Home
မြန်မာသတင်း
ချင်းမိုင်ခရိုင်က တီထွင်ဆုရ နိုင်ငံမဲ့ကျောင်းသူ ၂ ဦး ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးသွားခွင့်ရ
နန်းမြနဒီ
·
September 19, 2019
70243899_10157655499429629_9060654155714002944_n
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်က နိုင်ငံမဲ့ ကျောင်းသူလေး နှစ်ဦးဟာ သဘာ၀ဝန်းကျင် ထိန်းသိမ်းရေး တီထွင်မှုဆုကို ရရှိခဲ့ပြီး ဆုအနေနဲ့ ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာခွင့်ရ ရှိမယ်လို့ MCOT ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ ကျောင်းသူလေး နှစ်ဦးမှာ ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ် မိုင်းန ကျေးရွာအုပ်စု အရုနိုထိုင်း အလယ်တန်းကျောင်းက နောင့်ယာယိ ရှယ့်ချီဆိုသူ တရုတ်-မြန်မာစပ် မိန်းကလေးနဲ့  ချင်းမိုင်ခရိုင် ဆမိုင်းမြို့နယ် ဘန့်ဘော် ကျောက် အလယ်တန်းကျောင်းက ရှမ်းရွှေ့ပြောင်းလုပ်သား မိန်းကလေး ခမ်းဖွန်းတိယ တို့ဖြစ်ပါတယ်။  အဆိုပါကျောင်းသူလေး နှစ်ဦးမှာ “အဖြူရောင်စာသင်ကျောင်း”အမည်ရှိ ပရောဂျက်က ကျင်းပတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ကမ္ဘာမြေထိန်းသိမ်းရေး ဆန်းသစ်တီထွင်ပြိုင်ပွဲမှာ အပင်တွေ တောမီးလောင်မှု အလွယ်တကူမခံရအောင် အလူမီနီယံနဲ့ လုပ်ထားတဲ့ ကိရိယာတီထွင်ခဲ့တာကြောင့် ဆုရခဲ့တာ ဖြစ်ပါတယ်။  ဆုအနေနဲ့ သူတို့ နှစ်ဦးဟာ လာမယ့် အောက်တိုဘာလ ၅ ရက်မှ ၉ ရက်နေ့အထိ ဂျပန်နိုင်ငံမှာ စွမ်းအင်ဆိုင်ရာ လေ့လာရေးခရီးစဉ်သွားခွင့်ရမှာ ဖြစ်ပါတယ်။  ဒါပေမယ့် နှစ်ဦးလုံးမှာ ထိုင်းနိုင်ငံသားမှတ်ပုံတင်မရှိတာကြောင့် နိုင်ငံကူးလက်မှတ်နဲ့ နိုင်ငံရပ်ခြား ခရီးသွားဖို့ အခက်အခဲတွေ ရှိခဲ့ပါတယ်။  အဆိုပါမိန်းကလေး နှစ်ဦး ဂျပန်နိုင်ငံသို့ သွားခွင့်ရရေးအတွက် အဖြူရောင်စာ သင်ကျောင်း ပရောဂျက် နည်းပြဆရာ နာ့ခလင်း နွဲ့ပုတ်နဲ့ မောင်ထောင်းဒီး (နိုင်ငံမဲ့ - စက္ကူပစ်ချန်ပီယံ)တို့က သက်ဆိုင်ရာ စာသင်ကျောင်းမှ ကျောင်းအုပ်ကြီး၊ ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူး၊ ပညာရေးမှူး စတဲ့ပုဂ္ဂိုလ်တွေဆီက ထောက်ခံစာတွေ သွားရောက်တောင်းခံပေးခဲ့ပါတယ်။ အဲဒီနောက် ပြည်ထဲရေးဝန်ကြီးဌာနထံမှာ နိုင်ငံခြားထွက်ခွင့်ရရေးအတွက် လျှောက်ထားပေး ခဲ့တာပါ။  စက်တင်ဘာလ ၁၈ ရက် ညနေ ၅ နာရီကျော်လောက်မှာတော့ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် နိုင်းချတ်ချိုင်း ဖရူမ်းလိုတ်က ကျောင်းသူလေး နှစ်ဦး ဂျပန်နိုင်ငံသို့ သွားခွင့်ရရေး အထူးနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် သဘောတူကြောင်း လက်မှတ်ရေးထိုးပေးလိုက်ပြီလို့ အကြောင်းကြားခဲ့ပါတယ်။  ဒါကြောင့် ဒီကနေ့ စက်တင်ဘာ ၁၉ ရက်က မောင်ထောင်းဒီးနဲ့ ဆရာ နာ့ခလင်းတို့ ၂ ဦးဟာ ဘန်ကောက်ပြည်ထဲရေးဌာနသို့ ရောက်ရှိနေပြီး လိုအပ်တဲ့စာရွက်စာတမ်း အထောက်အထားတွေ ဆောင်ရွက်နေတယ်လို့ MCOT သတင်းမှာ ဖော်ပြပါတယ်။ 
