Home
မြန်မာသတင်း
မြန်မာကို နိုင်ငံတကာခုံရုံးတင်ရန်ကြိုးပမ်းမှု မြန်မာကိုယ်စားလှယ်ကန့်ကွက် 
DVB
·
September 20, 2019
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်မှု ခံယူရေးအတွက် ကြိုးပမ်းမှုကို ကန့်ကွက်တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ  မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ပြောကြားလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီရဲ့ (၄၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ အပြန်အလှန် ဆွေးနွေးကြရာမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က တုံ့ပြန်ပြောကြားခဲ့တာပါ။ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက  “ကုလသမဂ္ဂ အချက်အလက်ရှာမစ်ရှစ်အဖွဲ့ FFM ရဲ့အစီရင်ခံစာနဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို မြန်မာတစ်နိုင်ငံလုံးက ကန့်ကွက်ကြောင်း၊ ဒီအစီရင်ခံစာကို ဒါရူစမန်အစီရင်ခံစာလို့ အလွယ်တကူ ခေါ်ဝေါ်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ FFM စတင်ဖွဲ့စည်းစဉ်ကတည်းက ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ FFM ရဲ့ ဆင့်ပွားဖြစ်တဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တယား IIM ဖွဲ့စည်း ဆောင်ရွက်မှုကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြောကြားသွားပါတယ်။ ဒါ့အပြင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကာလကြာရှည် ရုန်းကန်ခဲ့ရချိန်တွေမှာ ကုလသမဂ္ဂဘက်က တစိုက်မတ်မတ် ရပ်တည်ခဲ့တဲ့ မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံအပေါ် ဓမ္မဓိဌာန်မကျတဲ့ ရပ်တည်ချက်ကြောင့် စိတ်ပျက်နေကြပြီလို့လည်း အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောသွားပါတယ်။ ရခိုင်ပြည်နယ်ကနေ လူတွေ နေရပ်စွန့်ခွာမှုဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းမှာ နယ်ခြားစောင့်ရဲစခန်း (၃၀)ကို အာဆာအကြမ်းဖက်တွေရဲ့ တိုက်ခိုက်မှုနဲ့ အပြစ်မဲ့ ပြည်သူတွေ အပေါ် ရက်ရက်စက်စက် ကျူးလွန်မှု ခြိမ်းမြောက်မှုတွေ ကြောင့်ဖြစ်တယ်လို့ လည်းဆိုပါတယ်။ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ကော့ခ်ဘဇားသို့ (၃)ကြိမ်သွားရောက်ခဲ့ပြီး၊ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး ကြိုးပမ်းခဲ့ပေမယ့် စခန်းတွေမှာ အာဆာရဲ့ ခြိမ်းခြောက်မှုတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတချို့ရဲ့ ဟန့်တားမှုတို့က ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေကြောင်း၊ နေ့စွန်ရပ်ခွာသူတွေရဲ့ အတိဒုက္ခကို နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချနေကြောင်း၊ နေရပ်စွန့်ခွာသူတွေ ကြောက်ရွံ့မှု၊ လွှမ်းမိုးချုပ်ကိုင်မှု ကင်းစွာ အမှန်တရားကို ထုတ်ဖော်ပြောကြားနိုင်ဖို့ စခန်းတွေမှာ သင့်လျော်တဲ့ ပတ်ဝန်းကျင် ဖန်တီးပေးဖို့ အရေးကြီးတယ်လို့ မြန်မာကိုယ်စားလှယ်က ပြောသွားပါတယ်။ ဒါ့အပြင် မစ္စယန်ဟီးလီရဲ့ သမာသမတ်မကျမှု၊ ဓမ္မဓိဌာန်မကျမှုနဲ့ ကောင်းမွန်တဲ့ စိတ်ရင်းစေတနာ မရှိမှုတို့ကြောင့် သူ့ကို လွှတ်တော်မှာ တညီတညွတ်တည်း ရှုတ်ချခဲ့တယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။  ကုလ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့ကတော့ ယူဂိုဆလားဗီးယားနဲ့ ရဝမ်ဒါတို့အတွက်ဖွဲ့စည်းခဲ့သလို လက်တန်းရာဇဝတ် ခုံရုံးတခု  မြန်မာအတွက် တည်ထောင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းထားတာဖြစ်ပါတယ်။ ဓာတ်ပုံ- MOFA
