။
ဒါေပမယ့္ အခုဖမ္းဆီးမိတဲ့အခ်ိန္မွာေတာ့ သူ႔ကာေမွာ ဘာေဖာက္ခြဲေရးပစၥည္းကိုမွ မေတြ႕ခဲ့ပါဘူး။
ဘယ္လ္ကိုဟာ သိမ္းပိုက္ခံ ခ႐ိုင္းမီးယားေဒသခံေဟာင္း တေယာက္ျဖစ္ၿပီး ယူကရိန္း အေရွ႕ပိုင္းက ႐ုရွားလိုလားတဲ့ သူပုန္ေတြကို တိုက္ရာမွာ ယူကရိန္းအစိုးရ ဦးေဆာင္တဲ့ လုံၿခဳံေရး ဆိုင္ရာ စစ္ဆင္ေရးေတြမွာ ပါဝင္ခဲ့သူတေယာက္လို႔ ယူကရိန္းမီဒီယာေတြက ေဖာ္ျပပါတယ္။