ထိုင်းတွင် ဒီဂျစ်တယ်လ်ယာဉ်မောင်းလိုင်စင်စနစ် စတင်ကျင့်သုံး

838
ထိုင်းနိုင်ငံမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ တာဝန်ရှိသူတွေက ယာဉ်မောင်းလိုင်စင် စစ်ဆေးရင် လိုင်စင်ကတ်ပြား ပြစရာမလိုဘဲ စမတ်ဖုန်း/လက်ကိုင်ဖုံးထဲကနေ ပြသနိုင်ပြီ ဖြစ်ပါတယ်။
အဆိုပါ ယာဉ်မောင်းလိုင်စင်ကို Electronic Driving License လို့ ခေါ်ဆိုပြီး ထိုင်းကညန (ကုန်းလမ်းဆက်သွယ်ပို့ဆောင်ရေးဦးစီးဌာန) ပိုင် DLT Smart Licence အပလီကေးရှင်းကို ထည့်သွင်းကာ QR ကုတ်နဲ့ စစ်ဆေးတဲ့စနစ် ဖြစ်ပါတယ်။
အပလီကေးရှင်းမှာ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်သူများရဲ့ အထောက်အထားနဲ့ ကိုယ်ရေး မှတ်တမ်းတွေ အကုန်ပါရှိပါတယ်။
ထိုင်း ကညန ၂၀၁၉ ဥပဒေပြဋ္ဌာန်းချက် ၁၂ အရ သတ်မှတ်ထားတဲ့ အဆိုပါဥပဒေကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့မှာ စတင်ကျင့်သုံးဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ကျကထစ်ပ် ချိုင်းကျင်းဒါးက ညွှန်ကြာထားပြီး တရားဥပဒေနဲ့အညီ မှန်ကန်စွာကျင့်သုံးဖို့၊ အများပြည်သူ အခက်အခဲဖြစ်အောင် လုပ်ထုံးလုပ်နည်းကို ရှုပ်ထွေးအောင် မဆောင်ရွက်ဖို့လည်း ဖြည့်စွက်ညွှန်ကြားထားပါတယ်။
ဒီဂျစ်တယ်လ်ယာဉ်မောင်းလိုင်စင်စနစ် စတင်ကျင့်သုံးတာနဲ့ တပြိုင်တည်း ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ဖောက်ဖျက်သူတို့ရဲ့ ယာဉ်မောင်းလိုင်စင်ကို ရဲတွေက ခါတိုင်းလို သိမ်းယူထားမှာ မဟုတ်ဘဲ ဒဏ်ကြေးငွေဆောင်ဖို့ ဖြတ်ပိုင်းကိုသာ ထုတ်ပေးမှာ ဖြစ်ပါတယ်။
ယာဉ်စည်းကမ်းဖောက်ဖျက်သူဟာ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံ ဒဏ်ငွေပေးဆောင်ဖို့ ပျက်ကွက်တယ်ဆိုရင် ရဲတပ်ဖွဲ့က ကညနရုံးကို အကြောင်းကြားထားပြီး အဆိုပါ ကားနဲ့ဆိုင်ကယ်တွေ နှစ်ပတ်လည်လိုင်စင် သက်တမ်းလာတိုးတဲ့အခါ နောက်ထပ်ဒဏ်ငွေ ဘတ် ၂ ထောင် ပေးဆောင်ပြီးမှ လိုင်စင်သက်တမ်းတိုးခွင့်ရမယ်လို့ ဆိုပါတယ်။
တယ်လီဖုန်းနဲ့ အပလီကေးရှင်း ထည့်မထားသူတွေအနေနဲ့ ယခင်လိုဘဲ ယာဉ်မောင်း လိုင်စင်ကတ်ပြားကို ပြသနိုင်ပါတယ်။
ကိုးကား - ချင်းမိုင်နယူးစ်
