ဗွီဒီယိုဖုန်းခေါ်နိုင်သည့် Portal TV အမျိုးအစားသစ် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ မိတ်ဆက်

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ဗွီဒီယိုဖုန်းခေါ်လို့တဲ့ Portal TV အမျိုးအစားသစ် မိတ်ဆက်ပွဲကို စက်တင်ဘာ ၁၈ ရက်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ကျင်းပခဲ့ပါတယ်။ ဒါဟာ ဖေ့စ်ဘွတ်ခ်အနေနဲ့ TV ဈေးကွက်ဆီကို  ပထမဆုံး ချဉ်းကပ်လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အချက်အလက်မျှဝေမှု အရှုပ်တော်ပုံ ပြဿနာတွေကြောင့် ဖေ့စ်ဘွတ်ခ် ကုမ္ပဏီဟာသုံးစွဲသူ အရေအတွက်မြင့်တက်မှု နှေးကွေးခဲ့ပြီးနောက် သီးသန့်ဆန်တဲ့ ဆက်သွယ်ရေးပုံစံတွေဆီ ဦးတည်ဖို့ ကြိုးစားခဲ့ပါတယ်။  ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ WhatsApp ၊ Messenger  နဲ့ Instagram စတဲ့ နာမည်ကျော် မက်ဆေ့အက်ပလီ ကေးရှင်းတွေကိုလည်း တီထွင်ထားပြီး လစဉ်သုံးစွဲသူ  ၂ ဒဿမ ၄ ဘီလီယံရှိလို့ ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိက စာတိုပေးပို့တဲ့ လုပ်ငန်းတွေထဲကတခုလည်း ဖြစ်ပါတယ်။  စက်တင်ဘာ ၁၈ ရက်နေ့က မိတ်ဆက်လိုက်တဲ့ Portal TV ဟာ အမေရိကန်ဒေါ်လာ ၁၄၉ ‌ဒေါ်လာတန်ဖိုးရှိပြီး နိုဝင်ဘာ ၅ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။  ဒါပေမယ့် Portal TV မှာ ဂီတအက်ပလီကေးရှင်း နည်းနည်းပဲပါပြီး TV အစီအစဉ်တွေ ကလည်း အကန့်အသတ်နဲ့ပဲ ကြည့်နိုင်ပါတယ်။  ဒါ့ကြောင့် ဖေ့စ်ဘွတ်ခ်အနေနဲ့ ပြိုင်ဘက် Apple TV၊  Netflix နဲ့ Roku တို့နဲ့ ယှဉ်ပြီး ကြည့်ရှုသူတွေကို ဆွဲဆောင်ဖို့ ဆိုရင်တော့ စိန်ခေါ်မှုကြီးကြီးမားမား ရင်ဆိုင်ရနိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်ဟာ Portal နာမည်နဲ့ ကြေးနန်းမဲ့ အဆင့်မြင့်စပီကာတွေကို စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ Portal TV ကိုပါ ထုတ်လုပ်လိုက်တာပါ။ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ Portal အမျိုးအစား ပစ္စည်းတွေကို ဗြိတိန်၊ ပြင်သစ်နဲ့ သြစတြေးလျအပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ ဈေးကွက်ချဲ့ထွင်ဖို့ ကြိုးစားနေပါတယ်။ ========================= ေဖ့စ္ဘြတ္ခ္ကုမၸဏီက ဗြီဒီယိုဖုန္းေခၚလို႔တဲ့ Portal TV အမ်ိဳးအစားသစ္ မိတ္ဆက္ပြဲကို စက္တင္ဘာ ၁၈ ရက္က အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယား ျပည္နယ္မွာ က်င္းပခဲ့ပါတယ္။ ဒါဟာ ေဖ့စ္ဘြတ္ခ္အေနနဲ႔ TV ေဈးကြက္ဆီကို  ပထမဆုံး ခ်ဥ္းကပ္လာတာလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္း အခ်က္အလက္မွ်ေဝမႈ အရႈပ္ေတာ္ပုံ ျပႆနာေတြေၾကာင့္ ေဖ့စ္ဘြတ္ခ္ ကုမၸဏီဟာသုံးစြဲသူ အေရအတြက္ျမင့္တက္မႈ ေႏွးေကြးခဲ့ၿပီးေနာက္ သီးသန႔္ဆန္တဲ့ ဆက္သြယ္ေရးပုံစံေတြဆီ ဦးတည္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ေဖ့စ္ဘြတ္ခ္ကုမၸဏီဟာ WhatsApp ၊ Messenger  နဲ႔ Instagram စတဲ့ နာမည္ေက်ာ္ မက္ေဆ့အက္ပလီ ေကးရွင္းေတြကိုလည္း တီထြင္ထားၿပီး လစဥ္သုံးစြဲသူ  ၂ ဒႆမ ၄ ဘီလီယံရွိလို႔ ကမာၻ႔အႀကီးဆုံး ပုဂၢလိက စာတိုေပးပို႔တဲ့ လုပ္ငန္းေတြထဲကတခုလည္း ျဖစ္ပါတယ္။ စက္တင္ဘာ ၁၈ ရက္ေန႔က မိတ္ဆက္လိုက္တဲ့ Portal TV ဟာ အေမရိကန္ေဒၚလာ ၁၄၉ ‌ေဒၚလာတန္ဖိုးရွိၿပီး ႏိုဝင္ဘာ ၅ ရက္ေန႔မွာ စတင္ေရာင္းခ်သြားမွာပါ။ ဒါေပမယ့္ Portal TV မွာ ဂီတအက္ပလီေကးရွင္း နည္းနည္းပဲပါၿပီး TV အစီအစဥ္ေတြ ကလည္း အကန႔္အသတ္နဲ႔ပဲ ၾကည့္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေဖ့စ္ဘြတ္ခ္အေနနဲ႔ ၿပိဳင္ဘက္ Apple TV၊  Netflix နဲ႔ Roku တို႔နဲ႔ ယွဥ္ၿပီး ၾကည့္ရႈသူေတြကို ဆြဲေဆာင္ဖို႔ ဆိုရင္ေတာ့ စိန္ေခၚမႈႀကီးႀကီးမားမား ရင္ဆိုင္ရႏိုင္ပါတယ္။ ေဖ့စ္ဘြတ္ခ္ဟာ Portal နာမည္နဲ႔ ေၾကးနန္းမဲ့ အဆင့္ျမင့္စပီကာေတြကို စတင္ထုတ္လုပ္ခဲ့တာျဖစ္ၿပီး အခုအခါမွာေတာ့ Portal TV ကိုပါ ထုတ္လုပ္လိုက္တာပါ။ ေဖ့စ္ဘြတ္ခ္ကုမၸဏီဟာ Portal အမ်ိဳးအစား ပစၥည္းေတြကို ၿဗိတိန္၊ ျပင္သစ္နဲ႔ ၾသစေၾတးလ်အပါအဝင္ ကမာၻ႔ႏိုင္ငံေတြမွာ ေဈးကြက္ခ်ဲ႕ထြင္ဖို႔ ႀကိဳးစားေနပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up