Home
မြန်မာသတင်း
ဘီပီအိုင်စက်ရုံမှူးကို  ရန်ကုန်တိုင်းတရားရုံးသို့ ပြောင်းလဲပို့ဆောင် စစ်ဆေးမည်
ဇေယျာချမ်းအေး
·
September 19, 2019
ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခံနေရတဲ့ ဆေးဝါးထုတ်လုပ်ရေးစက်ရုံ ဘီပီအိုင်စက်ရုံမှူးကို အောက်တိုဘာလဆန်းမှာ အင်းစိန်မြို့နယ်တရားရုံးကနေ ရန်ကုန်တိုင်းဒေသကြီး တရားရုံးကိုပြောင်းလဲပို့ဆောင် စစ်ဆေးဖို့ ရှိနေပါတယ်။ ဘီပီအိုင်စက်ရုံမှူး ဒေါက်တာအောင်ဇော်ကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၆ရက်နေ့မှာ စတင်ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၉ရက်နေ့မှာ စတင်ရုံးထုတ်စစ်ဆေးခဲ့တာပါ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုတိုင်ကြားတာ ရှိခဲ့တဲ့အတွက် ဒေါက်တာအောင်ဇော်ဟာ ထိန်းသိမ်းစစ်ဆေးခံနေရတာဖြစ်ပြီး ဒေါက်တာအောင်ဇော်ကိုစစ်ဆေးဖို့ ကော်မတီတစ်ရပ်ကိုလည်း ကော်မရှင်က ဖွဲ့စည်းထားပါတယ်။ စက်တင်ဘာ ၁၉ရက်မှာ ဒေါက်တာအောင်ဇော်ကို ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး အမှုကိုခိုင်မာအောင် အင်းစိန်မြို့နယ်တရားရုံးကတည်ဆောက်နေတာလို့ သူ့ရဲ့ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။ အောက်တိုဘာ ၂ရက်နေ့မှာတော့ မြို့နယ်တရားရုံးကနေ ရန်ကုန်တိုင်းဒေသကြီးတရားရုံးကို ပြောင်းလဲပို့ဆောင်စစ်ဆေးတော့မယ်လို့ ဒေါက်တာအောင်ဇော်ဘက်က လိုက်ပါဆောင်ရွက်သူ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။ ဒေါက်တာအောင်ဇော်ဟာ ငွေကြေးအတွက် အဂတိလိုက်စားတာမျိုးမဟုတ်ဘဲ လုပ်ငန်း ပုံမှန်လည်ပတ်တာ ရပ်ဆိုင်းမသွားအောင် ပြင်ပက ကော်စေ့တွေ ဝယ်ယူခဲ့တာသာဖြစ်တယ်လို့  သူ့ရဲ့ ဥပဒေ အကျိုးဆောင်တွေက ဆိုပါတယ်။ ဒီအဖြစ်အပျက်အတွက် ခိုင်လုံတဲ့ သက်သေအထောက်အထားတွေလည်း ဒေါက်တာအောင်ဇော့် ဆီမှာ ရှိနေပြီး တရားရုံးကို တင်ပြသွားမယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ် ဒေါက်တာအောင်ဇော်ဟာ သွေးကြောသွင်းဆေးရည်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ကော်စေ့ ၂၆တန်ကို လုပ်ထုံး လုပ်နည်းနဲ့မညီဘဲဝယ်ယူပြီး ငွေကြေးအရ အဂတိလိုက်စားမှုရှိခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်ဆီမှာ တိုင်ကြားတာခံခဲ့ရတာပါ။  တိုင်ကြားမှုကို ကော်မရှင်က စစ်ဆေးရာမှာ လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ ဝယ်ယူခဲ့တာကို တွေ့ရှိရတဲ့အတွက် ကော်မရှင်ဥပဒေ ပုဒ်မ ၅၆နဲ့သူ့ကို တရားစွဲဆိုခဲ့ပါတယ်။ အဲဒီပုဒ်မဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးထောင်ဒဏ် ၁၀နှစ်နဲ့ငွေဒဏ် နှစ်ရပ်ပေါင်းကို ချမှတ်နိုင်ပါတယ်။ ဒေါက်တာအောင်ဇော်ကတော့ သူဝယ်ယူထားတဲ့ ကော်စေ့ ၂၆တန်အတွက် အစိုးရငွေကို ရယူအသုံးပြုပေးချေထားခြင်းမရှိသေးသလို သူ့အတွက်လည်း ငွေကြေးလာဘ်လာဘ တစုံတရာရယူထား ခြင်းမရှိဘူးလို့ တရားရုံးကို တင်ပြထား ပါတယ်။ စက်ရုံဝန်ထမ်းတချို့ကလည်း  ဒေါက်တာအောင်ဇော်ဘက်က ရပ်တည်ကြပြီး အဂတိလိုက်စားတာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ 
