Home
မြန်မာသတင်း
မန္တလေးမြို့က အိမ်မွေးခွေးများကို မှတ်ပုံတင်ပေးရန် စီစဉ်နေ
DVB
·
September 20, 2019
70450173_954236584941105_714805522968084480_n
မန္တလေးမြို့က အိမ်မွေးခွေးတွေကို လာမယ့် ဘဏ္ဍာနှစ်ထဲမှာ မှတ်ပုံတင်ပေးဖို့ စီစဉ်နေပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံက သိရပါတယ်။ မန္တလေးမြို့မှာ ခွေးလေခွေးလွင့်ပြဿနာကြောင့် ခွေးကိုက်ခံရတာ၊ခွေးရူးပျံ အန္တရာယ် စိုးရိမ်ရတာတွေကြောင့် လမ်းဘေးခွေးတွေကို သုတ်သင်ရှင်းလင်းမယ်ဆိုပါကလည်း အိမ်မွေးနဲ့ အလှမွေးခွေးတွေပါဝင်နိုင်တဲ့အတွက် မှတ်ပုံတင်ဖို့ စီမံချက်ရေးဆွဲနေတာဖြစ်တယ်လို့ စည်ပင် ကော်မတီဝင်တစ်ဦးက ပြောပါတယ်။ အိမ်မွေးခွေးတွေကို မှတ်ပုံတင်ပေးတာကြောင့် စနစ်တကျမွေးမြူလာနိုင်မှာဖြစ်ပြီး လိုအပ်တဲ့ ကာကွယ်ဆေးတွေလည်း ထိုးပေးသင့်တယ်လို့ ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ အခုလိုဆောင်ရွက်မယ်ဆိုပါက ခွေးမွေးထားသူတွေကိုပါ ခေါ်ယူတွေ့ဆုံပြီး အကြံဉာဏ်က ယူသင့်တယ်လို့ အလှမွေး ခွေမွေးသူတဦးက  ပြောပါတယ်။ ခွေးတွေကို မှတ်ပုံတင်ပေးမယ်ဆိုပါက ခွေးနဲ့ပတ်သက်တဲ့ အချက်အလက်တချို့နဲ့၊ မှတ်ပုံတင်မှာကပ်ထားဖို့ ခွေးရဲ့ဓာတ်ပုံ တပုံလိုအပ်ပြီး မြို့နယ်အလိုက် စည်ပင်ရုံးတွေမှာ မှတ်ပုံတင်လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။  ကုန်ကျစားရိတ် အနေနဲ့ ကျပ် ၅၀၀၀  ကျသင့်မှာဖြစ်ပြီး အသိအမှတ်ပြုကတ်၊City Dog တံဆိပ်ပါ ခွေးလည်ဆွဲ သတ္တုပြားတစ်ခု၊ ခွေးတကောင်အတွက် မှတ်ပုံတင်နံပါတ်တခု ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ သတင်း- ထိန်ထိန်လင်း
မႏၲေလးၿမိဳ႕က အိမ္ေမြးေခြးမ်ားကို မွတ္ပုံတင္ေပးရန္ စီစဥ္ေန DVB မႏၲေလးၿမိဳ႕က အိမ္ေမြးေခြးေတြကို လာမယ့္ ဘ႑ာႏွစ္ထဲမွာ မွတ္ပုံတင္ေပးဖို႔ စီစဥ္ေနၿပီး တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္ရရွိပါက ေဆာင္႐ြက္ေပးမယ္လို႔ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ ထံက သိရပါတယ္။ မႏၲေလးၿမိဳ႕မွာ ေခြးေလေခြးလြင့္ျပႆနာေၾကာင့္ ေခြးကိုက္ခံရတာ၊ေခြး႐ူးပ်ံ အႏၲရာယ္ စိုးရိမ္ရတာေတြေၾကာင့္ လမ္းေဘးေခြးေတြကို သုတ္သင္ရွင္းလင္းမယ္ဆိုပါကလည္း အိမ္ေမြးနဲ႔ အလွေမြးေခြးေတြပါဝင္ႏိုင္တဲ့အတြက္ မွတ္ပုံတင္ဖို႔ စီမံခ်က္ေရးဆြဲေနတာျဖစ္တယ္လို႔ စည္ပင္ ေကာ္မတီဝင္တစ္ဦးက ေျပာပါတယ္။ အိမ္ေမြးေခြးေတြကို မွတ္ပုံတင္ေပးတာေၾကာင့္ စနစ္တက်ေမြးျမဴလာႏိုင္မွာျဖစ္ၿပီး လိုအပ္တဲ့ ကာကြယ္ေဆးေတြလည္း ထိုးေပးသင့္တယ္လို႔ ေကာ္မတီဝင္ ဦးေက်ာ္ဆန္းျမင့္က ေျပာပါတယ္။ အခုလိုေဆာင္႐ြက္မယ္ဆိုပါက ေခြးေမြးထားသူေတြကိုပါ ေခၚယူေတြ႕ဆုံၿပီး အႀကံဉာဏ္က ယူသင့္တယ္လို႔ အလွေမြး ေခြေမြးသူတဦးက ေျပာပါတယ္။ ေခြးေတြကို မွတ္ပုံတင္ေပးမယ္ဆိုပါက ေခြးနဲ႔ပတ္သက္တဲ့ အခ်က္အလက္တခ်ိဳ႕နဲ႔၊ မွတ္ပုံတင္မွာကပ္ထားဖို႔ ေခြးရဲ႕ဓာတ္ပုံ တပုံလိုအပ္ၿပီး ၿမိဳ႕နယ္အလိုက္ စည္ပင္႐ုံးေတြမွာ မွတ္ပုံတင္ေလွ်ာက္ထားႏိုင္မယ္လို႔ သိရပါတယ္။ ကုန္က်စားရိတ္ အေနနဲ႔ က်ပ္ ၅၀၀၀ က်သင့္မွာျဖစ္ၿပီး အသိအမွတ္ျပဳကတ္၊City Dog တံဆိပ္ပါ ေခြးလည္ဆြဲ သတၱဳျပားတစ္ခု၊ ေခြးတေကာင္အတြက္ မွတ္ပုံတင္နံပါတ္တခု ထုတ္ေပးမွာျဖစ္တယ္လို႔ သိရပါတယ္။ သတင္း- ထိန္ထိန္လင္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024