တူရကီတွင် ဓာတုစက်ရုံအတွင်း မီးအကြီးအကျယ်လောင် ပေါက်ကွဲ

979
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ဓာတုစက်ရုံ ပရဝုဏ်မှာ မီးအကြီးအကျယ်လောင်အပြီး လောင်စာလှောင်ကန်တခု စက်တင်ဘာ ၁၈ ရက်က ပေါက်ကွဲခဲ့ပါတယ်။
လှောင်ကန်က အစိတ်အပိုင်းတွေ ကောင်းကင်မှာ ဝဲပျံပြုတ်ကျကုန်လို့ လူအတော်များများ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။
ပေါက်ကွဲမှုကြောင့် မီးသတ်သမား ၂ ယောက် ဒဏ်ရာရပြီး စက်ရုံက လူ ၇ ယောက်လည်း မီးကြောင့် အဆိပ်သင့်ခဲ့တယ်လို့ အစ္စတန်ဘူလ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
စက်ရုံဝင်း မီးလောင်အပြီး အသေးစားပေါက်ကွဲမှု အတော်များများ ဖြစ်ခဲ့တယ်လို့ တူရကီ အစိုးရပိုင် အနာဒိုလူ သတင်းဌာနက ထုတ်လွှင့်သွားပါတယ်။
မီးသတ်သမားတွေက မီးကိုထိန်းချုပ်ဖို့ ကြိုးစားနေတုန်း ပေါက်ကွဲခဲ့တာလို့လည်း အနာဒိုလူက ပြောပါတယ်။
ဓာတ်ပုံ- IHA
===============
တူရကီတြင္ ဓာတုစက္႐ုံအတြင္း မီးအႀကီးအက်ယ္ေလာင္ ေပါက္ကြဲ
DVB
တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕က ဓာတုစက္႐ုံ ပရဝုဏ္မွာ မီးအႀကီးအက်ယ္ေလာင္အၿပီး ေလာင္စာေလွာင္ကန္တခု စက္တင္ဘာ ၁၈ ရက္က ေပါက္ကြဲခဲ့ပါတယ္။
ေလွာင္ကန္က အစိတ္အပိုင္းေတြ ေကာင္းကင္မွာ ဝဲပ်ံျပဳတ္က်ကုန္လို႔ လူအေတာ္မ်ားမ်ား ထိတ္လန႔္တၾကား ထြက္ေျပးခဲ့ၾကပါတယ္။
ေပါက္ကြဲမႈေၾကာင့္ မီးသတ္သမား ၂ ေယာက္ ဒဏ္ရာရၿပီး စက္႐ုံက လူ ၇ ေယာက္လည္း မီးေၾကာင့္ အဆိပ္သင့္ခဲ့တယ္လို႔ အစၥတန္ဘူလ္ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။
စက္႐ုံဝင္း မီးေလာင္အၿပီး အေသးစားေပါက္ကြဲမႈ အေတာ္မ်ားမ်ား ျဖစ္ခဲ့တယ္လို႔ တူရကီ အစိုးရပိုင္ အနာဒိုလူ သတင္းဌာနက ထုတ္လႊင့္သြားပါတယ္။
မီးသတ္သမားေတြက မီးကိုထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတုန္း ေပါက္ကြဲခဲ့တာလို႔လည္း အနာဒိုလူက ေျပာပါတယ္။
ဓာတ္ပုံ- IHA