Home
မြန်မာသတင်း
ဖြိုးမြတ်အောင်၊ ဆုန်သင်းပါရ်တို့ ပါဝင်သည့် ရန်ပုံငွေဂီတဖျော်ဖြေပွဲ စင်ကာပူတွင် ကျင်းပမည်
DVB
·
September 20, 2019
ပရိသတ်အချစ်တော် မြန်မာအိုင်ဒေါတေးသံရှင် ဖြိုးမြတ်အောင်နဲ့ ချင်းတိုင်းရင်း သူအဆိုတော် ဆုန်သင်းပါရ်တို့ ပါဝင်ကြမယ့် ရန်ပုံငွေဂီတဖျော်ဖြေပွဲကို စင်ကာပူနိုင်ငံ မှာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ စိမ်းလန်းစိုပြေ ကမ္ဘာမြေ-Save Green Save Earth အမည်နဲ့ ကျင်းပမယ့် ဒီဂီတ ဖျော်ဖြေပွဲဟာ မြန်မာနိုင်ငံက သစ်ပင်သစ်တောရှင်သန်စိမ်းလန်းရေးအတွက် ရည်ရွယ် တာဖြစ်ပြီး ရရှိတဲ့ အမြတ်ငွေတွေကို သစ်တောသစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်း တွေမှာ ပြန်လည်လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဖြိုးမြတ်အောင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့တာပါ။ Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ဟာ ပရဟိတလုပ် ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်လေ့ရှိသူဖြစ်ပြီး ပရိသတ်တွေ ချစ်ခင်အားပေးမှုတွေ ရရှိနေသူလည်း ဖြစ်ပါတယ်။ သီချင်းအဆိုကောင်းသလို သူ့ရဲ့ သရုပ်ဆောင်မှုအနုပညာကိုလည်း သင်ဇာဝင့် ကျော်နဲ့ တွဲဖက်ပါဝင်မယ့် မြမြအကြောင်း ရုပ်ရှင်ကားမှာ ပရိသတ်တွေက တွေ့မြင်ကြ ရတော့မှာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် ဖျော်ဖြေပွဲမှာတော့ Doron Band တေးဂီတအဖွဲ့ က ပါဝင်တီးခတ်ပေးသွားမှာ ဖြစ်ပြီး တခြားအဆိုတော်တွေဖြစ်တဲ့ ခုပ်ပီးနဲ့ Nano Peace တို့ကလည်း ပါဝင်သွားကြမှာပါ။ Golden Miles Tower Carnival Theatre မှာ လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့ မှာ ကျင်းပတော့မယ့် ဒီဂီတဖျော်ဖြေပွဲလက်မှတ်တွေကိုတော့ စင်ကာပူဒေါ်လာ ၂၅ ၊ ၃၀ ၊ ၃၅ ဒေါ်လာ အသီးသီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ၿဖိဳးျမတ္ေအာင္၊ ဆုန္သင္းပါရ္တို႔ ပါဝင္သည့္ ရန္ပုံေငြဂီတေဖ်ာ္ေျဖပြဲ စင္ကာပူတြင္ က်င္းပမည္ DVB ပရိသတ္အခ်စ္ေတာ္ ျမန္မာအိုင္ေဒါေတးသံရွင္ ၿဖိဳးျမတ္ေအာင္နဲ႔ ခ်င္းတိုင္းရင္း သူအဆိုေတာ္ ဆုန္သင္းပါရ္တို႔ ပါဝင္ၾကမယ့္ ရန္ပုံေငြဂီတေဖ်ာ္ေျဖပြဲကို စင္ကာပူႏိုင္ငံ မွာ ျပဳလုပ္သြားဖို႔ ရွိေနပါတယ္။ စိမ္းလန္းစိုေျပ ကမာၻေျမ-Save Green Save Earth အမည္နဲ႔ က်င္းပမယ့္ ဒီဂီတ ေဖ်ာ္ေျဖပြဲဟာ ျမန္မာႏိုင္ငံက သစ္ပင္သစ္ေတာရွင္သန္စိမ္းလန္းေရးအတြက္ ရည္႐ြယ္ တာျဖစ္ၿပီး ရရွိတဲ့ အျမတ္ေငြေတြကို သစ္ေတာသစ္ပင္စိုက္ပ်ိဳးထိန္းသိမ္းေရးလုပ္ငန္း ေတြမွာ ျပန္လည္လႉဒါန္းသြားမွာ ျဖစ္တယ္လို႔ ၿဖိဳးျမတ္ေအာင္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္ အင္တာနက္လူမႈကြန္ရက္ေပၚမွာ ေရးသားထားခဲ့တာပါ။ Myanmar Idol Season 3 ရဲ႕ Winner ဆုရွင္ ၿဖိဳးျမတ္ေအာင္ဟာ ပရဟိတလုပ္ ငန္းေတြမွာ တက္တက္ႂကြႂကြ ပါဝင္ေလ့ရွိသူျဖစ္ၿပီး ပရိသတ္ေတြ ခ်စ္ခင္အားေပးမႈေတြ ရရွိေနသူလည္း ျဖစ္ပါတယ္။ သီခ်င္းအဆိုေကာင္းသလို သူ႔ရဲ႕ သ႐ုပ္ေဆာင္မႈအႏုပညာကိုလည္း သင္ဇာဝင့္ ေက်ာ္နဲ႔ တြဲဖက္ပါဝင္မယ့္ ျမျမအေၾကာင္း ႐ုပ္ရွင္ကားမွာ ပရိသတ္ေတြက ေတြ႕ျမင္ၾက ရေတာ့မွာ ျဖစ္ပါတယ္။ စင္ကာပူႏိုင္ငံမွာ က်င္းပမယ့္ ေဖ်ာ္ေျဖပြဲမွာေတာ့ Doron Band ေတးဂီတအဖြဲ႕ က ပါဝင္တီးခတ္ေပးသြားမွာ ျဖစ္ၿပီး တျခားအဆိုေတာ္ေတြျဖစ္တဲ့ ခုပ္ပီးနဲ႔ Nano Peace တို႔ကလည္း ပါဝင္သြားၾကမွာပါ။ Golden Miles Tower Carnival Theatre မွာ လာမယ့္ ႏိုဝင္ဘာလ ၃ ရက္ေန႔ မွာ က်င္းပေတာ့မယ့္ ဒီဂီတေဖ်ာ္ေျဖပြဲလက္မွတ္ေတြကိုေတာ့ စင္ကာပူေဒၚလာ ၂၅ ၊ ၃၀ ၊ ၃၅ ေဒၚလာ အသီးသီး သတ္မွတ္ထားတာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024