ျမန္မာကို ႏိုင္ငံတကာခုံ႐ုံးတင္ရန္ႀကိဳးပမ္းမႈ ျမန္မာကိုယ္စားလွယ္ကန႔္ကြက္ DVB ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာ တရားစီရင္မႈ ခံယူေရးအတြက္ ႀကိဳးပမ္းမႈကို ကန႔္ကြက္တဲ့အေၾကာင္း ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္း ေျပာၾကားလိုက္ပါတယ္။ ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်ီနီဗာၿမိဳ႕မွာ ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပတဲ့ ကုလသမဂၢလူ႔အခြင့္အေရး ေကာင္စီရဲ႕ (၄၂)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးအတြင္း ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရး အေျခအေနနဲ႔ ပတ္သက္လို႔ အျပန္အလွန္ ေဆြးေႏြးၾကရာမွာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္က တုံ႔ျပန္ေျပာၾကားခဲ့တာပါ။ အၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းက “ကုလသမဂၢ အခ်က္အလက္ရွာမစ္ရွစ္အဖြဲ႕ FFM ရဲ႕အစီရင္ခံစာနဲ႔ အေျခအျမစ္မရွိတဲ့ စြပ္စြဲခ်က္ေတြကို ျမန္မာတစ္ႏိုင္ငံလုံးက ကန႔္ကြက္ေၾကာင္း၊ ဒီအစီရင္ခံစာကို ဒါ႐ူစမန္အစီရင္ခံစာလို႔ အလြယ္တကူ ေခၚေဝၚေၾကာင္း၊ ျမန္မာႏိုင္ငံအေနနဲ႔ FFM စတင္ဖြဲ႕စည္းစဥ္ကတည္းက ျပင္းထန္စြာ ကန႔္ကြက္ေၾကာင္း၊ FFM ရဲ႕ ဆင့္ပြားျဖစ္တဲ့ လြတ္လပ္ေသာစုံစမ္းစစ္ေဆးေရးယႏၲယား IIM ဖြဲ႕စည္း ေဆာင္႐ြက္မႈကို ျပင္းထန္စြာ ကန႔္ကြက္ေၾကာင္း ေျပာၾကားသြားပါတယ္။ ဒါ့အျပင္ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးအတြက္ ကာလၾကာရွည္ ႐ုန္းကန္ခဲ့ရခ်ိန္ေတြမွာ ကုလသမဂၢဘက္က တစိုက္မတ္မတ္ ရပ္တည္ခဲ့တဲ့ ျမန္မာျပည္သူေတြဟာ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံအေပၚ ဓမၼဓိဌာန္မက်တဲ့ ရပ္တည္ခ်က္ေၾကာင့္ စိတ္ပ်က္ေနၾကၿပီလို႔လည္း အၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းက ေျပာသြားပါတယ္။ ရခိုင္ျပည္နယ္ကေန လူေတြ ေနရပ္စြန႔္ခြာမႈျဖစ္ပြားရတဲ့ အဓိကအေၾကာင္းရင္းမွာ နယ္ျခားေစာင့္ရဲစခန္း (၃၀)ကို အာဆာအၾကမ္းဖက္ေတြရဲ႕ တိုက္ခိုက္မႈနဲ႔ အျပစ္မဲ့ ျပည္သူေတြ အေပၚ ရက္ရက္စက္စက္ က်ဴးလြန္မႈ ၿခိမ္းေျမာက္မႈေတြ ေၾကာင့္ျဖစ္တယ္လို႔ လည္းဆိုပါတယ္။ ျမန္မာအဆင့္ျမင့္ ကိုယ္စားလွယ္အဖြဲ႕ ေကာ့ခ္ဘဇားသို႔ (၃)ႀကိမ္သြားေရာက္ခဲ့ၿပီး၊ ေနရပ္စြန႔္ခြာသူေတြ ျပန္လည္လက္ခံေရး ႀကိဳးပမ္းခဲ့ေပမယ့္ စခန္းေတြမွာ အာဆာရဲ႕ ၿခိမ္းေျခာက္မႈေတြနဲ႔ အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းတခ်ိဳ႕ရဲ႕ ဟန႔္တားမႈတို႔က ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္ကို အဟန႔္အတားျဖစ္ေစေၾကာင္း၊ ေန႔စြန္ရပ္ခြာသူေတြရဲ႕ အတိဒုကၡကို ႏိုင္ငံေရးအက်ိဳးအျမတ္အတြက္ အသုံးခ်ေနေၾကာင္း၊ ေနရပ္စြန႔္ခြာသူေတြ ေၾကာက္႐ြံ႕မႈ၊ လႊမ္းမိုးခ်ဳပ္ကိုင္မႈ ကင္းစြာ အမွန္တရားကို ထုတ္ေဖာ္ေျပာၾကားႏိုင္ဖို႔ စခန္းေတြမွာ သင့္ေလ်ာ္တဲ့ ပတ္ဝန္းက်င္ ဖန္တီးေပးဖို႔ အေရးႀကီးတယ္လို႔ ျမန္မာကိုယ္စားလွယ္က ေျပာသြားပါတယ္။ ဒါ့အျပင္ မစၥယန္ဟီးလီရဲ႕ သမာသမတ္မက်မႈ၊ ဓမၼဓိဌာန္မက်မႈနဲ႔ ေကာင္းမြန္တဲ့ စိတ္ရင္းေစတနာ မရွိမႈတို႔ေၾကာင့္ သူ႔ကို လႊတ္ေတာ္မွာ တညီတၫြတ္တည္း ရႈတ္ခ်ခဲ့တယ္လို႔လည္း ဦးေက်ာ္မိုးထြန္းက ေျပာပါတယ္။ ကုလ အခ်က္အလက္ရွာေဖြေရး မစ္ရွင္အဖြဲ႕ကေတာ့ ယူဂိုဆလားဗီးယားနဲ႔ ရဝမ္ဒါတို႔အတြက္ဖြဲ႕စည္းခဲ့သလို လက္တန္းရာဇဝတ္ ခုံ႐ုံးတခု ျမန္မာအတြက္ တည္ေထာင္ဖို႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီကို တိုက္တြန္းထားတာျဖစ္ပါတယ္။ ဓာတ္ပုံ- MOFA

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024