Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်တို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်း ၂ ခု တင်သွင်း 
နေဖြိုးဝင်း
·
September 20, 2019
လွှတ်တော်တွေ ဖျက်သိမ်းဖို့ အကြံပေးနိုင်တဲ့အချက်အပါအဝင် ကာလုံရဲ့ တာဝန်တွေ အသစ်ဖြည့် စွက်ထားတဲ့ ဖွဲ့စည်းပုံပြင်ရေး ဥပဒေမူကြမ်းကို ဒီနေ့ ကျင်းပတဲ့ လွှတ်တော်မှာ  ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်က ထပ်မံတင်သွင်းလိုက်ပါတယ်။ ဒီဥပဒေကြမ်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် အပါအဝင် ကိုယ်စားလှယ် ၁၄၅ ဦးက တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီကိုယ်စားလှယ် ၁၄၅ ဦးမှာ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃၅ ဦးသာပါဝင်ပြီး တပ်မတော်သား အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ၁၁၀ ဦးပါဝင်ပါတယ်။ ဒီဥပဒေမူကြမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၅၊ ပုဒ်မ ၅၉(ဂ)နဲ့ ပုဒ်မ ၂၀၁(က)(ခ) တို့ကို ပြင်ဆင်ဖြည့်စွက်ထားတာ ဖြစ်ပါတယ်။ အခုလို ပြင်ဆင်ဖြည့်စွက်တာမှာ ပုဒ်မ ၂၀၁ ရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဖွဲ့စည်းခြင်းကို ပုဒ်မ ၂၀၁ရဲ့ ပုဒ်မခွဲ(က)အဖြစ် ပြင်ဆင်ထားဖြစ်ပြီး ကောင်စီရဲ့ တာဝန်တွေကို ပုဒ်မခွဲ(ခ)အဖြစ် အသစ်ထပ်မံဖြည့်စွက်တာပါ။ အသစ်ဖြည့်စွက်ထားတဲ့ ကောင်စီရဲ့ တာဝန် ၇ ချက်ထဲမှာ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍအချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုတွေ ယိုးယွင်းလာတဲ့အခါနဲ့ ပြည်သူ သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အရေအတွက် သုံးပုံ တစ်ပုံနဲ့အထက် အကြောင်းအမျိုးမျိုး ကြောင့် လစ်လပ်သွားရင် လွှတ်တော်တွေကို ဖျက်သိမ်းဖို့ သင့် မသင့် နိုင်ငံတော် သမ္မတကို အကြံပေးရမယ်ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ကာလုံအစည်းအဝေးတွေကို သာမန်အားဖြင့် နှစ်လ တစ်ကြိမ် ကျင်းပပြီး လိုအပ်ရင် အထူးအစည်းအဝေးခေါ်ယူ ကျင်းပဖို့၊ အနည်းဆုံးကောင်စီဝင် ၅ ဦးက တောင်းဆိုရင် အစည်းအဝေးခေါ်ယူကျင်းပဖို့နဲ့ ကောင်စီအစည်းအဝေးဆုံး ဖြတ်ချက်တွေချမှတ်တာမှာ ကောင်စီဝင်အားလုံးရဲ့ ဆန္ဒသဘောထားကို အလေးထားပြီး အဆုံးအဖြတ်ကို နိုင်ငံတော်သမ္မတက ပေးရမယ်ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ အလားတူ အမျိုးသားလွှတ်တော် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးချုပ် အောင်စန်းချစ် အပါအဝင် တပ်မတော်သား ကိုယ်စားလှယ် ၁၄၄ ဦးတို့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၁)နဲ့ (၃)၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(င)၊ ပုဒ်မခွဲ(စ)၊ ပုဒ်မခွဲ(ည)နဲ့ ပုဒ်မခွဲ(ဋ)၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(ဌ)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မ ၂၆၄ ပုဒ်မခွဲ(က)နဲ့ ပုဒ်မခွဲ(ဂ) တို့ကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတစ်ခု ကို တင်သွင်းခဲ့ပါတယ်။ ဒီဥပဒေကြမ်းတွေကို လွှတ်တော်မှာ မဆွေးနွေးခင် အသေးစိတ်လေ့လာစိစစ်နိုင်ဖို့ ပြည်သူနဲ့ အမျိုးသားလွှတ်တော်က ဥပဒေကြမ်းကော်မတီဝင်တွေ အားလုံးပါတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်း လေ့လာစိ စစ်ရေးပူးပေါင်းကော်မတီကို ဖွဲ့စည်း တာဝန်ပေးထားတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အသိ ပေးတင်ပြခဲ့ပါတယ်။