ဘီပီအိုင္စက္႐ုံမႉးကို ရန္ကုန္တိုင္းတရား႐ုံးသို႔ ေျပာင္းလဲပို႔ေဆာင္ စစ္ေဆးမည္ ေဇယ်ာခ်မ္းေအး ဖမ္းဆီးထိန္းသိမ္း စစ္ေဆးခံေနရတဲ့ ေဆးဝါးထုတ္လုပ္ေရးစက္႐ုံ ဘီပီအိုင္စက္႐ုံမႉးကို ေအာက္တိုဘာလဆန္းမွာ အင္းစိန္ၿမိဳ႕နယ္တရား႐ုံးကေန ရန္ကုန္တိုင္းေဒသႀကီး တရား႐ုံးကိုေျပာင္းလဲပို႔ေဆာင္ စစ္ေဆးဖို႔ ရွိေနပါတယ္။ ဘီပီအိုင္စက္႐ုံမႉး ေဒါက္တာေအာင္ေဇာ္ကို ရဲတပ္ဖြဲ႕က စက္တင္ဘာ ၆ရက္ေန႔မွာ စတင္ဖမ္းဆီးခဲ့ၿပီး စက္တင္ဘာ ၉ရက္ေန႔မွာ စတင္႐ုံးထုတ္စစ္ေဆးခဲ့တာပါ။ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကိုတိုင္ၾကားတာ ရွိခဲ့တဲ့အတြက္ ေဒါက္တာေအာင္ေဇာ္ဟာ ထိန္းသိမ္းစစ္ေဆးခံေနရတာျဖစ္ၿပီး ေဒါက္တာေအာင္ေဇာ္ကိုစစ္ေဆးဖို႔ ေကာ္မတီတစ္ရပ္ကိုလည္း ေကာ္မရွင္က ဖြဲ႕စည္းထားပါတယ္။ စက္တင္ဘာ ၁၉ရက္မွာ ေဒါက္တာေအာင္ေဇာ္ကို ဒုတိယအႀကိမ္႐ုံးထုတ္ခဲ့ၿပီး အမႈကိုခိုင္မာေအာင္ အင္းစိန္ၿမိဳ႕နယ္တရား႐ုံးကတည္ေဆာက္ေနတာလို႔ သူ႔ရဲ႕ဥပေဒအႀကံေပး ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။ ေအာက္တိုဘာ ၂ရက္ေန႔မွာေတာ့ ၿမိဳ႕နယ္တရား႐ုံးကေန ရန္ကုန္တိုင္းေဒသႀကီးတရား႐ုံးကို ေျပာင္းလဲပို႔ေဆာင္စစ္ေဆးေတာ့မယ္လို႔ ေဒါက္တာေအာင္ေဇာ္ဘက္က လိုက္ပါေဆာင္႐ြက္သူ ဥပေဒအႀကံေပး ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။ ေဒါက္တာေအာင္ေဇာ္ဟာ ေငြေၾကးအတြက္ အဂတိလိုက္စားတာမ်ိဳးမဟုတ္ဘဲ လုပ္ငန္း ပုံမွန္လည္ပတ္တာ ရပ္ဆိုင္းမသြားေအာင္ ျပင္ပက ေကာ္ေစ့ေတြ ဝယ္ယူခဲ့တာသာျဖစ္တယ္လို႔ သူ႔ရဲ႕ ဥပေဒ အက်ိဳးေဆာင္ေတြက ဆိုပါတယ္။ ဒီအျဖစ္အပ်က္အတြက္ ခိုင္လုံတဲ့ သက္ေသအေထာက္အထားေတြလည္း ေဒါက္တာေအာင္ေဇာ့္ ဆီမွာ ရွိေနၿပီး တရား႐ုံးကို တင္ျပသြားမယ္လို႔ ဥပေဒအႀကံေပး ဦးခင္ေမာင္ျမင့္က ေျပာပါတယ္ ေဒါက္တာေအာင္ေဇာ္ဟာ ေသြးေၾကာသြင္းေဆးရည္ထုတ္လုပ္ရာမွာ အသုံးျပဳတဲ့ေကာ္ေစ့ ၂၆တန္ကို လုပ္ထုံး လုပ္နည္းနဲ႔မညီဘဲဝယ္ယူၿပီး ေငြေၾကးအရ အဂတိလိုက္စားမႈရွိခဲ့တယ္လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္ မရွင္ဆီမွာ တိုင္ၾကားတာခံခဲ့ရတာပါ။ တိုင္ၾကားမႈကို ေကာ္မရွင္က စစ္ေဆးရာမွာ လုပ္ထုံးလုပ္နည္းနဲ႔မညီဘဲ ဝယ္ယူခဲ့တာကို ေတြ႕ရွိရတဲ့အတြက္ ေကာ္မရွင္ဥပေဒ ပုဒ္မ ၅၆နဲ႔သူ႔ကို တရားစြဲဆိုခဲ့ပါတယ္။ အဲဒီပုဒ္မဟာ ျပစ္မႈထင္ရွားရင္ အျမင့္ဆုံးေထာင္ဒဏ္ ၁၀ႏွစ္နဲ႔ေငြဒဏ္ ႏွစ္ရပ္ေပါင္းကို ခ်မွတ္ႏိုင္ပါတယ္။ ေဒါက္တာေအာင္ေဇာ္ကေတာ့ သူဝယ္ယူထားတဲ့ ေကာ္ေစ့ ၂၆တန္အတြက္ အစိုးရေငြကို ရယူအသုံးျပဳေပးေခ်ထားျခင္းမရွိေသးသလို သူ႔အတြက္လည္း ေငြေၾကးလာဘ္လာဘ တစုံတရာရယူထား ျခင္းမရွိဘူးလို႔ တရား႐ုံးကို တင္ျပထား ပါတယ္။ စက္႐ုံဝန္ထမ္းတခ်ိဳ႕ကလည္း ေဒါက္တာေအာင္ေဇာ္ဘက္က ရပ္တည္ၾကၿပီး အဂတိလိုက္စားတာ မဟုတ္ဘူးလို႔ ဆိုၾကပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024