Homeမြန်မာသတင်း
လူငယ်များWY သုံးစွဲမှုပပျောက်ရေးလုပ်ဆောင်ရန်အစိုးရကို တိုက်တွန်းသည့်အဆို လွှတ်တော်တင်

အာကာ
·
September 19, 2019
ကလေးသူငယ်နဲ့ ကျောင်းသားအရွယ်လူငယ်တွေအကြား ပျံ့နှံ့နေတဲ့ WY စိတ်ကြွမူးယစ်ဆေးသုံးစွဲမှု ပပျောက်ရေး အစီအမံချမှတ်ဆောင်ရွက်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ကို တိုက်တွန်းတဲ့အဆို လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဒီကနေ့ စက်တင်ဘာ ၁၉ ရက်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက အဆိုတင်သွင်းခဲ့တာပါ။
WY စိတ်ကြွမူးယစ်ဆေးဝါးဟာ ကလေးသူငယ်နဲ့ကျောင်းသားအရွယ် လူငယ်တွေကြားပျံ့နှံ့ နေတဲ့အတွက် အစိုးရက ဥပဒေတရပ် ဒါမှမဟုတ် အစီအမံတရပ်ရပ် ချမှတ်ဆောင်ရွက်ပေးဖို့ အဆိုရှင်က တိုက်တွန်းပါတယ်။
မြန်မာပြည်တွင်းမှာ WY စိတ်ကြွမူးယစ်ဆေးဝါးရဲ့ ဈေးနှုန်းဟာ သက်သာပြီး ဝယ်ယူရ လွယ်ကူလာတဲ့အတွက် ကျောင်းတွေကို ပြန့်နှံ့လာပြီလို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဋ္ဌေးက အဆိုကို ထောက်ခံ ဆွေးနွေးပါတယ်။
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို နိုင်ငံတော်အဆင့်နဲ့ တိုင်းဒေသကြီးပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်အဆင့်တွေအထိ ဖွဲ့စည်းထားပြီး မူးယစ်ဆေးဝါး နှိမ်နင်းရေးတွေကို ဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နယ်စပ်ရေးနှင့်လုံခြုံရေးဝန်ကြီး က ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ တင်သွင်းတဲ့ အဆိုကို သဘောတူညီတယ်လို့လည်း သဘောထားမှတ်ချက် ပေးပါတယ်။ အဆိုကို လွှတ်တော်မှာ ဆွေးနွေးဖို့ သင့်မသင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲများတဲ့ အတွက် လွှတ်တော်မှာ ဆက်လက်ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
လူငယ္မ်ားWY သုံးစြဲမႈပေပ်ာက္ေရးလုပ္ေဆာင္ရန္အစိုးရကို တိုက္တြန္းသည့္အဆို လႊတ္ေတာ္တင္ အာကာ ကေလးသူငယ္နဲ႔ ေက်ာင္းသားအ႐ြယ္လူငယ္ေတြအၾကား ျပန္႔ႏွံ႔ေနတဲ့ WY စိတ္ႂကြမူးယစ္ေဆးသုံးစြဲမႈ ပေပ်ာက္ေရး အစီအမံခ်မွတ္ေဆာင္႐ြက္ဖို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရ ကို တိုက္တြန္းတဲ့အဆို လႊတ္ေတာ္မွာ တင္သြင္းလိုက္ပါတယ္။ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္မွာ ဒီကေန႔ စက္တင္ဘာ ၁၉ ရက္က တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီက အဆိုတင္သြင္းခဲ့တာပါ။ WY စိတ္ႂကြမူးယစ္ေဆးဝါးဟာ ကေလးသူငယ္နဲ႔ေက်ာင္းသားအ႐ြယ္ လူငယ္ေတြၾကားပ်ံ႕ႏွံ႔ ေနတဲ့အတြက္ အစိုးရက ဥပေဒတရပ္ ဒါမွမဟုတ္ အစီအမံတရပ္ရပ္ ခ်မွတ္ေဆာင္႐ြက္ေပးဖို႔ အဆိုရွင္က တိုက္တြန္းပါတယ္။ ျမန္မာျပည္တြင္းမွာ WY စိတ္ႂကြမူးယစ္ေဆးဝါးရဲ႕ ေဈးႏႈန္းဟာ သက္သာၿပီး ဝယ္ယူရ လြယ္ကူလာတဲ့အတြက္ ေက်ာင္းေတြကို ျပန္႔ႏွံ႔လာၿပီလို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလွေ႒းက အဆိုကို ေထာက္ခံ ေဆြးေႏြးပါတယ္။ ျမန္မာႏိုင္ငံမွာ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ား အႏၲရာယ္ တားဆီးကာကြယ္ေရး ဗဟိုအဖြဲ႕ကို ႏိုင္ငံေတာ္အဆင့္နဲ႔ တိုင္းေဒသႀကီးျပည္နယ္၊ ၿမိဳ႕နယ္၊ ရပ္ကြက္အဆင့္ေတြအထိ ဖြဲ႕စည္းထားၿပီး မူးယစ္ေဆးဝါး ႏွိမ္နင္းေရးေတြကို ေဆာင္႐ြက္ေနတယ္လို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ နယ္စပ္ေရးႏွင့္လုံၿခဳံေရးဝန္ႀကီး က ေျပာပါတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီ တင္သြင္းတဲ့ အဆိုကို သေဘာတူညီတယ္လို႔လည္း သေဘာထားမွတ္ခ်က္ ေပးပါတယ္။ အဆိုကို လႊတ္ေတာ္မွာ ေဆြးေႏြးဖို႔ သင့္မသင့္ မဲခြဲဆုံးျဖတ္ရာ ေထာက္ခံမဲမ်ားတဲ့ အတြက္ လႊတ္ေတာ္မွာ ဆက္လက္ေဆြးေႏြးသြားဖို႔ ရွိေနပါတယ္။