Home
မြန်မာသတင်း
တပ်မတော် စစ်ကြောင်းက အရပ်သား ၃ ဦးကို ပေါ်တာဆွဲ 
DVB
·
September 19, 2019
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ တံခွန်တိုင်ကျေးရွာကဒေသခံ ၃ ယောက်ကို တပ်မတော် စစ်ကြောင်းက အထုပ်အပိုးတွေထမ်းဖို့  ပေါ်တာဆွဲခေါ်တာ ခံခဲ့ရတယ်လို့ ကာယကံရှင်တွေက ဒီဗွီဘီကိုပြောပါတယ်။ စက်တင်ဘာ ၁၇ ရက် မနက်က တပ်မတော်စစ်ကြောင်း နှစ်ခုက တံခွန်တိုင်ကျေးရွာအရှေ့ဘက်မှာရှိတဲ့ ကုလားမတောင် ကျေးရွာဘက်ကို သွားရောက်စဉ်မှာ ကျေးရွာအနားက မြက်ရိတ်နေသူတဦးနဲ့ လယ်ယာကမြေဆီကြဲလို့ပြန်လာသူ တဦးကို ခေါ်ဆောင် သွားတာပါ။ ပေါ်တာဆွဲခေါ်ခံခဲ့ရတဲ့ ကာယကံရှင် တဦးက “ရွာအနားမှာ ကျနော် မြက်ရိတ်နေတယ်။ အဲ့ဒါကို ကျနော့်ကိုမြင်တော့ လှမ်းခေါ်တယ်။ ပြီးတော့ မြေဆီကြဲလို့ပြန်လာတဲ့ တယောက်ကို လည်းလှမ်းခေါ်တယ်။ ကုလားမတောင်လာတဲ့ ကျနော်ရွာသားတယောက်ကိုလည်း လှမ်းခေါ်ပြီးတော့ စစ်သားတွေမှာပါလာတဲ့ ခြင်းအထုပ်ကြီးတွေ၊ ၁၀၀ လောက်ရှိမယ်။ အဲ့ဒါတွေကို ကုလားမတောင်ချောင်ဘက်ကို ထမ်းခိုင်တယ်။ မင်းတို့ ထွက်ပြေးရင်းအကုန် ပစ်သတ်မယ်လို့ပြောတယ်။ အဲ့ဒီအထုပ်တွေ တော်တော်ကိုလေးတယ် ထမ်းရတာ၊ တံခွန်တိုင်း ရွာသား လူကြီးတဦးကတော့ တပ်မတော်စစ်ကြောင်းဟာ တံခွန်တိုင်ရွာမှာ တရက်ရပ်နားပြီး မနက်ပိုင်းမှာ ကုလားမတောင် ကျေးရွာကိုသွားတဲ့အချိန် အခုလိုကျေးရွာသားသုံးဦးကို ပေါ်တာဆွဲခေါ်ခဲ့တာ”လို့ ပြောပါတယ်။ ပေါ်တာဆွဲခံခဲ့ရတဲ့ ရွာသားတွေ အခုတော့ ရွာကို ပြန်ရောက်နေပြီဖြစ်တယ်လို့   ကျေးရွာသားတဦးက ပြောပါတယ်။ “မနက်ပိုင်း ၇ နာရီကျော်လောက်ခေါ်သွားတာ ၁၁ နာရီလောက်ပြန်ရောက်လာတယ်။ တစုံတရာ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ ပေါ်တာ ဆွဲခေါ်ခံခဲ့ရတဲ့သူတွေကတော့ ကျနော်ရွာက တောင်သူတွေပါ။ စစ်ကြောင်းဘုန်းကြီးကျောင်းတဖွဲ့၊ ရွာကနားက သိမ်းတောင်းတဖွဲ့နဲ့ နတ်တောင်မှာတဖွဲ့ခွဲပြီးတော့ ကျနော်ရွာကမှာတညအိပ်ခဲ့တယ်။ စစ်ကြောင်းတွေကမရှိတော့ဘူး။ ကုလားမတောင်ဘက်ကိုသွားပြီ၊  တပ်မတော်စစ်ကြောင်း နှစ်ခုဖြစ်တဲ့ တပ်မ ၅၅ နဲ့ တပ်ရင်း ၅၄၁ တို့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ တံခွန်တိုင်းကျေးရွာကို ရောက်ရှိလာတာဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်က အဲ့ဒီ ကျေးရွာရွာအနီးမှာ တည်ရှိတဲ့ ကုလားမတောင်ကျေးရွာကို ထွက်သွားတာဖြစ်တယ်”လို့ ပြောဆိုပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကတော့ အခုလိုအရပ်သားတွေကိ‌ုပေါ်တာဆွဲခေါ်တာ ၁၉၉၀ နောက်ပိုင်းမှာ မရှိတော့ဘူးလို့ ပြောဆိုပါတယ်။ “မခေါ်ပါဘူး။ မခေါ်ဘူး၊ အဲ့လို့မခေါ်တာကြာပြီ၊ ကျနော်တို့ ၁၉၉၀ နောက်ပိုင်းမှာကျနော်တို့ လုံးဝ မခေါ်တော့ဘူး။ ခေါ်ဖို့နေနေသာသာ လိုက်ကို မလိုက်ဘူး။ ကျနော်တို့ ပိုက်ဆံပေးတာ တောင်သူတွေက မလိုက်ဘူး” လို့ပြောပါတယ်။ တပ်မတော်က တပ်မ ၅၅ နဲ့ တပ်မ ၅၄၁ တို့က တံခွန်တိုင်ရွာမှာ တညနားပြီးတော့မှ ကုလားမတောင်ကျေးရွာကို ခရီးဆက်ကြတာဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောဆိုပါတယ်။ ပေါ်တာခေါ်ခံခဲ့ရတဲ့ တံခွန်တိုင်ရွာသား သုံးဦးကတော့ ဦးအေးသာ ၅၄ နှစ်၊ ဦးမောင်လှအောင် ၆၅ နှစ်နဲ့ ကိုညီညီအောင် ၃၀ နှစ်ဖြစ်ကြတယ်လို့ ကာယကံရှင်တွေက ပြောဆိုပါတယ်။ မကြာသေးခင်က မင်းပြားမြို့နယ်၊ ဇိုင်းချောင်းရွာနဲ့ ကုလားမတောင်ကျေးရွာ အကြား တောင်တန်းတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်အေအေတို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွား ခဲ့ကြပြီး ဒေသခံတွေကလည်း မင်းပြားမြို့ထက်နဲ့ သေကမ်းကျေးရွာဘုန်းကြီးကျောင်း‌ကို အိုးအိမ် စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ ဝဏ္ဏခွာညို
တပ္မေတာ္ စစ္ေၾကာင္းက အရပ္သား ၃ ဦးကို ေပၚတာဆြဲ ဝဏၰခြာညိဳ ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ တံခြန္တိုင္ေက်း႐ြာကေဒသခံ ၃ ေယာက္ကို တပ္မေတာ္ စစ္ေၾကာင္းက အထုပ္အပိုးေတြထမ္းဖို႔ ေပၚတာဆြဲေခၚတာ ခံခဲ့ရတယ္လို႔ ကာယကံရွင္ေတြက ဒီဗြီဘီကိုေျပာပါတယ္။ စက္တင္ဘာ ၁၇ ရက္ မနက္က တပ္မေတာ္စစ္ေၾကာင္း ႏွစ္ခုက တံခြန္တိုင္ေက်း႐ြာအေရွ႕ဘက္မွာရွိတဲ့ ကုလားမေတာင္ ေက်း႐ြာဘက္ကို သြားေရာက္စဥ္မွာ ေက်း႐ြာအနားက ျမက္ရိတ္ေနသူတဦးနဲ႔ လယ္ယာကေျမဆီႀကဲလို႔ျပန္လာသူ တဦးကို ေခၚေဆာင္ သြားတာပါ။ ေပၚတာဆြဲေခၚခံခဲ့ရတဲ့ ကာယကံရွင္ တဦးက “႐ြာအနားမွာ က်ေနာ္ ျမက္ရိတ္ေနတယ္။ အဲ့ဒါကို က်ေနာ့္ကိုျမင္ေတာ့ လွမ္းေခၚတယ္။ ၿပီးေတာ့ ေျမဆီႀကဲလို႔ျပန္လာတဲ့ တေယာက္ကို လည္းလွမ္းေခၚတယ္။ ကုလားမေတာင္လာတဲ့ က်ေနာ္႐ြာသားတေယာက္ကိုလည္း လွမ္းေခၚၿပီးေတာ့ စစ္သားေတြမွာပါလာတဲ့ ျခင္းအထုပ္ႀကီးေတြ၊ ၁၀၀ ေလာက္ရွိမယ္။ အဲ့ဒါေတြကို ကုလားမေတာင္ေခ်ာင္ဘက္ကို ထမ္းခိုင္တယ္။ မင္းတို႔ ထြက္ေျပးရင္းအကုန္ ပစ္သတ္မယ္လို႔ေျပာတယ္။ အဲ့ဒီအထုပ္ေတြ ေတာ္ေတာ္ကိုေလးတယ္ ထမ္းရတာ၊ တံခြန္တိုင္း ႐ြာသား လူႀကီးတဦးကေတာ့ တပ္မေတာ္စစ္ေၾကာင္းဟာ တံခြန္တိုင္႐ြာမွာ တရက္ရပ္နားၿပီး မနက္ပိုင္းမွာ ကုလားမေတာင္ ေက်း႐ြာကိုသြားတဲ့အခ်ိန္ အခုလိုေက်း႐ြာသားသုံးဦးကို ေပၚတာဆြဲေခၚခဲ့တာ”လို႔ ေျပာပါတယ္။ ေပၚတာဆြဲခံခဲ့ရတဲ့ ႐ြာသားေတြ အခုေတာ့ ႐ြာကို ျပန္ေရာက္ေနၿပီျဖစ္တယ္လို႔ ေက်း႐ြာသားတဦးက ေျပာပါတယ္။ “မနက္ပိုင္း ၇ နာရီေက်ာ္ေလာက္ေခၚသြားတာ ၁၁ နာရီေလာက္ျပန္ေရာက္လာတယ္။ တစုံတရာ ထိခိုက္ဒဏ္ရာရတာေတာ့ မရွိဘူး။ ေပၚတာ ဆြဲေခၚခံခဲ့ရတဲ့သူေတြကေတာ့ က်ေနာ္႐ြာက ေတာင္သူေတြပါ။ စစ္ေၾကာင္းဘုန္းႀကီးေက်ာင္းတဖြဲ႕၊ ႐ြာကနားက သိမ္းေတာင္းတဖြဲ႕နဲ႔ နတ္ေတာင္မွာတဖြဲ႕ခြဲၿပီးေတာ့ က်ေနာ္႐ြာကမွာတညအိပ္ခဲ့တယ္။ စစ္ေၾကာင္းေတြကမရွိေတာ့ဘူး။ ကုလားမေတာင္ဘက္ကိုသြားၿပီ၊ တပ္မေတာ္စစ္ေၾကာင္း ႏွစ္ခုျဖစ္တဲ့ တပ္မ ၅၅ နဲ႔ တပ္ရင္း၅၄၁ တို႔ စက္တင္ဘာလ ၁၆ ရက္ေန႔မွာ တံခြန္တိုင္းေက်း႐ြာကို ေရာက္ရွိလာတာျဖစ္ၿပီး စက္တင္ဘာ ၁၇ ရက္က အဲ့ဒီ ေက်း႐ြာ႐ြာအနီးမွာ တည္ရွိတဲ့ ကုလားမေတာင္ေက်း႐ြာကို ထြက္သြားတာျဖစ္တယ္”လို႔ ေျပာဆိုပါတယ္။ အခုကိစၥနဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာခ်ဳပ္တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦး ကေတာ့ အခုလိုအရပ္သားေတြကိ‌ုေပၚတာဆြဲေခၚတာ ၁၉၉၀ ေနာက္ပိုင္းမွာ မရွိေတာ့ဘူးလို႔ ေျပာဆိုပါတယ္။ “မေခၚပါဘူး။ မေခၚဘူး၊ အဲ့လို႔မေခၚတာၾကာၿပီ၊ က်ေနာ္တို႔ ၁၉၉၀ ေနာက္ပိုင္းမွာက်ေနာ္တို႔ လုံးဝ မေခၚေတာ့ဘူး။ ေခၚဖို႔ေနေနသာသာ လိုက္ကို မလိုက္ဘူး။ က်ေနာ္တို႔ ပိုက္ဆံေပးတာ ေတာင္သူေတြက မလိုက္ဘူး” လို႔ေျပာပါတယ္။ တပ္မေတာ္က တပ္မ ၅၅ နဲ႔ တပ္မ ၅၄၁ တို႔က တံခြန္တိုင္႐ြာမွာ တညနားၿပီးေတာ့မွ ကုလားမေတာင္ေက်း႐ြာကို ခရီးဆက္ၾကတာျဖစ္တယ္လို႔ ေက်း႐ြာသားေတြက ေျပာဆိုပါတယ္။ ေပၚတာေခၚခံခဲ့ရတဲ့ တံခြန္တိုင္႐ြာသား သုံးဦးကေတာ့ ဦးေအးသာ ၅၄ ႏွစ္၊ ဦးေမာင္လွေအာင္ ၆၅ ႏွစ္နဲ႔ ကိုညီညီေအာင္ ၃၀ ႏွစ္ျဖစ္ၾကတယ္လို႔ ကာယကံရွင္ေတြက ေျပာဆိုပါတယ္။ မၾကာေသးခင္က မင္းျပားၿမိဳ႕နယ္၊ ဇိုင္းေခ်ာင္း႐ြာနဲ႔ ကုလားမေတာင္ေက်း႐ြာ အၾကား ေတာင္တန္းေတြမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေအေအတို႔ တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ျဖစ္ပြား ခဲ့ၾကၿပီး ေဒသခံေတြကလည္း မင္းျပားၿမိဳ႕ထက္နဲ႔ ေသကမ္းေက်း႐ြာဘုန္းႀကီးေက်ာင္း‌ကို အိုးအိမ္ စြန႔္ခြာထြက္ေျပးခဲ့ရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024