အိန္ဒိယတွင် အီလက်ထရောနစ် စီးကရက် ရောင်းချခွင့် ပိတ်ပင်သွားမည်

943
ဘရာဇီးနိုင်ငံနဲ့ ထိုင်းနိုင်ငံပြီးနောက် အိန္ဒိယနိုင်ငံမှာလည်း အီလက်ထရောနစ် စီးကရက် ရောင်းချခွင့် ပိတ်ပင်သွားပါတော့မယ်။
ကျန်းမာရေးအရ စိုးရိမ်မှုတွေမြင့်တက်လာကြောင့် တကမ္ဘာလုံးမှာလည်း အီးစီးကရက် သောက်သုံးတာကို ဆန့်ကျင်နေကြပါတယ်။
အိန္ဒိယအစိုးရရဲ့ တားမြစ်ချက်အရ အီလက်ထရောနစ် စီးကရက် ထုတ်လုပ်တာ၊ နိုင်ငံထဲကို တင်သွင်းတာအပြင် ကြော်ငြာတာတွေကိုပါ ပိတ်ပင်သွားမှာပါ။
တကမ္ဘာလုံးမှာ အီလက်ရောနစ်စီးကရက် သုံးစွဲသူအရေအတွက် လျော့ကျလာချိန်မှာ အီလက်ရောနစ် စီးကရက်ထုတ်လုပ်သူတွေရဲ့ ကြီးမားတဲ့ အနာဂတ်ဈေးကွက်ကို ဖြတ်တောက်ဖို့ အိန္ဒိယက အခုလို တားမြစ်လိုက်တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ အီလက်ထရောနစ် စီးကရက် သောက်သုံးသူ ၁၀၆ သန်း ရှိပြီး တရုတ်ပြီးရင် ဒုတိယအများဆုံးပါ။
အိန္ဒိယအစိုးရရဲ့ တားမြစ်ချက်ဟာ Altria ၊ Philip Morris International စတဲ့ စီးကရက် ကုမ္ပဏီတွေရဲ့ အိန္ဒိယနိုင်ငံကို ဈေးကွက်ထိုးဖောက်မယ့် အစီအစဉ်တွေကို ရိုက်ခတ် နိုင်ပါတယ်။
==========================
အိႏၵိယတြင္ အီလက္ထေရာနစ္ စီးကရက္ ေရာင္းခ်ခြင့္ ပိတ္ပင္သြားမည္
DVB
ဘရာဇီးႏိုင္ငံနဲ႔ ထိုင္းႏိုင္ငံၿပီးေနာက္ အိႏၵိယႏိုင္ငံမွာလည္း အီလက္ထေရာနစ္ စီးကရက္ ေရာင္းခ်ခြင့္ ပိတ္ပင္သြားပါေတာ့မယ္။
က်န္းမာေရးအရ စိုးရိမ္မႈေတြျမင့္တက္လာေၾကာင့္ တကမာၻလုံးမွာလည္း အီးစီးကရက္ ေသာက္သုံးတာကို ဆန႔္က်င္ေနၾကပါတယ္။
အိႏၵိယအစိုးရရဲ႕ တားျမစ္ခ်က္အရ အီလက္ထေရာနစ္ စီးကရက္ ထုတ္လုပ္တာ၊ ႏိုင္ငံထဲကို တင္သြင္းတာအျပင္ ေၾကာ္ျငာတာေတြကိုပါ ပိတ္ပင္သြားမွာပါ။
တကမာၻလုံးမွာ အီလက္ေရာနစ္စီးကရက္ သုံးစြဲသူအေရအတြက္ ေလ်ာ့က်လာခ်ိန္မွာ အီလက္ေရာနစ္ စီးကရက္ထုတ္လုပ္သူေတြရဲ႕ ႀကီးမားတဲ့ အနာဂတ္ေဈးကြက္ကို ျဖတ္ေတာက္ဖို႔ အိႏၵိယက အခုလို တားျမစ္လိုက္တာ ျဖစ္ပါတယ္။
အိႏၵိယႏိုင္ငံမွာ အီလက္ထေရာနစ္ စီးကရက္ ေသာက္သုံးသူ ၁၀၆ သန္း ရွိၿပီး တ႐ုတ္ၿပီးရင္ ဒုတိယအမ်ားဆုံးပါ။
အိႏၵိယအစိုးရရဲ႕ တားျမစ္ခ်က္ဟာ Altria ၊ Philip Morris International စတဲ့ စီးကရက္ ကုမၸဏီေတြရဲ႕ အိႏၵိယႏိုင္ငံကို ေဈးကြက္ထိုးေဖာက္မယ့္ အစီအစဥ္ေတြကို ႐ိုက္ခတ္ ႏိုင္ပါတယ္။