ရေနံချက်စက်ရုံများ တိုက်ခိုက်ခံရမှုနောက်ကွယ်တွင် အီရန်၏ ပံ့ပိုးမှုရှိနေဟု ဆော်ဒီ စွပ်စွဲ

ဆော်ဒီအာရေဗျ နိုင်ငံထဲက ရေနံချက်စက်ရုံတွေ တိုက်ခိုက်ရာမှာသုံးခဲ့တဲ့ လက်နက်တွေကို ဆော်ဒီအစိုးရက ခင်းကျင်းပြသရင်း အီရန်က နောက်ကွယ်ကနေ ပံ့ပိုးခဲ့တယ်လို့ ဆော်ဒီအစိုးရက ပြောဆို စွပ်စွဲလိုက်ပါတယ်။ ဆော်ဒီအာရေဗျ ရေနံချက်စက်ရုံကို တိုက်ခိုက်ရာမှာသုံးခဲ့တဲ့ လက်နက်တွေဟာ အီရန်ဒရုမ်းယာဉ်နဲ့ ခရုဇ်ဒုံးကျည်တွေလို့ ဆော်ဒီအစိုးရကပြောရင်း လက်နက်တွေရဲ့ အပိုင်းအစတွေကို စက်တင်ဘာ ၁၈ ရက်မှာ ခင်းကျင်းပြသလိုက်ပါတယ်။  ဒါတွေဟာ အီရန်ရဲ့ ရန်လိုမှုကြောင့်ဖြစ်တဲ့ မငြင်းနိုင်တဲ့ သက်သေတွေလို့လည်း ပြောပါတယ်။  ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက် တိုက်ခိုက်မှုအတွင်း ရေနံချက် စက်ရုံ ၂ ရုံကို ဒရုန်းယာဉ်နဲ့ ဒုံးကျည် စုစုပေါင်း ၂၅ ခု နဲ့ ပစ်ခတ်ခဲ့တယ်။ ပစ်ခတ်တဲ့အထဲမှာ အီရန် ဒယ်လ်တာဝင်း မောင်းသူမဲ့ ဝေဟင်သုံး ယာဉ် UAV နဲ့ ယာအလီ ခရုဇ်ဒုံးကျည်တို့ ပါတယ်လို့  ဆော်ဒီ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ယီမင်စစ်ဆင်ရေး အာရပ်ညွန့်ပေါင်းတပ်ရဲ့ ပြောခွင့်ရ က ပြောပါတယ်။ ဆော်ဒီ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်မှူးကြီး တာကီ အယ်လ်မယ်ခိ က“တိုက်ခိုက်တဲ့ ဒရုန်းယာဉ်က ယီမင်ကလာတယ်လို့ ထင်ရအောင် အီရန်က အကောင်းဆုံး အားထုတ်ခဲ့ပေမယ့် ယီမင်ကနေလာတာ မဟုတ်ဘူး။ ဒေသတွင်းက ကြားခံတွေနဲ့ ပူးပေါင်းကြံစည် ဆောင်ရွက်ပြီး ဇာတ်လမ်းတုကို ဖန်တီးခဲ့တယ်ဆိုတာ ရှင်းနေတယ်။ ဒုတိယအနေနဲ့ တိုက်ခိုက်မှုက မြောက်ဘက်ကနေလာတာမို့ အီရန်ကပံ့ပိုးထားတယ်ဆိုတာ မေးခွန်းထုတ်စရာတောင် မလိုဘူး” လို့ ပြောပါတယ်။ ဒီဒုံးကျည်တွေကို အီရန်တော်လှန်ရေး အစောင့်တပ်က သုံးဖူးတယ်လို့လည်း ပြောပါတယ်။ အခု တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေဗျ ရေနံထွက်ကုန် တဝက်ထိ လျော့ကျခဲ့ပါတယ်။ ဒရုန်းယာဉ်နဲ့ ဒုံးကျည်တွေ  ၂ မျိုးလုံးဟာ ကမ္ဘာ့အကြီးဆုံး ရေနံချက် စက်ရုံတည်ရှိရာ အဘ်ကွိုက် မြို့ကို ပစ်မှတ်ထားပြီး ခရုဇ်ဒုံးကျည်တွေကတော့ ခူရိုင်းမြို့ကို ပစ်မှတ်ထားခဲ့တယ်လို့ မယ်လ်ခိက ပြောပါတယ်။  ဆော်ဒီခေါင်းဆောင်တဲ့ ညွန့်ပေါင်းတပ်နဲ့ တိုက်နေတဲ့ ယီမင်နိုင်ငံထဲက ဟူသီသူပုန်တွေက ရေနံချက်စက်ရုံတွေကို သူတို့တိုက်တာလို့ အခိုင်အမာ ပြောခဲ့ကြပါတယ်။  ဟူသီတွေက အီရန်အတွက် ဖုံးကွယ်ပေးချင်လို့ ဒီတိုက်ခိုက်မှုက ယီမင်နိုင်ငံထဲကနေ လာတာ မဟုတ်နိုင်ဘူးလို့လည်း မယ်လ်ခိက ပြောခဲ့ပါတယ်။  အီရန်သမ္မတ ဟတ်ဆန်ရောင်ဟာနီကတော့ အီရန်ဟာ ဒေသတွင်း ပဋိပက္ခမဖြစ်ချင်ဘူးလို့ စက်တင်ဘာ ၁၈ ရက်မှာ ပြောပြီး အီရန်ကာကွယ်ရေးဝန်ကြီး အာမီယာဟာတာမီကတော့ အာရမ်ကို ရေနံချက်စက်ရုံ တိုက်ခိုက်မှုမှာ အီရန်အစိုးရက ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပြောခဲ့ပါတယ်။  အမေရိကန်နဲ့ ဆော်ဒီခေါင်းဆောင်တဲ့ ညွန့်ပေါင်းတပ်က ဒေသတွင်း ပဋိပက္ခတွေဖြစ်အောင် လုပ်နေတာလို့ ရောင်ဟာနီက စွပ်စွဲ ခဲ့ပါတယ်။ ဓာတ်ပုံ- AFP ================ ေရနံခ်က္စက္႐ုံမ်ား တိုက္ခိုက္ခံရမႈေနာက္ကြယ္တြင္ အီရန္၏ ပံ့ပိုးမႈရွိေနဟု ေဆာ္ဒီ စြပ္စြဲ DVB ေဆာ္ဒီအာေရဗ် ႏိုင္ငံထဲက ေရနံခ်က္စက္႐ုံေတြ တိုက္ခိုက္ရာမွာသုံးခဲ့တဲ့ လက္နက္ေတြကို ေဆာ္ဒီအစိုးရက ခင္းက်င္းျပသရင္း အီရန္က ေနာက္ကြယ္ကေန ပံ့ပိုးခဲ့တယ္လို႔ ေဆာ္ဒီအစိုးရက ေျပာဆို စြပ္စြဲလိုက္ပါတယ္။ ေဆာ္ဒီအာေရဗ် ေရနံခ်က္စက္႐ုံကို တိုက္ခိုက္ရာမွာသုံးခဲ့တဲ့ လက္နက္ေတြဟာ အီရန္ဒ႐ုမ္းယာဥ္နဲ႔ ခ႐ုဇ္ဒုံးက်ည္ေတြလို႔ ေဆာ္ဒီအစိုးရကေျပာရင္း လက္နက္ေတြရဲ႕ အပိုင္းအစေတြကို စက္တင္ဘာ ၁၈ ရက္မွာ ခင္းက်င္းျပသလိုက္ပါတယ္။  ဒါေတြဟာ အီရန္ရဲ႕ ရန္လိုမႈေၾကာင့္ျဖစ္တဲ့ မျငင္းႏိုင္တဲ့ သက္ေသေတြလို႔လည္း ေျပာပါတယ္။ က်န္ခဲ့တဲ့ သီတင္းပတ္ကုန္ရက္ တိုက္ခိုက္မႈအတြင္း ေရနံခ်က္ စက္႐ုံ ၂ ႐ုံကို ဒ႐ုန္းယာဥ္နဲ႔ ဒုံးက်ည္ စုစုေပါင္း ၂၅ ခု နဲ႔ ပစ္ခတ္ခဲ့တယ္။ ပစ္ခတ္တဲ့အထဲမွာ အီရန္ ဒယ္လ္တာဝင္း ေမာင္းသူမဲ့ ေဝဟင္သုံး ယာဥ္ UAV နဲ႔ ယာအလီ ခ႐ုဇ္ဒုံးက်ည္တို႔ ပါတယ္လို႔  ေဆာ္ဒီ ကာကြယ္ေရး ဝန္ႀကီးဌာနနဲ႔ ယီမင္စစ္ဆင္ေရး အာရပ္ၫြန႔္ေပါင္းတပ္ရဲ႕ ေျပာခြင့္ရ က ေျပာပါတယ္။ ေဆာ္ဒီ ကာကြယ္ေရးဝန္ႀကီးဌာန ေျပာခြင့္ရ ဗိုလ္မႉးႀကီး တာကီ အယ္လ္မယ္ခိ က“တိုက္ခိုက္တဲ့ ဒ႐ုန္းယာဥ္က ယီမင္ကလာတယ္လို႔ ထင္ရေအာင္ အီရန္က အေကာင္းဆုံး အားထုတ္ခဲ့ေပမယ့္ ယီမင္ကေနလာတာ မဟုတ္ဘူး။ ေဒသတြင္းက ၾကားခံေတြနဲ႔ ပူးေပါင္းႀကံစည္ ေဆာင္႐ြက္ၿပီး ဇာတ္လမ္းတုကို ဖန္တီးခဲ့တယ္ဆိုတာ ရွင္းေနတယ္။ ဒုတိယအေနနဲ႔ တိုက္ခိုက္မႈက ေျမာက္ဘက္ကေနလာတာမို႔ အီရန္ကပံ့ပိုးထားတယ္ဆိုတာ ေမးခြန္းထုတ္စရာေတာင္ မလိုဘူး” လို႔ ေျပာပါတယ္။ ဒီဒုံးက်ည္ေတြကို အီရန္ေတာ္လွန္ေရး အေစာင့္တပ္က သုံးဖူးတယ္လို႔လည္း ေျပာပါတယ္။ အခု တိုက္ခိုက္မႈေၾကာင့္ ေဆာ္ဒီအာေရဗ် ေရနံထြက္ကုန္ တဝက္ထိ ေလ်ာ့က်ခဲ့ပါတယ္။ ဒ႐ုန္းယာဥ္နဲ႔ ဒုံးက်ည္ေတြ  ၂ မ်ိဳးလုံးဟာ ကမာၻ႔အႀကီးဆုံး ေရနံခ်က္ စက္႐ုံတည္ရွိရာ အဘ္ကြိဳက္ ၿမိဳ႕ကို ပစ္မွတ္ထားၿပီး ခ႐ုဇ္ဒုံးက်ည္ေတြကေတာ့ ခူ႐ိုင္းၿမိဳ႕ကို ပစ္မွတ္ထားခဲ့တယ္လို႔ မယ္လ္ခိက ေျပာပါတယ္။ ေဆာ္ဒီေခါင္းေဆာင္တဲ့ ၫြန႔္ေပါင္းတပ္နဲ႔ တိုက္ေနတဲ့ ယီမင္ႏိုင္ငံထဲက ဟူသီသူပုန္ေတြက ေရနံခ်က္စက္႐ုံေတြကို သူတို႔တိုက္တာလို႔ အခိုင္အမာ ေျပာခဲ့ၾကပါတယ္။ ဟူသီေတြက အီရန္အတြက္ ဖုံးကြယ္ေပးခ်င္လို႔ ဒီတိုက္ခိုက္မႈက ယီမင္ႏိုင္ငံထဲကေန လာတာ မဟုတ္ႏိုင္ဘူးလို႔လည္း မယ္လ္ခိက ေျပာခဲ့ပါတယ္။ အီရန္သမၼတ ဟတ္ဆန္ေရာင္ဟာနီကေတာ့ အီရန္ဟာ ေဒသတြင္း ပဋိပကၡမျဖစ္ခ်င္ဘူးလို႔ စက္တင္ဘာ ၁၈ ရက္မွာ ေျပာၿပီး အီရန္ကာကြယ္ေရးဝန္ႀကီး အာမီယာဟာတာမီကေတာ့ အာရမ္ကို ေရနံခ်က္စက္႐ုံ တိုက္ခိုက္မႈမွာ အီရန္အစိုးရက ပါဝင္ပတ္သက္မႈ မရွိဘူးလို႔ ေျပာခဲ့ပါတယ္။ အေမရိကန္နဲ႔ ေဆာ္ဒီေခါင္းေဆာင္တဲ့ ၫြန႔္ေပါင္းတပ္က ေဒသတြင္း ပဋိပကၡေတြျဖစ္ေအာင္ လုပ္ေနတာလို႔ ေရာင္ဟာနီက စြပ္စြဲ ခဲ့ပါတယ္။ ဓာတ္ပုံ- AFP

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up