အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဆော်ဒီ အိမ်ရှေ့စံမင်းသား တွေ့ဆုံ

755
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုနဲ့ ဆော်ဒီအာရေဗျ အိမ်ရှေ့စံမင်းသား မိုဟမ်မဒ်ဘင်ဆယ်လ်မန်တို့ စက်တင်ဘာ ၁၉ ရက်မှာ တွေ့ဆုံပါတယ်။
ကမ္ဘာ့ထိပ်တန်းရေနံတင်ပို့တဲ့နိုင်ငံ ဆော်ဒီအာရေဗျကို တိုက်ခိုက်မှုအပြီး အီရန်ကို ဟန့်တားဖို့ အမေရိကန်ဟာ ဥရောပနဲ့ အာရပ်မိတ်ဖက်တွေနဲ့ မဟာမိတ် တည်ဆောက်ချင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
“ဒီတိုက်ခိုက်မှုဟာ ကျနော်တို့ အရင်ကမမြင်ဖူးသေးတဲ့ တိုက်ခိုက်မှုမျိုးပဲ”လို့ ပွန်ပေအိုက ဆော်ဒီနိုင်ငံ ဂျဲ့ဒါမြို့ကို လေယာဉ်မဆင်းခင် သူနဲ့အတူ လေယာဉ်စီးလိုက်ပါလာတဲ့ သတင်းထောက်တွေကို ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့က ဆော်ဒီရေနံချက် စက်ရုံ ၂ ရုံကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းနဲ့ ခရုဇ်ဒုံးကျည်တွေဟာ ယီမင်နိုင်ငံထဲက အီရန်နဲ့ မဟာမိတ် ဟူသီသူပုန်တွေဆီကလာတာ မဟုတ်ဘူးလို့လည်း ပွန်ပေအိုက ပြောပါတယ်။
ဟူသီတွေကတော့ ဒီတိုက်ခိုက်မှုက သူတို့လက်ချက်လို့ အခိုင်အမာ ကြေညာခဲ့တာပါ။ ဒီတိုက်ခိုက်မှုမှာ သုံးတဲ့လက်နက်တွေဟာ အီရန်ကလုပ်တဲ့ လက်နက်တွေဖြစ်ပြီး ပစ်လွှတ်ရာ နေရာကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆော်ဒီအစိုးရက ပြောပါတယ်။
အီရန်ကတော့ တိုက်ခိုက်မှုမှာ ဘယ်လိုပါဝင်ပတ်သက်မှုမှ မရှိဘူးလို့ ငြင်းပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဆော်ဒီရဲ့ ရေနံထုတ်လုပ်မှု ထက်ဝက် ကျဆင်းသွားခဲ့ပါတယ်။
ပွန်ပေအိုဟာ ဆော်ဒီအာရေဗျ ခရီးစဉ်အပြီး အာရပ်စော်ဘွားများ ပြည်ထောင်စုဆီ ဆက်ပြီး သွားရောက်လည်ပတ်ခဲ့ပါတယ်။
အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ေဆာ္ဒီ အိမ္ေရွ႕စံမင္းသား ေတြ႕ဆုံ DVB အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ပြန္ေပအိုနဲ႔ ေဆာ္ဒီအာေရဗ် အိမ္ေရွ႕စံမင္းသား မိုဟမ္မဒ္ဘင္ဆယ္လ္မန္တို႔ စက္တင္ဘာ ၁၉ ရက္မွာ ေတြ႕ဆုံပါတယ္။ ကမာၻ႔ထိပ္တန္းေရနံတင္ပို႔တဲ့ႏိုင္ငံ ေဆာ္ဒီအာေရဗ်ကို တိုက္ခိုက္မႈအၿပီး အီရန္ကို ဟန႔္တားဖို႔ အေမရိကန္ဟာ ဥေရာပနဲ႔ အာရပ္မိတ္ဖက္ေတြနဲ႔ မဟာမိတ္ တည္ေဆာက္ခ်င္တယ္လို႔ မီဒီယာေတြက သုံးသပ္ပါတယ္။ “ဒီတိုက္ခိုက္မႈဟာ က်ေနာ္တို႔ အရင္ကမျမင္ဖူးေသးတဲ့ တိုက္ခိုက္မႈမ်ိဳးပဲ”လို႔ ပြန္ေပအိုက ေဆာ္ဒီႏိုင္ငံ ဂ်ဲ႕ဒါၿမိဳ႕ကို ေလယာဥ္မဆင္းခင္ သူနဲ႔အတူ ေလယာဥ္စီးလိုက္ပါလာတဲ့ သတင္းေထာက္ေတြကို ေျပာပါတယ္။ စက္တင္ဘာ ၁၄ ရက္ေန႔က ေဆာ္ဒီေရနံခ်က္ စက္႐ုံ ၂ ႐ုံကို တိုက္ခိုက္ခဲ့တဲ့ ဒ႐ုန္းနဲ႔ ခ႐ုဇ္ဒုံးက်ည္ေတြဟာ ယီမင္ႏိုင္ငံထဲက အီရန္နဲ႔ မဟာမိတ္ ဟူသီသူပုန္ေတြဆီကလာတာ မဟုတ္ဘူးလို႔လည္း ပြန္ေပအိုက ေျပာပါတယ္။ ဟူသီေတြကေတာ့ ဒီတိုက္ခိုက္မႈက သူတို႔လက္ခ်က္လို႔ အခိုင္အမာ ေၾကညာခဲ့တာပါ။ ဒီတိုက္ခိုက္မႈမွာ သုံးတဲ့လက္နက္ေတြဟာ အီရန္ကလုပ္တဲ့ လက္နက္ေတြျဖစ္ၿပီး ပစ္လႊတ္ရာ ေနရာကို စုံစမ္းစစ္ေဆးေနတယ္လို႔ ေဆာ္ဒီအစိုးရက ေျပာပါတယ္။ အီရန္ကေတာ့ တိုက္ခိုက္မႈမွာ ဘယ္လိုပါဝင္ပတ္သက္မႈမွ မရွိဘူးလို႔ ျငင္းပါတယ္။ ဒီတိုက္ခိုက္မႈေၾကာင့္ ေဆာ္ဒီရဲ႕ ေရနံထုတ္လုပ္မႈ ထက္ဝက္ က်ဆင္းသြားခဲ့ပါတယ္။ ပြန္ေပအိုဟာ ေဆာ္ဒီအာေရဗ် ခရီးစဥ္အၿပီး အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုဆီ ဆက္ၿပီး သြားေရာက္လည္ပတ္ခဲ့ပါတယ္။