ပီအက်စ်ဂျီနှင့်ပွဲ ရလဒ်ပိုင်းထက် စိတ်ဓာတ်ပိုင်းရှုံးနိမ့်မှုကို ပိုခံစားရကြောင်း ဇီဒန်း ပြော

ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာ ရလဒ်ပိုင်းရှုံးနိမ့်ခဲ့တာထက် စိတ်ဓာတ်ပိုင်းရှုံးနိမ့်ခဲ့တာကို ပိုပြီးခံစားရ တယ်လို့ ရီးရဲလ်နည်းပြဇီဒန်းက ပြောပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပြီး ဂိုးပေါက်တည့်တဲ့ကန်သွင်းချက်တောင် တကြိမ်မှမရှိခဲ့တာဖြစ်ပါတယ်။
ရလဒ်ပိုင်း ရှုံးနိမ့်တာထက် ပိုပြီးဆိုးရွားခဲ့တာက အသင်းရဲ့ စိတ်ဆန္ဒပြင်းပြမှု ကင်းမဲ့နေတာဖြစ်ကြောင်း ရီးရဲလ်အသင်းနည်းပြဇီဒန်းက ပြောပါတယ်။
ပီအက်စ်ဂျီအသင်းက နေရာတိုင်းမှာ ကျနော်တို့ထက် ပိုကောင်းတယ်ဆိုတာထင်ရှားပြီး ဒီလိုပြိုင်ပွဲအဆင့်အတွက် လုံလောက်တဲ့ စိတ်ဆန္ဒပြင်းပြမူ မရှိခဲ့ကြောင်း ကစားသမားတွေကို နည်းပြဇီဒန်းက ဝေဖန်ပါတယ်။
“ဘောလုံးကို ဆိုးရွားစွာကစားတာကို လက်ခံနိုင်ပေမယ့် ဘောလုံးကိုလုယူဖို့ ပြင်းပြတဲ့ဆန္ဒရှိရပါမယ်။ ပွဲထဲမှာ ရှိနေရပါမယ်။ ဒါက အားလုံးရဲ့ အမှားတွေကြောင့်ပါ။ ကျနော်တို့ အတူတကွအနိုင်ယူမယ်။ အတူတကွရှုံးနိမ့်ကြမယ်” လို့ ဇီဒန်းက ပြောကြားခဲ့ပါတယ်။
============
ပီအက္စ္ဂ်ီႏွင့္ပြဲ ရလဒ္ပိုင္းထက္ စိတ္ဓာတ္ပိုင္းရႈံးနိမ့္မႈကို ပိုခံစားရေၾကာင္း ဇီဒန္း ေျပာ
DVB
ပီအက္စ္ဂ်ီနဲ႔ပြဲစဥ္မွာ ရလဒ္ပိုင္းရႈံးနိမ့္ခဲ့တာထက္ စိတ္ဓာတ္ပိုင္းရႈံးနိမ့္ခဲ့တာကို ပိုၿပီးခံစားရ တယ္လို႔ ရီးရဲလ္နည္းျပဇီဒန္းက ေျပာပါတယ္။
ရီးရဲလ္မက္ဒရစ္ အသင္းဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ကစားသြားခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲစဥ္မွာ ၃ ဂိုး ဂိုးမရွိနဲ႔ ဂိုးျပတ္ရႈံးနိမ့္ခဲ့ရၿပီး ဂိုးေပါက္တည့္တဲ့ကန္သြင္းခ်က္ေတာင္ တႀကိမ္မွမရွိခဲ့တာျဖစ္ပါတယ္။
ရလဒ္ပိုင္း ရႈံးနိမ့္တာထက္ ပိုၿပီးဆိုး႐ြားခဲ့တာက အသင္းရဲ႕ စိတ္ဆႏၵျပင္းျပမႈ ကင္းမဲ့ေနတာျဖစ္ေၾကာင္း ရီးရဲလ္အသင္းနည္းျပဇီဒန္းက ေျပာပါတယ္။
ပီအက္စ္ဂ်ီအသင္းက ေနရာတိုင္းမွာ က်ေနာ္တို႔ထက္ ပိုေကာင္းတယ္ဆိုတာထင္ရွားၿပီး ဒီလိုၿပိဳင္ပြဲအဆင့္အတြက္ လုံေလာက္တဲ့ စိတ္ဆႏၵျပင္းျပမူ မရွိခဲ့ေၾကာင္း ကစားသမားေတြကို နည္းျပဇီဒန္းက ေဝဖန္ပါတယ္။
“ေဘာလုံးကို ဆိုး႐ြားစြာကစားတာကို လက္ခံႏိုင္ေပမယ့္ ေဘာလုံးကိုလုယူဖို႔ ျပင္းျပတဲ့ဆႏၵရွိရပါမယ္။ ပြဲထဲမွာ ရွိေနရပါမယ္။ ဒါက အားလုံးရဲ႕ အမွားေတြေၾကာင့္ပါ။ က်ေနာ္တို႔ အတူတကြအႏိုင္ယူမယ္။ အတူတကြရႈံးနိမ့္ၾကမယ္” လို႔ ဇီဒန္းက ေျပာၾကားခဲ့ပါတယ္။