ခ်င္းမိုင္ခ႐ိုင္က တီထြင္ဆုရ ႏိုင္ငံမဲ့ေက်ာင္းသူ ၂ ဦး ဂ်ပန္ႏိုင္ငံသို႔ ေလ့လာေရးခရီးသြားခြင့္ရ နန္းျမနဒီ ထိုင္းေျမာက္ပိုင္း၊ ခ်င္းမိုင္ခ႐ိုင္က ႏိုင္ငံမဲ့ ေက်ာင္းသူေလး ႏွစ္ဦးဟာ သဘာ၀ဝန္းက်င္ ထိန္းသိမ္းေရး တီထြင္မႈဆုကို ရရွိခဲ့ၿပီး ဆုအေနနဲ႔ ဂ်ပန္ႏိုင္ငံသို႔ သြားေရာက္ေလ့လာခြင့္ရ ရွိမယ္လို႔ MCOT ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္။ အဆိုပါ ေက်ာင္းသူေလး ႏွစ္ဦးမွာ ခ်င္းမိုင္ခ႐ိုင္ ခ်င္းေဒါင္းၿမိဳ႕နယ္ မိုင္းန ေက်း႐ြာအုပ္စု အ႐ုႏိုထိုင္း အလယ္တန္းေက်ာင္းက ေနာင့္ယာယိ ရွယ့္ခ်ီဆိုသူ တ႐ုတ္-ျမန္မာစပ္ မိန္းကေလးနဲ႔ ခ်င္းမိုင္ခ႐ိုင္ ဆမိုင္းၿမိဳ႕နယ္ ဘန႔္ေဘာ္ ေက်ာက္ အလယ္တန္းေက်ာင္းက ရွမ္းေ႐ႊ႕ေျပာင္းလုပ္သား မိန္းကေလး ခမ္းဖြန္းတိယ တို႔ျဖစ္ပါတယ္။ အဆိုပါေက်ာင္းသူေလး ႏွစ္ဦးမွာ “အျဖဴေရာင္စာသင္ေက်ာင္း”အမည္ရွိ ပေရာဂ်က္က က်င္းပတဲ့ သဘာဝပတ္ဝန္းက်င္နဲ႔ ကမာၻေျမထိန္းသိမ္းေရး ဆန္းသစ္တီထြင္ၿပိဳင္ပြဲမွာ အပင္ေတြ ေတာမီးေလာင္မႈ အလြယ္တကူမခံရေအာင္ အလူမီနီယံနဲ႔ လုပ္ထားတဲ့ ကိရိယာတီထြင္ခဲ့တာေၾကာင့္ ဆုရခဲ့တာ ျဖစ္ပါတယ္။ ဆုအေနနဲ႔ သူတို႔ ႏွစ္ဦးဟာ လာမယ့္ ေအာက္တိုဘာလ ၅ ရက္မွ ၉ ရက္ေန႔အထိ ဂ်ပန္ႏိုင္ငံမွာ စြမ္းအင္ဆိုင္ရာ ေလ့လာေရးခရီးစဥ္သြားခြင့္ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ႏွစ္ဦးလုံးမွာ ထိုင္းႏိုင္ငံသားမွတ္ပုံတင္မရွိတာေၾကာင့္ ႏိုင္ငံကူးလက္မွတ္နဲ႔ ႏိုင္ငံရပ္ျခား ခရီးသြားဖို႔ အခက္အခဲေတြ ရွိခဲ့ပါတယ္။ အဆိုပါမိန္းကေလး ႏွစ္ဦး ဂ်ပန္ႏိုင္ငံသို႔ သြားခြင့္ရေရးအတြက္ အျဖဴေရာင္စာ သင္ေက်ာင္း ပေရာဂ်က္ နည္းျပဆရာ နာ့ခလင္း ႏြဲ႕ပုတ္နဲ႔ ေမာင္ေထာင္းဒီး (ႏိုင္ငံမဲ့ - စကၠဴပစ္ခ်န္ပီယံ)တို႔က သက္ဆိုင္ရာ စာသင္ေက်ာင္းမွ ေက်ာင္းအုပ္ႀကီး၊ ခ်င္းမိုင္ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး၊ ပညာေရးမႉး စတဲ့ပုဂၢိဳလ္ေတြဆီက ေထာက္ခံစာေတြ သြားေရာက္ေတာင္းခံေပးခဲ့ပါတယ္။ အဲဒီေနာက္ ျပည္ထဲေရးဝန္ႀကီးဌာနထံမွာ ႏိုင္ငံျခားထြက္ခြင့္ရေရးအတြက္ ေလွ်ာက္ထားေပး ခဲ့တာပါ။ စက္တင္ဘာလ ၁၈ ရက္ ညေန ၅ နာရီေက်ာ္ေလာက္မွာေတာ့ ျပည္ထဲေရးဝန္ႀကီးဌာန အတြင္းဝန္ ႏိုင္းခ်တ္ခ်ိဳင္း ဖ႐ူမ္းလိုတ္က ေက်ာင္းသူေလး ႏွစ္ဦး ဂ်ပန္ႏိုင္ငံသို႔ သြားခြင့္ရေရး အထူးႏိုင္ငံကူးလက္မွတ္ ထုတ္ေပးရန္ သေဘာတူေၾကာင္း လက္မွတ္ေရးထိုးေပးလိုက္ၿပီလို႔ အေၾကာင္းၾကားခဲ့ပါတယ္။ ဒါေၾကာင့္ ဒီကေန႔ စက္တင္ဘာ ၁၉ ရက္က ေမာင္ေထာင္းဒီးနဲ႔ ဆရာ နာ့ခလင္းတို႔ ၂ ဦးဟာ ဘန္ေကာက္ျပည္ထဲေရးဌာနသို႔ ေရာက္ရွိေနၿပီး လိုအပ္တဲ့စာ႐ြက္စာတမ္း အေထာက္အထားေတြ ေဆာင္႐ြက္ေနတယ္လို႔ MCOT သတင္းမွာ ေဖာ္ျပပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024