==============================
ထိုင္းတြင္ ဒီဂ်စ္တယ္လ္ယာဥ္ေမာင္းလိုင္စင္စနစ္ စတင္က်င့္သုံး
ဒီဗြီဘီ
ထိုင္းႏိုင္ငံမွာ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းဆိုင္ရာ တာဝန္ရွိသူေတြက ယာဥ္ေမာင္းလိုင္စင္ စစ္ေဆးရင္ လိုင္စင္ကတ္ျပား ျပစရာမလိုဘဲ စမတ္ဖုန္း/လက္ကိုင္ဖုံးထဲကေန ျပသႏိုင္ၿပီ ျဖစ္ပါတယ္။
အဆိုပါ ယာဥ္ေမာင္းလိုင္စင္ကို Electronic Driving License လို႔ ေခၚဆိုၿပီး ထိုင္းကညန (ကုန္းလမ္းဆက္သြယ္ပို႔ေဆာင္ေရးဦးစီးဌာန) ပိုင္ DLT Smart Licence အပလီေကးရွင္းကို ထည့္သြင္းကာ QR ကုတ္နဲ႔ စစ္ေဆးတဲ့စနစ္ ျဖစ္ပါတယ္။
အပလီေကးရွင္းမွာ ယာဥ္ေမာင္းလိုင္စင္ ကိုင္ေဆာင္သူမ်ားရဲ႕ အေထာက္အထားနဲ႔ ကိုယ္ေရး မွတ္တမ္းေတြ အကုန္ပါရွိပါတယ္။
ထိုင္း ကညန ၂၀၁၉ ဥပေဒျပ႒ာန္းခ်က္ ၁၂ အရ သတ္မွတ္ထားတဲ့ အဆိုပါဥပေဒကို ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၂၀ ရက္ေန႔မွာ စတင္က်င့္သုံးဖို႔ ထိုင္းအမ်ိဳးသားရဲတပ္ဖြဲ႕ ဒုရဲခ်ဳပ္ က်ကထစ္ပ္ ခ်ိဳင္းက်င္းဒါးက ၫႊန္ၾကာထားၿပီး တရားဥပေဒနဲ႔အညီ မွန္ကန္စြာက်င့္သုံးဖို႔၊ အမ်ားျပည္သူ အခက္အခဲျဖစ္ေအာင္ လုပ္ထုံးလုပ္နည္းကို ရႈပ္ေထြးေအာင္ မေဆာင္႐ြက္ဖို႔လည္း ျဖည့္စြက္ၫႊန္ၾကားထားပါတယ္။
ဒီဂ်စ္တယ္လ္ယာဥ္ေမာင္းလိုင္စင္စနစ္ စတင္က်င့္သုံးတာနဲ႔ တၿပိဳင္တည္း ယာဥ္စည္းကမ္း/လမ္းစည္းကမ္း ေဖာက္ဖ်က္သူတို႔ရဲ႕ ယာဥ္ေမာင္းလိုင္စင္ကို ရဲေတြက ခါတိုင္းလို သိမ္းယူထားမွာ မဟုတ္ဘဲ ဒဏ္ေၾကးေငြေဆာင္ဖို႔ ျဖတ္ပိုင္းကိုသာ ထုတ္ေပးမွာ ျဖစ္ပါတယ္။
ယာဥ္စည္းကမ္းေဖာက္ဖ်က္သူဟာ ရက္ေပါင္း ၃၀ အတြင္း သက္ဆိုင္ရာ ယာဥ္ထိန္းရဲတပ္ဖြဲ႕ထံ ဒဏ္ေငြေပးေဆာင္ဖို႔ ပ်က္ကြက္တယ္ဆိုရင္ ရဲတပ္ဖြဲ႕က ကညန႐ုံးကို အေၾကာင္းၾကားထားၿပီး အဆိုပါ ကားနဲ႔ဆိုင္ကယ္ေတြ ႏွစ္ပတ္လည္လိုင္စင္ သက္တမ္းလာတိုးတဲ့အခါ ေနာက္ထပ္ဒဏ္ေငြ ဘတ္ ၂ ေထာင္ ေပးေဆာင္ၿပီးမွ လိုင္စင္သက္တမ္းတိုးခြင့္ရမယ္လို႔ ဆိုပါတယ္။
တယ္လီဖုန္းနဲ႔ အပလီေကးရွင္း ထည့္မထားသူေတြအေနနဲ႔ ယခင္လိုဘဲ ယာဥ္ေမာင္း လိုင္စင္ကတ္ျပားကို ျပသႏိုင္ပါတယ္။
ကိုးကား - ခ်င္းမိုင္နယူးစ္