ႀကံ့ခိုင္ေရးပါတီႏွင့္ တပ္မေတာ္တို႔ ဖြဲ႕စည္းပုံျပင္ဆင္ေရး ဥပေဒၾကမ္း ၂ ခု တင္သြင္း ေနၿဖိဳးဝင္း လႊတ္ေတာ္ေတြ ဖ်က္သိမ္းဖို႔ အႀကံေပးႏိုင္တဲ့အခ်က္အပါအဝင္ ကာလုံရဲ႕ တာဝန္ေတြ အသစ္ျဖည့္ စြက္ထားတဲ့ ဖြဲ႕စည္းပုံျပင္ေရး ဥပေဒမူၾကမ္းကို ဒီေန႔ က်င္းပတဲ့ လႊတ္ေတာ္မွာ ႀကံ့ခိုင္ေရးပါတီ ကိုယ္စားလွယ္က ထပ္မံတင္သြင္းလိုက္ပါတယ္။ ဒီဥပေဒၾကမ္းကို ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းသန္းႏိုင္ အပါအဝင္ ကိုယ္စားလွယ္ ၁၄၅ ဦးက တင္သြင္းခဲ့တာျဖစ္ပါတယ္။ ဒီကိုယ္စားလွယ္ ၁၄၅ ဦးမွာ ႀကံ့ခိုင္ေရးပါတီက ေ႐ြးေကာက္ခံ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ၃၅ ဦးသာပါဝင္ၿပီး တပ္မေတာ္သား အမ်ိဳးသားလႊတ္ ေတာ္ကိုယ္စားလွယ္ ၁၁၀ ဦးပါဝင္ပါတယ္။ ဒီဥပေဒမူၾကမ္းမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒရဲ႕ ပုဒ္မ ၅၊ ပုဒ္မ ၅၉(ဂ)နဲ႔ ပုဒ္မ ၂၀၁(က)(ခ) တို႔ကို ျပင္ဆင္ျဖည့္စြက္ထားတာ ျဖစ္ပါတယ္။ အခုလို ျပင္ဆင္ျဖည့္စြက္တာမွာ ပုဒ္မ ၂၀၁ ရဲ႕ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရး ေကာင္စီဖြဲ႕စည္းျခင္းကို ပုဒ္မ ၂၀၁ရဲ႕ ပုဒ္မခြဲ(က)အျဖစ္ ျပင္ဆင္ထားျဖစ္ၿပီး ေကာင္စီရဲ႕ တာဝန္ေတြကို ပုဒ္မခြဲ(ခ)အျဖစ္ အသစ္ထပ္မံျဖည့္စြက္တာပါ။ အသစ္ျဖည့္စြက္ထားတဲ့ ေကာင္စီရဲ႕ တာဝန္ ၇ ခ်က္ထဲမွာ ဥပေဒျပဳေရးႏွင့္ အုပ္ခ်ဳပ္ေရး က႑အခ်င္းခ်င္း အျပန္အလွန္ ထိန္းေက်ာင္းမႈေတြ ယိုးယြင္းလာတဲ့အခါနဲ႔ ျပည္သူ သို႔မဟုတ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္အေရအတြက္ သုံးပုံ တစ္ပုံနဲ႔အထက္ အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ လစ္လပ္သြားရင္ လႊတ္ေတာ္ေတြကို ဖ်က္သိမ္းဖို႔ သင့္ မသင့္ ႏိုင္ငံေတာ္ သမၼတကို အႀကံေပးရမယ္ဆိုတဲ့အခ်က္ေတြ ပါဝင္ပါတယ္။ ဒါ့အျပင္ ကာလုံအစည္းအေဝးေတြကို သာမန္အားျဖင့္ ႏွစ္လ တစ္ႀကိမ္ က်င္းပၿပီး လိုအပ္ရင္ အထူးအစည္းအေဝးေခၚယူ က်င္းပဖို႔၊ အနည္းဆုံးေကာင္စီဝင္ ၅ ဦးက ေတာင္းဆိုရင္ အစည္းအေဝးေခၚယူက်င္းပဖို႔နဲ႔ ေကာင္စီအစည္းအေဝးဆုံး ျဖတ္ခ်က္ေတြခ်မွတ္တာမွာ ေကာင္စီဝင္အားလုံးရဲ႕ ဆႏၵသေဘာထားကို အေလးထားၿပီး အဆုံးအျဖတ္ကို ႏိုင္ငံေတာ္သမၼတက ေပးရမယ္ဆိုတဲ့ အခ်က္ေတြလည္း ပါဝင္ပါတယ္။ အလားတူ အမ်ိဳးသားလႊတ္ေတာ္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႈးခ်ဳပ္ ေအာင္စန္းခ်စ္ အပါအဝင္ တပ္မေတာ္သား ကိုယ္စားလွယ္ ၁၄၄ ဦးတို႔ကလည္း ၂၀၀၈ ဖြဲ႕စည္းပုံ ပုဒ္မ ၂၆၂ ပုဒ္မခြဲ(က)၊ ပုဒ္မခြဲငယ္(၁)နဲ႔ (၃)၊ ပုဒ္မ ၂၆၂ ပုဒ္မခြဲ(င)၊ ပုဒ္မခြဲ(စ)၊ ပုဒ္မခြဲ(ည)နဲ႔ ပုဒ္မခြဲ(ဋ)၊ ပုဒ္မ ၂၆၂ ပုဒ္မခြဲ(ဌ)၊ ပုဒ္မခြဲငယ္(၂)၊ ပုဒ္မ ၂၆၄ ပုဒ္မခြဲ(က)နဲ႔ ပုဒ္မခြဲ(ဂ) တို႔ကို ျပင္ဆင္တဲ့ ဥပေဒမူၾကမ္းတစ္ခု ကို တင္သြင္းခဲ့ပါတယ္။ ဒီဥပေဒၾကမ္းေတြကို လႊတ္ေတာ္မွာ မေဆြးေႏြးခင္ အေသးစိတ္ေလ့လာစိစစ္ႏိုင္ဖို႔ ျပည္သူနဲ႔ အမ်ိဳးသားလႊတ္ေတာ္က ဥပေဒၾကမ္းေကာ္မတီဝင္ေတြ အားလုံးပါတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ ျပင္ဆင္တဲ့ ဥပေဒမူၾကမ္း ေလ့လာစိ စစ္ေရးပူးေပါင္းေကာ္မတီကို ဖြဲ႕စည္း တာဝန္ေပးထားတယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က အသိ ေပးတင္ျပခဲ့ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024