A d v e r t i s e m e n t With Us

ယူရိုပါလိဂ်အုပ်စုပွဲစဉ်များတွင် အာဆင်နယ်နှင့် မန်ယူအနိုင်ရ (ရုပ်သံဟိုက်လိုက်)

ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ်တွေမှာတော့ အင်္ဂလန်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူတို့ အသီးသီး အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ အဝေးကွင်းမှာ ဂျာမန်ကလပ် ဖရန့်ဖတ်ကို ၃ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ ဒီပွဲမှာ အိမ်ရှင် ဖရန့်ဖတ်အသင်းက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ်အသာစီးယူကစားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်း ၃၈ မိနစ်မှာ ဝီလော့က ဉီးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း အိမ်ရှင်အသင်းဟာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် မိနစ် ၇၉ မှာ ဒိုမီနစ်ခ် နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပြီးနောက် သွင်းဂိုးတွေ ထပ်မံခွင့်ပြုခဲ့ရပါတယ်။ ၈၅ မိနစ်မှာ ဆာကာနဲ့ ၈၈ မိနစ်မှာ အူဘာမီရန်းတို့က သွင်းယူခဲ့ပြီး ၃ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ မန်ယူကတော့ အိမ်ကွင်းမှာ လူငယ်ကစားသမားတွေကို အဓိက ပွဲထုတ်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက်ကန်သွင်းခွင့်တို့ အပြတ်အသတ်အသာစီးယူကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူးတွေ ဂိုးသွင်းမသေချာလို့ ၁ ဂိုးတည်းနဲ့ အနိုင်ရရှိခဲ့တာပါ။ မန်ယူအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်က ပွဲချိန် ၇၃ မိနစ်မှာ သွင်းယူခဲ့တာပါ။ ================ ယူ႐ိုပါလိဂ္အုပ္စုပြဲစဥ္မ်ားတြင္ အာဆင္နယ္ႏွင့္ မန္ယူအႏိုင္ရ (႐ုပ္သံဟိုက္လိုက္) DVB ဒီေန႔မနက္အေစာပိုင္း ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ အုပ္စုပြဲစဥ္ေတြမွာေတာ့ အဂၤလန္အသင္းေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ မန္ယူတို႔ အသီးသီး အႏိုင္ရခဲ့ပါတယ္။ အာဆင္နယ္အသင္းကေတာ့ အေဝးကြင္းမွာ ဂ်ာမန္ကလပ္ ဖရန႔္ဖတ္ကို ၃ ဂိုးျပတ္အႏိုင္ရရွိခဲ့တာပါ။ ဒီပြဲမွာ အိမ္ရွင္ ဖရန႔္ဖတ္အသင္းက ေဘာလုံးပိုင္ဆိုင္မႈ အနည္းငယ္အသာစီးယူကစားႏိုင္ခဲ့ပါတယ္။ အာဆင္နယ္အသင္းအတြက္ အႏိုင္ဂိုးေတြကို ပထမပိုင္း ၃၈ မိနစ္မွာ ဝီေလာ့က ဉီးေဆာင္ဂိုး သြင္းယူခဲ့ပါတယ္။ ဒုတိယပိုင္း အိမ္ရွင္အသင္းဟာ ေခ်ပဂိုးရဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပြဲခ်ိန္ မိနစ္ ၇၉ မွာ ဒိုမီနစ္ခ္ ႏွစ္ဝါတနီနဲ႔ အထုတ္ခံခဲ့ရၿပီးေနာက္ သြင္းဂိုးေတြ ထပ္မံခြင့္ျပဳခဲ့ရပါတယ္။ ၈၅ မိနစ္မွာ ဆာကာနဲ႔ ၈၈ မိနစ္မွာ အူဘာမီရန္းတို႔က သြင္းယူခဲ့ၿပီး ၃ ဂိုးျပတ္အႏိုင္ရရွိခဲ့ပါတယ္။ မန္ယူကေတာ့ အိမ္ကြင္းမွာ လူငယ္ကစားသမားေတြကို အဓိက ပြဲထုတ္ခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈနဲ႔ ဂိုးေပါက္ကန္သြင္းခြင့္တို႔ အျပတ္အသတ္အသာစီးယူကစားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ တိုက္စစ္မႉးေတြ ဂိုးသြင္းမေသခ်ာလို႔ ၁ ဂိုးတည္းနဲ႔ အႏိုင္ရရွိခဲ့တာပါ။ မန္ယူအတြက္ တလုံးတည္းေသာ အႏိုင္ဂိုးကိုေတာ့ လူငယ္တိုက္စစ္မႉး ဂရင္းဝုဒ္က ပြဲခ်ိန္ ၇၃ မိနစ္မွာ သြင္းယူခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up