Home
မြန်မာသတင်း
ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီဇင်ဘာလကုန်ထိ တဖက်သတ်အပစ်ရပ် ကြေညာ
DVB
·
September 20, 2019
ပြည်တွင်းစစ်ပွဲရပ်တန့်ပြီး အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးနိုင်မယ့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေးလုပ်ငန်းတွေ လက်တွေ့ကျကျဆောင်ရွက်နိုင်ရေးနဲ့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲ လျှော့ချရပ်တန့်နိုင်ရေးအတွက် ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်အထိ တဖက်သတ်အပစ်အခတ် ရပ်ဆိုင်းကြောင်း  ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြေညာပါတယ်။ ညီနောင်မဟာမိတ် ၃  ဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNDAA)၊ တအာင်း (TNLA) ရခိုင် (AA) တို့က ဒီကနေ့ စက်တင်ဘာ ၂၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။  ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ စက်တင်ဘာ ၉ ရက်ကနေ အောက်တိုဘာ ၈ ရက်အထိ တလတာ တဖက်သတ်အပစ်ရပ်ကြောင်း ကြေညာခဲ့ပြီး ဒီကနေ့မှာ ရက်တိုးကြေညာတာဖြစ်ပြီး မြန်မာစစ်တပ်ဘက် ဆန္ဒရှိပါက ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ တပ်မတော်နဲ့ ပူးတွဲအပစ်ခတ်ရပ်ဆိုင်ဖို့ အဆင့်သင့်ရှိကြောင်းလည်းထုတ်ပြန်ထားပါတယ်။ ကြေညာထားတဲ့ကာလအတွင်း မြန်မာစစ်တပ်က စတင်တိုက်ခိုက်တာ၊ မိမိတို့ရဲ့ တပ်စခန်း၊ လေ့ကျင့်ရေးစခန်းတွေကို တိုက်ခိုက်တာ၊ မိမိတို့ ဒေသမှာ စစ်ဆင်ရေးနဲ့ စစ်ရေးလှုပ်ရှားမှုလုပ်တာ၊ တိုက်ပွဲမရှိဘဲ လက်နက်ကြီးအမြောက်အများနဲ့ ပစ်ခတ်တာ၊ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်တာ အပြင် စစ်ဘေးရှောင်ပြည်သူတွေကို ရိက္ခာဖြတ်တာတွေလုပ်ရင်တော့ ခုခံကာကွယ် သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တပ်မတော်ကတော့ စစ်တိုင်း ၅ ခုမှာ စစ်ရေး လှုပ်ရှားတာတွေ ရပ်ဖို့ ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်ကနေ ဧပြီ ၃၀ ရက်အထိ တကြိမ်၊ ၂၀၁၉ မေ ၁ ရက်ကနေ ဇွန် ၃၀ အထိ တကြိမ်၊ ဇူလိုင် ၁ ရက်ကနေ ဩဂုတ် ၃၁ ရက်အထိ တကြိမ် ၃ ကြိမ် ကြေညာထားသလို နောက်ဆုံးအကြိမ် စက်တင်ဘာ ၁ ရက်ကနေ စက်တင်ဘာ ၂၁ ရက်အထိ တဖက်သတ်အပစ်ရပ်ကြောင်းလည်း  ကြေညာထားပါတယ်။ ဒီလိုနှစ်ဖက်အဖွဲ့တွေကတ ဖက်သတ်အပစ်ရပ်ကြောင်း ကြေညာထားပေမယ့် ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့အနီးမှာ စက်တင်ဘာ  ၁၃ ရက်ကတည်းက တပ်မတော်နဲ့ တီအန်အလ်အေတို့ အကြားတိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေသလို ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေဆက် ဖြစ်ပွားနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ညီေနာင္မဟာမိတ္ ၃ ဖြဲ႕က ဒီဇင္ဘာလကုန္ထိ တဖက္သတ္အပစ္ရပ္ ေၾကညာ DVB ျပည္တြင္းစစ္ပြဲရပ္တန႔္ၿပီး အပစ္ရပ္သေဘာတူလက္မွတ္ေရးထိုးႏိုင္မယ့္ ေတြ႕ဆုံေဆြးေႏြး ညႇိႏႈိင္းေရးလုပ္ငန္းေတြ လက္ေတြ႕က်က်ေဆာင္႐ြက္ႏိုင္ေရးနဲ႔ လက္ရွိျဖစ္ပြားေနတဲ့ တိုက္ပြဲ ေလွ်ာ့ခ်ရပ္တန႔္ႏိုင္ေရးအတြက္ ၂၀၁၉ ဒီဇင္ဘာ ၃၁ ရက္အထိ တဖက္သတ္အပစ္အခတ္ ရပ္ဆိုင္းေၾကာင္း ညီေနာင္မဟာမိတ္ ၃ ဖြဲ႕က ေၾကညာပါတယ္။ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕ျဖစ္တဲ့ ကိုးကန႔္ (MNDAA)၊ တအာင္း (TNLA) ရခိုင္ (AA) တို႔က ဒီကေန႔ စက္တင္ဘာ ၂၀ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ေၾကညာလိုက္တာျဖစ္ပါတယ္။ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕အေနနဲ႔ စက္တင္ဘာ ၉ ရက္ကေန ေအာက္တိုဘာ ၈ ရက္အထိ တလတာ တဖက္သတ္အပစ္ရပ္ေၾကာင္း ေၾကညာခဲ့ၿပီး ဒီကေန႔မွာ ရက္တိုးေၾကညာတာျဖစ္ၿပီး ျမန္မာစစ္တပ္ဘက္ ဆႏၵရွိပါက ညီေနာင္မဟာမိတ္ ၃ ဖြဲ႕အေနနဲ႔ တပ္မေတာ္နဲ႔ ပူးတြဲအပစ္ခတ္ရပ္ဆိုင္ဖို႔ အဆင့္သင့္ရွိေၾကာင္းလည္းထုတ္ျပန္ထားပါတယ္။ ေၾကညာထားတဲ့ကာလအတြင္း ျမန္မာစစ္တပ္က စတင္တိုက္ခိုက္တာ၊ မိမိတို႔ရဲ႕ တပ္စခန္း၊ ေလ့က်င့္ေရးစခန္းေတြကို တိုက္ခိုက္တာ၊ မိမိတို႔ ေဒသမွာ စစ္ဆင္ေရးနဲ႔ စစ္ေရးလႈပ္ရွားမႈလုပ္တာ၊ တိုက္ပြဲမရွိဘဲ လက္နက္ႀကီးအေျမာက္အမ်ားနဲ႔ ပစ္ခတ္တာ၊ ရဟတ္ယာဥ္နဲ႔ ပစ္ခတ္တိုက္တာ အျပင္ စစ္ေဘးေရွာင္ျပည္သူေတြကို ရိကၡာျဖတ္တာေတြလုပ္ရင္ေတာ့ ခုခံကာကြယ္ သြားမယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ တပ္မေတာ္ကေတာ့ စစ္တိုင္း ၅ ခုမွာ စစ္ေရး လႈပ္ရွားတာေတြ ရပ္ဖို႔ ၂၀၁၈ ဒီဇင္ဘာ ၂၁ ရက္ကေန ဧၿပီ ၃၀ ရက္အထိ တႀကိမ္၊ ၂၀၁၉ ေမ ၁ ရက္ကေန ဇြန္ ၃၀ အထိ တႀကိမ္၊ ဇူလိုင္ ၁ ရက္ကေန ဩဂုတ္ ၃၁ ရက္အထိ တႀကိမ္ ၃ ႀကိမ္ ေၾကညာထားသလို ေနာက္ဆုံးအႀကိမ္ စက္တင္ဘာ ၁ ရက္ကေန စက္တင္ဘာ ၂၁ ရက္အထိ တဖက္သတ္အပစ္ရပ္ေၾကာင္းလည္း ေၾကညာထားပါတယ္။ ဒီလိုႏွစ္ဖက္အဖြဲ႕ေတြကတ ဖက္သတ္အပစ္ရပ္ေၾကာင္း ေၾကညာထားေပမယ့္ ရွမ္းျပည္ေျမာက္ပိုင္း၊ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နမ့္ဆန္ၿမိဳ႕အနီးမွာ စက္တင္ဘာ ၁၃ ရက္ကတည္းက တပ္မေတာ္နဲ႔ တီအန္အလ္ေအတို႔ အၾကားတိုက္ပြဲေတြ ဆက္တိုက္ ျဖစ္ပြားေနသလို ရခိုင္ျပည္နယ္မွာလည္း တိုက္ပြဲေတြဆက္ ျဖစ္ပြားေနၿပီး ေဒသခံေတြ ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024